(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🌺အခန်း(၁၀)
🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺
"ချစ်ပန်းဝေရေ...ထမင်းတွေ၊ဟင်းတွေ
ချက်ပြီးပြီလား.."
"ပြီးပြီဒေါ်ကြီးရဲ့ ဘာခိုင်းစရာရှိလို့လဲ.."
"အေး..ချက်ပြီးပြီဆိုရင် ဒီမနက်မြို့ကိုတက်ပြီး
ငါ့အတွက် ဆေး၀ယ်ခဲ့ပေးစမ်းပါ..
ငါဆေးညွှန်းပေးလိုက်မယ်.."
မနက်လေးနာရီထိုးတည်းက
ကျောင်းသားတွေအတွက် ထမင်းချိုင့်ပြင်ပေးရ၊
အိမ်အတွက် ချက်ပြုတ်ရနှင့်
အခုရှစ်နာရီခွဲမှ နားမယ်ကြံတုန်း
နောက်အလုပ်တစ်ခုက ပေါ်လာပြန်ပြီ။
ဒါပေမဲ့လည်း ကိုယ့်မိဘမဟုတ်တော့
ပြန်၍ ဆင်ခြေမပေးရဲပေ။
"သွားတာကရပါတယ်..ဒါပေမဲ့
လေးလေးတင်မောင်က ပြန်မလာသေးတော့
ဘာနဲ့သွားရမှာလဲ ဒေါ်ကြီးရဲ့.."
"အဲ့ဒါကကိစ္စမရှိဘူး..ရွာထိပ်ကချမ်းအေးလည်း
မြို့သွားမယ်လို့ ပြောသံကြားတယ်..
အဲ့ဒါသူ့ဆိုင်ကယ်နဲ့ လိုက်သွားပေါ့.."
"ဟင်..ချမ်းအေးကဆိုင်ကယ်စီးတက်လို့လား.."
"မနက်က ချမ်းအေးရဲ့အမေ တို့အိမ်ရှေ့က
ဖြတ်သွားလို့ မေးကြည့်လိုက်တာတော့
ဧည့်သည်နှစ်ယောက်က ဆိုင်ကယ်ငှားလို့တဲ့
ငှားတဲ့လူတွေက ဆိုင်ကယ်စီးတတ်တယ်
ဆိုလားပဲ..ချမ်းအေးရဲ့အဖေနဲ့အစ်ကိုက
လယ်ထဲမှာ စပါး၀ယ်သူနဲ့ချိတ်ထားလို့
ချမ်းအေးကို လွှတ်လိုက်ရမှာတဲ့..
ညည်းလိုက်ရင်..အတော်ပဲဖြစ်သွားတာပေါ့..
ညည်းက ချမ်းအေးကိုတင်ခေါ်လိုက်ပေါ့..
ကယ်ရီခလည်း ပေးစရာမလိုတော့ဘူး.."
ကယ်ရီခ မပေးရဘူးဆိုသည်နှင့်ဒေါ်ကြီးတို့များ
မျက်နှာကို ၀င်း၀င်းတောက်နေတာပဲ။
ချစ်ပန်းဝေကတော့ သူများကယ်ရီနှင့်
လုံး၀မလိုက်ချင်ပေ။
"ဧည့်သည်တွေက ယောက်ျားလေးတွေလား
ဒေါ်ကြီး.."
"ယောက်ျားလေးတွေလည်း ဘာဖြစ်လဲအေ..
ညည်းကိုဘယ်သူက ကိုက်စားမှာမှတ်လို့
ကြံဖန်တွေးပြီး ပူနေပြန်ပြီ..
ဒီမှာ..ငါ့အတွက်ဆေးရယ်..ညည်းဦးလေးအတွက်
ဦးသာရင်လိမ်းဆေးရယ်..၀ယ်လာခဲ့..
ပြီးရင် ဆီသုံးပိဿာရယ်..
ကြက်သွန်နီငါးဆယ်သားရယ်..
ဆန်းဒေးကော်ဖီမစ်ထုပ်ရယ်..
အော်..ခုမှ၀ယ်စရာတွေကများလာပြီ..
နေအုံး..ငါစာရွက်နဲ့ရေးပြီး
ပိုက်ဆံတွက်ထားလိုက်မယ်..ညည်းအဆင်သင့်
လုပ်ပြီးတာနဲ့ ငါ့အခန်းထဲမှာ လာယူလိုက်.."
"ဟုတ်ကဲ့ပါ..ဒေါ်ကြီး.."
နှဖူးပေါ်မှ စိုစွတ်နေသည့်ချွေးစများကို
အမြန်သုတ်ကာ ရေနွေးအိုးတည်ထားတာကို
ချလိုက်ပြီး ဓာတ်ဗူးထဲသို့လှယ်ထည့်လိုက်သည်။
ထို့နောက် မီးငြိမ်းနေပြီဖြစ်သည့်
ထင်းချောင်းများကို ရေနှင့်အနည်းငယ်
တောက်၍ မီးသတ်လိုက်ပြီး ရေမိုးချိုးရန်
ပြင်ရလေတော့သည်။
ရှေ့တစ်ခေါက် မြို့တက်တုန်းက
သနပ်ခါးထူထူကြီးတွေလိမ်းပြီး
အိင်္ကျီပွပွကြီးတွေ၀တ်ခဲ့လို့ အသက်ကြီးကြီး
အဒေါ်ကြီးဟု အထင်မှားခံခဲ့ရ၍
ယခုတစ်ခေါက်တော့ ပြင်ဆင်သွားရမည်ဟု
တွေးလိုက်မိသည်။
🌺🌺🌺🌺🌺🌺🌺🌺
"ငါ့ညီ..မြို့ကိုအတူလိုက်မဲ့ နောက်တစ်ယောက်က
လာအုံးမှာလားကွာ..ကိုးနာရီပဲထိုးတော့မယ်.."
"လာမှပါဗျ..သူ့အဒေါ်က ကျွန်တော့်အမေကို
ပြောထားလို့ပါ ခဏလေးပဲစောင့်ပေးပါ
အစ်ကိုရာ.."
ချမ်းအေးက တောင်းပန်နေပေမဲ့
ရှိုင်းအနေနဲ့ သိပ်စိတ်မရှည်တော့ပေ။
မြို့ထဲကို အလည်သွားရင်းနှင့် ဓနုဖြူမြို့မှာရှိသည့်
အဒေါ်တို့အိမ်ကို အလည်၀င်မည်ဟု
တွေးထားမိ၍ စောစောသွားမှရလိမ့်မည်။
"ငါ့ညီ..အစ်ကိုတို့က မင်းကိုတန်ရာတန်ကြေး
ပေးပြီး ဆိုင်ကယ်ငှားထားတာလေကွာ..
အခုနေသာတုန်းသွားမှပေါ့..မဟုတ်ရင်
မိုးမိကုန်လိမ့်မယ်..နောက်ထပ်လိုက်မဲ့
ဧည့်သည်ကရော ကယ်ရီခဘယ်လောက်
ပေးထားလို့လဲ..အစ်ကိုအဲ့ထက်ပိုပေးမယ်ကွာ
လုံး၀မစောင့်နိုင်တော့ဘူး.."
"ဟေ့ကောင်ရှိုင်း..အဲ့လိုမပြောရဘူးလေ.."
ရှိုင်းက မထင်မှတ်ပဲငွေစကားထပြောလိုက်၍
ထက်ယံလည်း အတင်းလိုက်ပိတ်ရလေသည်။
ရှိုင်းကိုလည်း ခပ်တိုးတိုးသတိပေးရသည်။
"ငွေစကားမပြောနဲ့ကွ..ကယ်ရီခကို
အများကြီးမယူပဲ စေတနာနဲ့ကူညီပေးတာက
မင်းအမေမျက်နှာနဲ့ဆိုတာလည်း သတိရအုံး.."
"ဒီမှာထက်ယံ အရာရာတိုင်းကို အားနာနေရင်
လိုရာခရီးကို မင်းတော်တော်နဲ့ရောက်မှာ
မဟုတ်တော့ဘူး.."
"မင်းကကွာ..ပြောရဆိုရခက်လိုက်တာ..
အချိန်တန်ရင်ရောက်မှာပေါ့.."
ခရီးကြန့်ကြာနေ၍ ကယ်ရီငှားသည့်အစ်ကိုတွေ
စိတ်တိုနေလေရာ ချမ်းအေးလည်း
ချစ်ပန်းဝေကိုသာ ကြိမ်ဆဲရင်းရွာလမ်းကို
လှမ်းငေးကြည့်နေရလေသည်။
*ချစ်ပန်းဝေ..ချစ်ပန်းဝေ..ဒင်းလုပ်တာနဲ့
ငါ့ကိုဝိုင်းထိုးကြတော့မှာပဲ..."
၉နာရီထိုးပြီး ငါးမိနစ်တောင်စွန်းနေပြီဖြစ်၍
ချမ်းအေးလည်း ချစ်ပန်းဝေတို့အိမ်အထိ
သွားခေါ်မည်ဟုတွေးကာ နေရာမှရွှေ့ရန်
ပြင်လိုက်စဉ် ရွာလမ်းမအတိုင်း
တရွေ့ရွေ့လာနေသော ပန်းရောင်အရိပ်ကလေးကို
တွေ့လိုက်ရလေသည်။
"ဟာ..အစ်ကိုတို့..ဟိုမှာကျွန်တော့သူငယ်ချင်း
ချစ်ပန်းဝေလာနေပြီ..ကျွန်တော်တို့နဲ့အတူလိုက်မှာ
သူလေ.."
ချစ်ပန်းဝေဆိုသည့် နာမည်ကိုကြားလိုက်သည်နှင့်
ထက်ယံရော၊ရှိုင်းပါ ပြိုင်တူလှည့်ကြည့်လိုက်
မိကြလေသည်။
ပန်းရောင် ၀မ်းဆက်လေးကို၀တ်ထားသော
ကောင်မလေးသည် တဖြည်းဖြည်း
သူတို့ရပ်နေရာနှင့် ပိုမိုနီးကပ်လာလေရာ
ကောင်မလေး၏ ရှုမငြီးသည့်အလှကို
သူတို့အားလုံး ခံစားလိုက်ရသည်။
"ငါ့ချစ်ချစ်လေးက လှလိုက်တာကွာ.."
ရှိုင်း၏ပခုံးကို တိုက်၍ပြောလိုက်သော
ထက်ယံကြောင့် ရှိုင်းတစ်ယောက်
စိတ်အလိုမကျစွာ မျက်မှောင်ကြုံ့သွားလေသည်။
"ငါ့အတွက်တော့ ဒီနေ့ကရက်ရာဇာပဲရှိုင်းရေ..
ချစ်ချစ်လေးနဲ့ နီးစပ်ဖို့ကံပါလာပြီထင်ပါရဲ့.."
For Me, [8/10/2025 6:11 PM]
ထက်ယံ၏စကားအဆုံးမှာ ရှိုင်းသည်
သူကိုယ်တိုင်တောင် မသိလိုက်ပဲ
လက်သီးတွေကို ခပ်တင်းတင်း
ဆုပ်လိုက်မိလေသည်။
တိုစိပ်စိပ်သူ့လက်သည်းတွေက သူ့လက်ဖဝါးထဲကို
ဆိုက်၀င်တော့မတတ်ပါပဲ။
စိတ်အလိုမကျစွာ သူတို့အနားသို့ရောက်လာပြီး
ပြုံးပြလာသော ကောင်မလေးကိုမျက်မှောင်ကြုံ့၍
ကြည့်လိုက်မိလေသည်။
ဓနုဖြူမြို့လေး တစ်ခါသွားမှာကို ပန်းရောင်
၀မ်းဆက်ကြီးနဲ့ ပြင်လာဆင်လာလိုက်တာများ
နှုတ်ခမ်းနီတွေပါ ဆိုးလာလိုက်သေးတယ်။
ဟိုတစ်ခါကတော့ အဒေါ်ကြီးပုံစံ
၀တ်စားထားပြီး ဒီနေ့ကြမှဘာလို့ ဒီပုံစံလဲ။
မဟုတ်မှလွဲရော ချမ်းမင်းကို
ကြိုက်နေလို့များလား။
"အော်..မြို့သွားမဲ့ဧည့်သည်တွေဆိုတာ
အစ်ကိုတို့လား.."
"ဟုတ်တယ်ညီမရဲ့..တိုက်ဆိုင်လိုက်တာနော်..."
ချစ်ချစ်က ရှိုင်း၏မျက်နှာလေးကို
တစ်ချက်ခိုးကြည့်ပြီး မေးလိုက်ပေမဲ့
ပြန်ဖြေလာသူကတော့ ရှိုင်း၏မန်နေဂျာ
ကိုထက်ယံဖြစ်နေလေသည်။
ရှိုင်းကတော့ ချစ်ချစ်သူ့ကိုကြည့်လိုက်တာ
မြင်သည်နှင့် မျက်နှာလွှဲသွားတော့သည်။
မနေ့ညကတင် ချစ်ချစ်တို့နှစ်ယောက်
စကားတွေအများကြီး ပြောခဲ့ကြပေမဲ့
အခုတော့ တစ်ခါမှမမြင်ဖူးတဲ့
သူစိမ်းတွေလိုပါပဲလား။
ရှိုင်းက တကယ်ကိုသရုပ်ဆောင်ကောင်းတဲ့
မင်းသားလေးပါပဲ။
"ချစ်ချစ်..နင်ကဒီအစ်ကိုတွေကိုသိနေတာလား.."
"ဟုတ်တယ်..ဒီကအစ်ကိုတွေရွာကိုလာတုန်းက
ငါ့ဦးလေးရဲ့ ထော်လာဂျီနဲ့လမ်းကြုံ
လိုက်စီးခဲ့တာလေ.."
"အော်..အချင်းချင်းသိနေတော့
ပိုကောင်းသွားတာပေါ့..ချစ်ချစ်နင်က
ငါ့အစ်ကိုဆိုင်ကယ်ကို စီးလိုက်.."
ချစ်ပန်းဝေလည်း ချမ်းအေးကမ်းပေးသော
ဆိုင်ကယ်သော့ကိုယူက ခြံထဲသို့သွားကာ
ဆိုင်ကယ်အဖြူလေးကို
အပြင်ထုတ်လာခဲ့လိုက်သည်။
"ချမ်းအေး..နင်ကငါ့ဆိုင်ကယ်နောက်က
လိုက်မှာမဟုတ်လား.."
"ဟာ..မလိုက်ရဲပါဘူးဟာ.."
"ဟဲ့..တစ်ခါလေးပဲဆိုင်ကယ်လဲတာကို
ဘာလို့ အဲ့လောက်တောင်ကြောက်နေရတာလဲ
ကိုယ်တိုင်လည်း ဆိုင်ကယ်မမောင်းရဲဘူး
ဆိုင်ကယ်နောက်ကနေ ထိုင်လိုက်ရမှာလည်း
ကြောက်တယ်ဆိုတော့ နင်ကကျန်ခဲ့မလို့လား.."
အတင်းဘူးခံ၍ ငြင်းနေသောချမ်းအေးကို
ချစ်ပန်းဝေစိတ်တိုလာသည်။
ဆိုင်ကယ်စစီးတတ်ခါစမှာ မြို့သွားရင်းနှင့်
လမ်းချော်ပြီး သူများလယ်ထဲ
တစ်ခါလေး လှိမ့်ကျမိပါတယ်..
အခုထိ ကိုယ့်ဆိုင်ကယ်နောက်ဆို
သူမလိုက်ရဲတော့ဘူး။
"ဒီလိုလုပ်လိုက်ပါလား..ညီမကအစ်ကိုနဲ့အတူ
လိုက်ခဲ့လေ..
ညီလေးကတော့ ရှိုင်းရဲ့အနောက်မှာ
ထိုင်လိုက်ပေါ့..ဘယ်လိုလဲ..."
အစပိုင်းမှာ ချစ်ပန်းဝေ၏ဆိုင်ကယ်အနောက်မှ
လိုက်ရမည်အထင်နှင့် သုန်မှုန်နေသော
ချမ်းအေး၏မျက်နှာသည် ချက်ချင်းပဲ
၀င်းပသွားပြီး ရှိုင်းကိုပြုံး၍ကြည့်လိုက်ပေမဲ့...
"ငါဆိုင်ကယ်မမောင်းနိုင်ဘူး..."
ကြည်လင်ပြတ်သားစွာ ပြောလိုက်သော
အသံကြောင့်ထက်ယံတောင်
ဘာပြောရမှန်းမသိတော့ပေ။
ဆိုင်ကယ်မောင်းပြိုင်ပွဲတွေမှာတောင်
ဗိုလ်ဆွဲနေကြကောင်က ဆိုင်ကယ်မမောင်းနိုင်ဘူး
ဆိုတော့ ဘယ်သူကများ မောင်းနိုင်တော့မှာလဲ။
"ရှိုင်း..မင်းငါ့ကိုလာနောက်နေတာလား.."
"ထက်ယံ..မင်းမေ့သွားပြီလား..
ငါနောက်ဆုံးရိုက်ခဲ့တဲ့ဇာတ်ကားမှာ
ဘယ်ဘက်လက် ထိခိုက်ထားတယ်လေ
ဆရာ၀န်က ခုရက်ပိုင်းဘယ်လက်နဲ့
အလေးအပင်တောင် မခိုင်းတာမဟုတ်ဘူး..
ဆိုင်ကယ် ဘယ်လိုမောင်းမလဲ.."
ရှိုင်းပြောတာ သဘာ၀ကျပေမဲ့
ဆိုင်ကယ်မမောင်းနိုင်လောက်သည်အထိတော့
မဆိုးသေးဘူးဟု ထက်ယံယုံကြည်နေမိသည်။
ရှိုင်း၏ရုပ်က နောက်နေပုံမပေါ်တော့
မယုံချင်ပေမဲ့ ယုံလိုက်ရတော့သည်။
"ကောင်းပြီလေ..ဒါဆိုရင်မင်းက
ချစ်ပန်းဝေရဲ့အနောက်ကနေ စီးလိုက်ပေါ့
ညီလေးချမ်းအေးကတော့ အစ်ကို့နောက်ကနေ
လိုက်ပြီး လမ်းပြပေးပေါ့.."
ထက်ယံမှာ အောင့်သက်သက်နှင့်ပင်
အစီအစဉ်ဆွဲရလေတော့သည်။
ချစ်ပန်းဝေနဲ့ နီးစပ်ချင်လို့ပါဆိုနေမှ
သကောင့်သားရှိူင်းက ထဖောက်၍
ဆောင့်ကြီးအောင့်ကြီးနှင့် ဆိုင်ကယ်ကို
မောင်းထွက်ရလေတော့သည်။
🌺🌺🌺🌺🌺🌺
"ရှိုင်း..သေချာကိုင်ထားနော်..ရှေ့မှာလမ်းက
နဲနဲကြမ်းတယ်.."
မိုးရွာထား၍ လမ်းကရွှံ့ထူနေပြီး မောင်းလို့
သိပ်မကောင်းသောကြောင့်
သတိပေးလိုက်ရသည်။
မောင်းသာမောင်းနေရပေမဲ့
ရင်လည်းတုန်နေမိတာအမှန်ပဲ။
မြန်မာနိုင်ငံရဲ့ နာမည်ကြီးစူပါမင်းသား
တစ်ယောက်ကိုတင်ပြီး မောင်းရတာဆိုတော့
တစ်ခုခုဖြစ်သွားခဲ့ရင် ကိုယ့်ခေါင်းပေါ်ကို
ပုံကျလာမှာ။
"ငါလမ်းဆင်းပြီး လျှောက်ပေးရမလား.."
"ရပါတယ်..သေချာသာကိုင်ထား..."
အမှန်တော့ လမ်းဆင်းလျှောက်စေချင်မိတာပါ။
မဟုတ်ရင် ခြေထောက်နဲ့တော့တဲ့အခါ
သူ့ကိုယ်လုံးကြီးကို ဘယ်လိုနိုင်မှာလဲ။
ကိုယ်နဲ့သူ့ခန္ဓာကိုယ်က ဆင်နဲ့ဆိတ်လောက်
ကွာဟနေတာ။
ဒါပေမဲ့ ကိုယ့်မင်းသားလေးကို ရွှံ့တောထဲမှာ
လမ်းမလျှောက်စေချင်ပေ။
သူ့အသားလေးက ဖွေးဖွေးလေးရယ်
ရွှံ့တွေ ပေသွားရင်ကြည့်ကောင်းတော့မှာ
မဟုတ်ဘူး။
ထို့သို့ ကိုယ့်ကိုကိုယ်မညှာပဲ သူ့ကိုညှာမိတဲ့
အကျိုးဆက်ကတော့ လမ်းကြမ်းသည့်နေရာမှာ
သွား၍ ဆန္ဒပြတော့သည်။
ခြေထောက်နှင့် မြေကြီးကိုတော့ပြီး
သွားရတဲ့အခါ ရွှံ့တွေနှင့်လမ်းကချောနေတော့
ဆိုင်ကယ်က ယိမ်းခါနေတော့သည်။
"ဟေ့..ဟေ့..မင်းမမောင်းနိုင်ရင်လည်း
ငါဆင်းလိုက်တော့မယ်..မဟုတ်ရင်နှစ်ယောက်လုံး
လဲကုန်မယ်.."
"ရှင်ကလဲ..လမ်းတစ်၀က်ပဲရောက်နေပြီလေ
ဆင်းမနေနဲ့တော့ ရှေ့ဆိုလမ်းကောင်းကို
ရောက်ပြီ...ပြုတ်မကျအောင်သေချာသာကိုင်ထား"
For Me, [8/10/2025 6:11 PM]
ချစ်ပန်းဝေမောင်းသော ဆိုင်ကယ်ကို
လိုက်စီးနေရပေမဲ့ ရှိုင်းမှာဘုရားအဆူဆူကို
တနေရလေသည်။
မိန်းကလေးမောင်းတဲ့ ဆိုင်ကယ်အနောက်မှာ
လိုက်စီးဖို့ ဆုံးဖြတ်မိခဲ့တဲ့ကိုယ့်ခေါင်းကိုယ်သာ
နာနာလေး ခေါက်ထည့်လိုက်ချင်တော့တယ်။
မယ်မင်းကြီးမက ဟိတ်ဟန်အပြည့်နဲ့ဆိုတော့
ဆိုင်ကယ်စီးကျွမ်းမယ်လို့ ထင်ခဲ့မိတာ။
အခုတော့ငါးပါးကိုမှောက်တာပဲ။
ဆိုင်ကယ်ကြီးကလည်း နွားလှည်းကြီးလိုပဲ
ရမ်းခါနေရော။
တစ်ဖက်ကမ်းကို ကူးတဲ့တံတားပေါ်မှာဆို
အမောင်းကျွမ်းချက်များ ချောင်းထဲကို
ဝေါခနဲခုန်ဆင်းသွားမှာတောင် စိုးရတယ်။
ချမ်းအေးတစ်ယောက်
ဒီမိန်းမရဲ့ဆိုင်ကယ်နောက်ကနေလိုက်ဖို့
ဘာကြောင့် အသေအကြေငြင်းခဲ့လည်းဆိုတာ
ကိုယ့်အလှည့်မှ နဖူးတွေ့၊ဒူးတွေ့ပါပဲ။
"ဟိတ်..ဟိတ်..အရှိန်ကိုမမြှင့်လိုက်နဲ့နော်..
နှစ်လောက်ပဲထား.."
"သိပါတယ်..အစ်ကိုကလည်း..ဒါပေမဲ့
အရှိန်နည်းရင် ရှေ့ဘယ်ရောက်တော့မလဲ..
သေသေချာချာသာ ကိုင်ထားတော့..."
"ဟာ..ဟေ့.."
"ဝူး!!!" "အမယ်လေး!!!"
"ဝူး"ကနဲမည်သံနှင့်အတူ ဆိုင်ကယ်ကအရှေ့သို့
ဆောင့်ထွက်သွားလေရာ ရှိုင်း၏တင်ပါးလည်း
ကြွတက်သွားပြီး သူမဆောင်းထားသည့်
ဆိုင်ကယ်ဦးထုပ်နှင့်
ခေါင်းပြေးဆောင့်မိသွားတော့သည်။
"အား..သေပါပြီ..နာလိုက်တာ.."
ဆိုင်ကယ်ရပ်သွားချိန်မှာ
မျက်လုံးဖွင့်ကြည့်လိုက်မိတော့
အသက်မသေသေးပေမဲ့ နှဖူးတော့တော်တော်
အီသွားသည်။
အာလူဘူးသီးတောင် ထပြီလားမသိ။
"အား!!!ရှင်ဘယ်ကိုလာဖက်တာလဲ.."
"ဟမ်..ငါဘယ်ကိုဖက်မိလို့လဲ.."
"ရှင်နော်..ဘူးသီးလာမလုပ်နဲ့ ရှင့်လက်တွေကို
အခုဖယ်လိုက်..."
"အောင်မာ..မင်းကများငါ့ကို.."
မိန်းကလေးဖြစ်နေလည်း လေသံလာမာရင်
မကြိုက်တတ်၍ ပြန်တုန့်ပြန်ဖို့
စဉ်းစားလိုက်ပေမဲ့ တကယ်မှားတာက
ကိုယ်ဖြစ်နေရာ စကားတောင်ဆုံးအောင်
မပြောနိုင်တော့ပေ။
"...ငါ့ကိုအထင်မလွဲနဲ့..မင်းဆိုင်ကယ်မောင်းတာ
အရမ်းကြမ်းတော့ မတော်တဆဖက်မိသွားတာ.."
ရှိုင်းလည်း သူမ၏ခါးသိမ်သိမ်လေးကို
တင်းကြပ်နေအောင် ဖက်ထားမိရာမှ
လက်တွေကို ပြန်ရုတ်သိမ်းလိုက်ပြီး
ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်သည်။
"ရှင်ဘာလို့ ဆိုင်ကယ်ပေါ်ကနေ ဆင်းတာလဲ.."
"ငါ့အသက်ကို မင်းလက်ထဲ
ထည့်မထားနိုင်တော့လို့
ဟိုကောင်တွေက တော်တော်ဝေးဝေးကို
ရောက်နေပြီ...မင်းရဲ့ဒီလိုမောင်းပုံမျိုးနဲ့ဆို
ငါ့ဘ၀ကြီး ဒီရွာမှာပဲဇာတ်သိမ်းသွားရလိမ့်မယ်..
ဆင်းတော့ အနောက်ကနေထိုင်စီးပြီးပဲလမ်းပြ..."
"ရှင်ပြောတော့ လက်မကောင်းဘူးဆို.."
"လက်မကောင်းလည်း မင်းရဲ့အနောက်ကတော့
လိုက်မစီးနိုင်ဘူး.."
ဖက်လိုက်မိတဲ့ကိစ္စကြောင့်ကောင်မလေး၏
မျက်နှာဟာ ဖရဲသီးလေးလိုနီရဲနေမှန်း
သတိထားမိပေမဲ့ ဆင်းစရာရှိတာဆင်းခိုင်းပြီး
အနောက်မှာပဲ ပြောင်းထိုင်ခိုင်းလိုက်တော့သည်။
"ခုဏကကိစ္စလည်း အထင်မလွဲနဲ့...
မတော်တဆဖြစ်သွားတာ..မင်းသိထားရမှာက
မင်းပုံစံက ငါ့အကြိုက်မဟုတ်ဘူး.."
အနောက်မှာ ထိုင်နေရင်းနှင့် ထမီလေးကို
လုံးချေမိသည်အထိ ရင်ဘတ်ထဲမှာ
အောင့်သွားရသည်။
ကိုယ်နဲ့သူက ဘယ်လိုမှမဖြစ်နိုင်မှန်းသိပေမဲ့
တမင်သပ်သပ် ရမ်းကားနေတာကြီးကိုတော့
ခွင့်မလွှတ်နိုင်ပေ။
"ရှင့်ပုံစံကလည်း ကျွန်မအကြိုက်မဟုတ်ပါဘူးနော်
ရှင့်လို မာနကြီးတဲ့အပြင်၊မောက်မာပြီး
ဘ၀င်မြင့်တဲ့ ယောက်ျားမျိုးကိုလည်း
တစ်သက်လုံး စိတ်မ၀င်စားဘူး.."
"ဝူး!!!!"
ချစ်ပန်းဝေ၏စကားပင်မဆုံးသေး
လီဗာကို တအားဆွဲတင်ပစ်လိုက်သောကြောင့်
ဆိုင်ကယ်က ဝူး၀နဲမောင်းထွက်သွားရာ
ချစ်ပန်းဝေမှာ အနောက်သို့ လှန်မကျအောင်
ကြောက်အားလန့်အားနှင့်
မနဲထိန်းလိုက်ရလေသည်။
"ရှင်ဘယ်လိုလုပ်လိုက်တာလဲ..
နှလုံးရောဂါရှိတဲ့လူဆို သေနေလောက်ပြီ
သိရဲ့လား.."
"အခုမင်းအသက်ရှင်သေးတယ်မဟုတ်လား.."
အပြင်ဘက်က ထုတ်မပြောဖြစ်ပေမဲ့
တော်တော်လူမဆန်သည့်သူဟု
မှတ်ချက်ပေးပစ်လိုက်သည်။
သူကြတော့ သူများကိုပိုးစိုးပက်ဆက်ပြောပြီး
သူ့ကို ပြန်ပြောတော့ ဆိုင်ကယ်ကို
အကြမ်းပတမ်းမောင်းရင်း
လူကိုပြန်ကလဲ့စားချေသတဲ့။
ဆိုင်ကယ်သာ အတူစီးနေရပေမဲ့
နှစ်ယောက်သား စကားတော့
လုံး၀မပြောဖြစ်ကြတော့ပေ။
သူဘာကြောင့် ဒီလောက်အထိဆက်ဆက်ထိမခံ
ဖြစ်နေသလဲ ဆိုတာလည်း နားမလည်နိုင်တော့ပေ။
"ရှင်တို့တွေ လည်စရာရှိရင်လည်း သွားလည်ကြ
ကျွန်မကို ဓနုဖြူဈေးမှာသာ ချခဲ့ပေး
ရှင်တို့ပြန်တဲ့အခါ ၀င်ခေါ်ပေါ့.."
ငဘအိမ်သို့ ရောက်ခါနီးတွင်
ချစ်ချစ်ဘက်မှစပြီး သူ့ကို
စကားပြောရလေတော့သည်။
"ငါတို့က ညမိုးချုပ်မယ်ဆိုရင်ရော.."
"အဲ့လိုတော့မလုပ်နဲ့လေ...အခုပဲဆယ့်တစ်နာရီ
ထိုးနေပြီကို သုံးနာရီထိုးလောက်အထိတော့
ကျွန်မစောင့်နိုင်ပေမဲ့ အဲ့ထက်ပိုကျော်လို့
မရဘူး..ပုံမှန်ဆိုထော်လာဂျီငှားစီးလိုရပေမဲ့
ဒေါ်ကြီးက ပိုက်ဆံကိုကွက်တိပဲပေးလိုက်တာ
ကယ်ရီခကုန်ရင် အိမ်ရောက်တဲ့အခါ
အဆူခံရလိမ့်မယ်..."
ကောင်မလေး၏ စကားကြောင့် ရှိုင်းအနေနဲ့
အနည်းငယ်တော့ စိတ်အလိုမကျပေမဲ့
ဘာမှတော့ ပြန်မပြောဖြစ်ပေ။
တကယ်ဆို ဒီဆိုင်ကယ်တွေကို အခပေးပြီး
ငှားလာခြင်းက ဓနုဖြူမြို့ကိုအ၀လျှောက်ပတ်
လည်ချင်၍ဖြစ်သည်။
ညမိုးချုပ်မှ ပြန်မယ်လို့တောင်
စဉ်းစားထားခဲ့တာ။
"ကျွန်မပြောတာကြားလား.."
ရုတ်တရက် သူ့ကျောကုန်းကို ပုတ်ပြီး
ပြောလိုက်သည့် သူမကြောင့် စိတ်ထဲမှာ
ငြင်းဆန်ချင်နေပေမဲ့ အလိုအလျှောက်
ခေါင်းငြိမ့်မိသွားလေသည်။
For Me, [8/10/2025 6:11 PM]
သူ့ကိုယ်သူတောင် တကယ်နားမလည်နိုင်တော့ဘူး။
ဘယ်တုန်းကများ တောသူမတစ်ယောက်ရဲ့
စကားကို အဲ့လောက်နာခံတတ်သွားရတာလဲ။
"ရှေ့နားရောက်ရင် ရပ်လိုက်တော့.."
ဓနုဖြူမြို့မဈေးနားအရောက်တွင် ရပ်ခိုင်း၍
သူလည်း ဆိုင်ကယ်ကိုရပ်ပေးလိုက်တော့
ချစ်ပန်းဝေက ဆိုင်ကယ်ပေါ်မှ
ဆင်းသွားလေသည်။
သူမ လူအုပ်ကြားထဲသို့ရောယောင်၍
ပျောက်သွားသည်အထိ သူငေးကြည့်နေလိုက်ပြီး
ထက်ယံတို့ဆီသို့ ဖုန်းဆက်ကာ
စောင့်ခိုင်းရလေသည်။
🌺🌺🌺🌺🌺🌺
"ထက်ယံ..မင်းဘယ်ကိုအရင်သွားမှာလဲ.."
"ကျိုက္ကလွန်ပွန်းစေတီတော်ကို
အရင်သွားမယ်ကွာ..ပြီးရင်ဓနုဖြူခံတပ်ကို
သွားကြရအောင်..ဧရာ၀တီမြစ်ထဲမှာလည်း
မော်တော်စီးချင်တယ်ကွာ..."
ဓနုဖြူမြို့ တောင်ဘက်ရှိ
ကျိုက္ကလွန်ပွန်းစေတီတော်သို့ ရောက်ခါနီးတွင်
ဆိုင်တစ်ဆိုင်၌ မနက်စာစားရင်း
ဆွေးနွေးကြည့်ရာ ထက်ယံ၏လည်ပတ်မည့်
စားရင်းကို အံ့ဩယူရလေသည်။
"မင်းဟာကလည်း ဒီနေ့တစ်နေ့တည်းနဲ့တောင်
လည်လို့ ပြီးပါအုံးမလား.."
"ရှိုင်းရာ..မင်းကဧရာ၀တီတိုင်းသားဆိုတော့
ပြောအားရှိပေမဲ့ ငါကခုမှသေချာ
ရောက်ဖြစ်တာလေကွာ..ရောက်တုန်းရောက်ခိုက်
လည်ပါရစေ..အိမ်ရှင်ပီသစမ်းပါ.."
"အစ်ကိုတို့လည်ချင်ရင်..ဇလွန်ကိုပါ
သွားလည်ကြပါလား ဇလွန်ပြည်တော်ပြန်ဘုရားက
နာမည်ကြီးပဲလေ.."
"အေး..ကောင်းသားပဲ..ရှိုင်း..ငါတို့ဇလွန်ကိုပါ
သွားလည်ရအောင်ကွာ.."
"သဘောပဲ.."
ရှိုင်းလည်း ထပ်ယံကိုမပြောချင်တော့၍
စိတ်ညစ်ညစ်နှင့်ပဲ ခေါင်းညိမ့်လိုက်ရတော့သည်။
ထိုစဉ်မှာပဲ သူတို့ထိုင်နေသောနေရာသို့
လူတော်တော်များများ လှည့်ကြည့်နေသည်ကိုတော့
သတိမထားမိလိုက်ကြပေ။
"အစ်ကိုက မင်းသားရှိုင်းမဟုတ်လား..."
ကျန်သည့်အချိန်တွေမှာ ဆိုင်ကယ်ဦးထုပ်
ဆောင်းထားတာတို့ နှာခေါင်းစည်း
အုပ်ထားတာတို့ လုပ်တတ်ပေမဲ့
ထမင်းစားသည့်အချိန်မှာတော့ အကာအကွယ်
ဘာမှမပါ၍ သူ့ကိုသတိထားမိသွားကြတယ်
ထင်ပါရဲ့။
ထို့ကြောင့် တစ်ဖက်လူကကောင်းကောင်းမွန်မွန်
လာနှုတ်ဆက်နေ၍ သူလည်းပြုံး၍
ခေါင်းညိမ့်ပြလိုက်မိလေသည်။
"ဓာတ်ပုံအတူရိုက်လို့ရမလားရှင့်..."
"ရပါတယ်ခင်ဗျ.."
"အော်တိုလေးလည်း ရေးပေးပါအုံးနော်..
ညီမက ရှိုင်းရဲ့ပရိတ်သတ်စစ်စစ်ပါရှင့်
ရှိုင်းဇာတ်ကားမှန်သမျှ အကုန်ကြည့်ပါတယ်.."
"အော်..ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်ခင်ဗျ..
နောက်လည်း ဇာတ်ကားတွေထွက်ရင်
အားပေးပါအုံး.."
"အားပေးမှာ..စိတ်ချ..အစ်ကိုက
အရမ်းသဘောကောင်းတာပဲနော်.."
ရှိုင်းသည် သူ၏ပင်ကိုပုံစံက ဘယ်လောက်ပဲ
အေးတိအေးစက်နိုင်ပါစေ။
အဓိကနှင့်သာမညကို ခွဲတတ်သူဖြစ်သည်။
ပရိတ်သတ်နှင့် တွေ့ဆုံချိန်တိုင်း အခြားလူ
တစ်ယောက် ပြောင်းသွားသကဲ့သို့
ဖော်ရွေပေးတတ်လွန်း၍ ထက်ယံကတော့
ဖန်ဆားဗစ်ပေးသည့်နေရာမှာ ရှိုင်းကို
လုံး၀စိတ်မပူပေ။
အနုပညာသမားတစ်ယောက်ဟာ သူ့ပုံမှန်
အချိန်မှာ ဘယ်လောက်ပဲစိတ်ညစ်နေပါစေ
ပရိတ်သတ်နှင့် တွေ့သည့်အချိန်၊
ကင်မရာရှေ့သို့ ရောက်သည့်အချိန်မှာတော့
အားလုံးကိုခဝါချပြီး အပြုံးကိုသာ
ဆောင်ကျဥ်းထားရလိမ့်မည်။
*ဒါကြောင့်လည်း သရုပ်ဆောင်ဟုခေါ်တာပေါ့..*
စားသောက်ဆိုင်ထဲတွင် ရုပ်ရှင်မင်းသား
ရှိုင်းရောက်နေမှန်း သိသွားကြလေရာ
လူတွေတဖြည်းဖြည်း ပိုထူလာ၍
ထက်ယံလည်း ရှိုင်းကိုနှာခေါင်းစည်း
တပ်ခိုင်းပြီး အပြင်သို့ခေါ်ထုတ်လာရတော့သည်။
"ဒီဘက်ခြမ်းမှာလည်း မင်းရဲ့ပရိတ်သတ်တွေ
ဒီလောက်များမယ်လို့ ငါမထင်ထားခဲ့မိဘူး
ဒီလိုဆို ငါတို့ဆက်ပြီးလည်လို့ဖြစ်ပါ့မလား.."
"ရတယ်..နှာခေါင်းစည်းတပ်သွားလိုက်မယ်..
မင်းက..လည်ချင်နေတာမဟုတ်လား.."
ဧရာ၀တီတိုင်းက ကိုယ့်မွေးရပ်မြေဖြစ်ပေမဲ့
ဘယ်နေရာမှ နှံ့နှံ့စပ်စပ်မရောက်ဖူး၍
ရှိုင်းလည်း ဒီဒေသကိုတော်တော်လေး
ရင်းနှီးချင်မိပါသည်။
ထို့ကြောင့် နောက်ကြောင်းပြန်လှည့်ဖို့
စဉ်းစားတာထက် ရှေ့သို့ဆက်ချီတက်ဖို့ပဲ
ဆုံးဖြတ်လိုက်သည်။
သုံးယောက်သား ကျိုက္ကလွန်ပွန်း
စေတီတော်ဆီသို့ အရင်သွားလိုက်ပြီး
ဘုရာ၀တ်ပြုကာ လိပ်တွေကိုအစာလည်း
ကျွေးရင်း ဧရာ၀တီမြစ်ရေကျချိန်ဖြစ်နေ၍
ရေပေါ်တွင်ပေါ်နေသော ပေါ်တော်မူဘုရားလေး
ကိုလည်း ဖူးခွင့်ရခဲ့ကြသည်။
နေတက်ချိန်ဖြစ်နေ၍ ရာသီဥတု
တအားပူနေလေရာ
ရင်ပြင်ပေါ်တွင် လှည့်ပတ်မကြည့်အားတော့ပဲ
ဘုရားဇောင်းတန်းမှာသာ ၀င်နားလိုက်ကြပြီး
ဓနုဖြူမြို့၏ မြောက်ဘက်၊
ဧရာ၀တီမြစ်ကမ်းဘေးတွင်တည်ရှိသော
ဓနုဖြူခံတပ်သို့ သွားလည်ဖို့ ထွက်ခွာခဲ့ကြသည်။
"ရှိုင်း..ငါလည်း မဟာဗန္ဓုလလက်ထက်တုန်းက
ရဲရင့်တဲ့ စစ်သူကြီးဖြစ်ရင်ဖြစ်ခဲ့မှာပဲနော်..
အဲ့ဒါကြောင့်မို့ ဒီနေရာကိုလာလည်ဖြစ်တာလား
မသိဘူး.."
"ပေါက်ကရတွေ တော်တော်ပြောတဲ့ကောင်
ဗန္ဓုလလက်ထက်တုန်းက ခွေးဖြစ်ခဲ့တယ်ဆို
ဟုတ်အုန်းမယ်.."
"အောင်မာ..မင်းပဲခွေးဖြစ်မှာ.."
"ဟား..ဟား.."
"အစ်ကိုတို့သိလား..ဓနုဖြူမြို့မှာအဆိုတစ်ခု
ရှိတယ်ဗျ..အရှေ့မှာနဂါး၊အနောက်မှာတရား၊
တောင်မှာဘုရား၊မြောက်မှာဓားတဲ့
အခုကျွန်တော်တို့က မြောက်မှာဓားဆိုတဲ့နေရာကို
ရောက်နေတာလေ.."
"အရှေ့မှာနဂါးဆိုတာ ဘာကိုပြောတာလဲ
ချမ်းအေးရ.."
For Me, [8/10/2025 6:11 PM]
"ရှည်လျားကျယ်၀န်းတဲ့ ဧရာ၀တီမြစ်ကြီးကို
ပြောတာပေါ့ဗျ..တောင်မှာဘုရားဆိုတဲ့
ကျိုက္ကလွန်ပွန်းစေတီတော်ဆီလည်း
ရောက်ခဲ့ပြီဆိုတော့..အနောက်မှာတရားဆိုတဲ့
ပိဋကတ်ကျောက်စာတိုက်ကို သွားကြမလား
အဲ့နေရာမှာ စစ်သူကြီးမဟာဗန္ဓုလ
ကျဆုံးခဲ့တာမို့ သူ့ရဲ့အုတ်ဂူလည်းရှိတယ်.."
"ညီလေးရ..တို့တွေဇလွန်လည်းသွားအုံးမယ်ဆို
ကြာအုံးမှာပေါ့..အဲ့နေရာကိုတော့နောက်မှ
သွားကြမယ်ကွာ..အခုလောလောဆယ်
အစ်ကို သဗ္ဗာန်ဖြစ်ဖြစ် မော်တော်ဘုတ်ဖြစ်ဖြစ်
စီးချင်တယ်ကွာ..ဧရာ၀တီမြစ်ရဲ့
ကျယ်ပြောမှုကို ခံစားချင်တယ်.."
"ရတယ်လေ..ကျွန်တော်အစ်ကိုတို့ကို
ခေါ်သွားပေးမယ်.."
သုံးယောက်သား မော်တော်စီးလို့ရမည့်
နီးစပ်ရာ မြစ်ဆိပ်တစ်ခုသို့ ဆင်းခဲ့ကြပြီး
မော်တော်ငှားကာ မြစ်ရိုးတစ်လျှောက်
အနည်းငယ် လျှောက်ပတ်ကြည့်မိကြလေသည်။
"ထက်ယံ မင်းစတန့်ထွင်တာလည်း ထွင်ပေါ့ကွာ
အခုတော့ ငါတော်တော်နေပူနေပြီကွ.."
"မင်းကလည်း ဂျာကင်ပါတာပဲ
ဂျာကင်နဲ့ အုပ်ထားလိုက်ပေါ့.."
ထက်ယံတစ်ယောက် ဒီနေ့မှတော်တော်လေး
စိတ်အားထက်သန်နေ၍ ရှိုင်းလည်း
ဘာမှထပ်မပြောတော့ပဲ
လွှတ်ထားလိုက်ရတော့သည်။
"ဟေ့ကောင်..ဟိုဘက်ကမ်းကိုကပ်ပြီး
ရွာတွေကို လျှောက်ပတ်ကြည့်ရအောင်.."
"ကျွန်တော်တို့ အုန်းပင်စုဘက်ကြတော့
စံပါးနဲ့ပဲကို အဓိကစိုက်ပြီး
ဒီအရှေ့ဘက်ကမ်းကြတော့
ကိုင်းတွေ အဓိကစိုက်တယ်လေ..အစ်ကိုတို့
တက်ချင်လည်း တက်ကြည့်ကြလေ..
ကျွန်တော့်ဦးလေးတွေ နေတဲ့ရွာကဒီနဲ့
သိပ်မဝေးဘူး..ကျွန်တော်ခေါ်သွားပေးမယ်.."
"အေး..ကောင်းသားပဲ.."
ပြောမရဆိုမရ ထက်ယံကတော့
ချမ်းအေးဘာပြောပြော အကုန်သဘော
တူနေတော့တာပဲ။
ဒီလိုနဲ့ ချမ်းအေး၏ဦးလေးတွေနေသော
လက်စွဲကျောင်း ကန့်လန့်တန်းကျွန်းသို့
သွားလည်ဖြစ်ကြပြီး ပြန်ဖြစ်ကြသည့်
အချိန်က ညနေလေးနာရီထိုးနှင့်နေလေပြီ။
ညနေဘက်ရောက်လာတော့ ဗိုက်ဆာလွန်း၍
တစ်ဖက်ကမ်းသို့ ပြန်ကူးလာကြပြီး
စားသောက်ဆိုင်တစ်ခုမှာ ၀င်လိုက်လိုက်ကြတာ
ငါးနာရီထိုးလောက် ဖြစ်သွားလေတော့သည်။
"မင်းတို့တွေ..ဇလွန်ကိုသွားကြအုံးမှာလား..."
"ဒီနေ့တော့ မသွားတော့ပါဘူးကွာ..
နည်းနည်းပင်ပန်းလာလို့ ပြန်ပဲနားချင်တော့တယ်"
"တော်သေးတာပေါ့ထက်ယံရာ..
မင်းပင်ပန်းတဲ့အချိန်ရှိသေးလို့..."
"ကျွန်တော်လည်း မလိုက်နိုင်တော့ဘူး
အစ်ကိုတို့ရ ဆိုင်ကယ်လည်းဆီကုန်တော့မယ်..
ကျွန်တော်တို့ကြာနေတာနဲ့
အခုလောက်ဆို ချစ်ပန်းဝေလည်း
ကျွန်တော်တို့ကို မစောင့်နိုင်လို့
ပြန်သွားလောက်ပြီ..."
ချစ်ပန်းဝေဆိုသည့် နာမည်ကိုကြားတော့မှ
ရှိုင်းမှာ ဝုန်းကနဲထရပ်သွားမိလေသည်။
"ဟေ့ကောင်ရှိုင်း..ဘာထဖြစ်တာလဲ.."
"ချစ်ပန်းဝေက ကယ်ရီခအပိုမပါလို့
ငါ့ကိုလာကြိုခိုင်းထားတာကွ..
ငါမေ့သွားတယ်.."
"မင်းကလည်း ငါးနာရီတောင်ကျော်နေပြီကို
သူလည်း ကြုံရာနဲ့ပြန်သွားလောက်ပြီပေါ့.."
ထက်ယံလည်း ဒီအချိန်မှတော့ ချစ်ပန်းဝေ
ပြန်သွားလောက်ပြီဟု တွေးမိပြီး
ပြောလိုက်ပေမဲ့ ရှိုင်းကတော့
ဆိုင်ကယ်သော့ကို ယူပြီးသူ့ဂျာကင်ကို
ပြန်၀တ်နေ၍ ထက်ယံအံ့ဩသွားရလေသည်။
"မင်းတကယ်သွားမလို့လား.."
"မင်းတို့နှစ်ယောက် နာရီစင်နားမှာ
စောင့်နေနှင့်ကြ တကယ်လို့
သူစာင့်နေသေးတယ်ဆိုရင်
ငါမင်းတို့ကိုဖုန်းလှမ်းဆက်လိုက်မယ်.."
"ဟာ..ဟေ့ကောင်..ငါသွားကြိုမယ်လေ"
ထက်ယံ၏ စကားကိုတောင်နားမထောင်တော့ပဲအလောတကြီးထထွက်သွားသော ရှိုင်းကို
ကြည့်ပြီး ထက်ယံမျက်မှောင်ကြုံ့မိသွားလေသည်။
*ဒီကောင်ဘာအချိုးချိုးတာလဲ..
ဘယ်အချိန်တုန်းကမှ
မိန်းကလေးတစ်ယောက်အတွက် လှုပ်လှုပ်ရှားရှား
မဖြစ်ဖူးတဲ့ကောင်က ချစ်ချစ်ကိုကြ
ဟန်မဆောင်နိုင်အောင် စိုးရိမ်လို့..*
"ကိုကြီးရှိုင်းကိုကြည့်ရတာ ချစ်ပန်းဝေကို
စိတ်၀င်စားနေသလိုပဲ..."
"မဟုတ်တာကွာ..ဒီကောင့်မှာစေ့စပ်ထားတဲ့
ငယ်ချစ်ဦးရှိတယ်ကွ.."
"ဟုတ်လား..ဒါဆိုရင်တော့ ကျွန်တော်ခန့်မှန်းတာ
မှားသွားပြီပေါ့.."
ချမ်းအေးကတော့ ပြောပြီးတာနှင့်ရင်ထဲမှာ
ဘာမျှမရှိတော့ပေမဲ့ ထက်ယံကတော့
ပူပန်သွားမိတာ အမှန်ပဲ။
ချစ်ပန်းဝေကို ကိုယ်မရလိုက်မှာစိုးလို့ထက်
ရှိုင်းနဲ့ နီးစပ်သွားမှာစိုးတာပါ။
ရှိုင်းဆိုတာ ရှန်းရှန်းတောက်အောင်မြင်နေတဲ့
ရုပ်ရှင်မင်းသား..။
သူငယ်ချင်းအားလုံးကလည်း ပိုပိုနဲ့ပဲ
သူ့ကိုသဘောတူကြတာမို့ တောသူမလေး
တစ်ယောက်ကို စိတ်ယိုင်သွားမိရင်
ရှိုင်းအတွက် လုံး၀မကောင်းနိုင်ဘူး။
*မဖြစ်ဘူး...ရန်ကုန်အမြန်ပြန်ဖို့စီစဉ်ရမယ်..*
🌺🌺🌺🌺🌺🌺
ရှိုင်းတစ်ယောက် ဓနုဖြူမြို့မဈေးအနီးရှိ
မနက်က ချစ်ပန်းဝေကို ချပေးထားခဲ့သော
နေရာလေးသို့ ဆိုင်ကယ်ကို
ပြန်မောင်းလာသည့်အခါမှာတော့
ဈေး၀ယ်ပစ္စည်းများဘေးတွင် ငုတ်တုတ်လေး
ထိုင်နေသော ချစ်ပန်းဝေကို တွေ့လိုက်ရလေသည်။
"ချစ်ပန်းဝေ..."
သူ့ခေါ်သံကြောင့် မော့ကြည့်လာသော
ကောင်မလေး၏ မျက်၀န်းလေးမှာ
မျက်ရည်တို့နှင့် ပြည့်လျှံနေလေသည်။
သူလည်း အနည်းငယ်တော့စိတ်မကောင်း
ဖြစ်သွားမိသည်။
ဇွဲကောင်းလွန်းတဲ့ ဒီငတုံးမလေးကို
ဆလံသရလောက်တဲ့အထိကို အံ့ဩမိတာအမှန်ပဲ။
"မင်းဘာလို့ ဒီအချိန်အထိစောင့်နေရတာလဲ...
ဒီလောက်တောင် နောက်ကျနေပြီကို..."
ရှိုင်းကိုတွေ့သည်နှင့် ချစ်ပန်းဝေလည်း
ကြောက်ရွံ့အားငယ်နေမှုတွေကို
လွှတ်ချလိုက်မိပြီး မျက်ရည်တွေတစ်ပေါက်ပြီး
တစ်ပေါက် ကျဆင်းလာလေတော့သည်။
For Me, [8/10/2025 6:11 PM]
ငုတ်တုတ်ကလေး ထိုင်နေရာမှ
ရှိုင်း၏ဆိုင်ကယ်နားမှာ မတ်တပ်ရပ်လိုက်ပြီး
သူ့ကို စိတ်ဆိုးစွာကြည့်ပစ်လိုက်သည်။
"ကျွန်မမှာကယ်ရီခ အပိုမပါဘူးလို့
ရှင့်ကိုပြောခဲ့သားပဲ...
ရှင်ပဲ ပြန်လာခေါ်မယ်ပြောခဲ့ပြီးတော့
ကျွန်မရှင့်ကိုစောင့်ရင်းနဲ့ ဘယ်လောက်အထိ
ကြောက်နေခဲ့လဲ သိရဲ့လား..
အခြားထော်လာဂျီငှားရင်လည်း
ဒေါ်ကြီးက ကျွန်မကိုဆူမှာသိရဲ့လား
ရှင်ဘာလို့ ဒီလောက်နောက်ကျရတာလဲ..."
ရှိုက်သံလေးထွက်ပြီး မျက်ရည်တွေပါးပြင်ပေါ်သို့
စီးကျလာတာကို တွေ့ရတော့ ရှိုင်းလည်း
ကိုယ့်ကိုကိုယ် အပြစ်တင်လိုက်မိသည်။
ကတိပေးထားပြီး မတည်နိုင်ခဲ့ဘူး။
ထိုအချိန်မှာ သူ့လက်ချောင်းတွေဟာ
အလိုလိုသူမ၏ မျက်ရည်လေးများကြောင့်
ပို၀င်းပနေသော ပါးပြင်လေးနားသို့
တိုးကပ်သွားမိလေရာ သူ့စိတ်ကိုသူ
ပြန်ထိန်းချုပ်လိုက်ပြီး မျက်နှာလွှဲပစ်လိုက်သည်။
"တော်ပြီ..မငိုနဲ့တော့..သွားကြမယ်..."
*ငါမင်းကို တောင်းပန်ပါတယ်..*ဟု
ပြောချင်မိပေမဲ့ သူနှုတ်ကပြောလိုက်သည်က
တုံးတိတိ စကားတစ်ခွန်းသာ ဖြစ်၍နေသည်။
သူအပျင်းဆုံးအလုပ်က မိန်းကလေးတွေကို
ချော့ရမည့်အလုပ်ပဲ။
ဆက်ရန်ရှိသည်..*
🌺🌺🌺🌺🌺🌺🌺🌺
(သူတို့နှစ်ယောက်ရဲ့ ကွာဟမှုက
ကြီးမားနေတော့ ဘယ်လိုဆက်ဖြစ်မယ်ထင်လဲ)
=========================
For Me, [8/10/2025 6:24 PM]
(ဖတၼရသူေၾတအၾတက္ ေအာကၼြာ ဖတႅိဳ႕ေရအာငႅဳပ္ေပးထားပါတယ္ )
🌺အခန္း(၁၀)
🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺
"ခ်စ္ပန္းေဝေရ...ထမင္းေတြ၊ဟင္းေတြ
ခ်က္ၿပီးၿပီလား.."
"ၿပီးၿပီေဒၚႀကီးရဲ႕ ဘာခိုင္းစရာရွိလို႔လဲ.."
"ေအး..ခ်က္ၿပီးၿပီဆိုရင္ ဒီမနက္ၿမိဳ႕ကိုတက္ၿပီး
ငါ့အတြက္ ေဆး၀ယ္ခဲ့ေပးစမ္းပါ..
ငါေဆးၫႊန္းေပးလိုက္မယ္.."
မနက္ေလးနာရီထိုးတည္းက
ေက်ာင္းသားေတြအတြက္ ထမင္းခ်ိဳင့္ျပင္ေပးရ၊
အိမ္အတြက္ ခ်က္ျပဳတ္ရႏွင့္
အခုရွစ္နာရီခြဲမွ နားမယ္ႀကံတုန္း
ေနာက္အလုပ္တစ္ခုက ေပၚလာျပန္ၿပီ။
ဒါေပမဲ့လည္း ကိုယ့္မိဘမဟုတ္ေတာ့
ျပန္၍ ဆင္ေျခမေပးရဲေပ။
"သြားတာကရပါတယ္..ဒါေပမဲ့
ေလးေလးတင္ေမာင္က ျပန္မလာေသးေတာ့
ဘာနဲ႔သြားရမွာလဲ ေဒၚႀကီးရဲ႕.."
"အဲ့ဒါကကိစၥမရွိဘူး..႐ြာထိပ္ကခ်မ္းေအးလည္း
ၿမိဳ႕သြားမယ္လို႔ ေျပာသံၾကားတယ္..
အဲ့ဒါသူ႔ဆိုင္ကယ္နဲ႔ လိုက္သြားေပါ့.."
"ဟင္..ခ်မ္းေအးကဆိုင္ကယ္စီးတက္လို႔လား.."
"မနက္က ခ်မ္းေအးရဲ႕အေမ တို႔အိမ္ေရွ႕က
ျဖတ္သြားလို႔ ေမးၾကည့္လိုက္တာေတာ့
ဧည့္သည္ႏွစ္ေယာက္က ဆိုင္ကယ္ငွားလို႔တဲ့
ငွားတဲ့လူေတြက ဆိုင္ကယ္စီးတတ္တယ္
ဆိုလားပဲ..ခ်မ္းေအးရဲ႕အေဖနဲ႔အစ္ကိုက
လယ္ထဲမွာ စပါး၀ယ္သူနဲ႔ခ်ိတ္ထားလို႔
ခ်မ္းေအးကို လႊတ္လိုက္ရမွာတဲ့..
ညည္းလိုက္ရင္..အေတာ္ပဲျဖစ္သြားတာေပါ့..
ညည္းက ခ်မ္းေအးကိုတင္ေခၚလိုက္ေပါ့..
ကယ္ရီခလည္း ေပးစရာမလိုေတာ့ဘူး.."
ကယ္ရီခ မေပးရဘူးဆိုသည္ႏွင့္ေဒၚႀကီးတို႔မ်ား
မ်က္ႏွာကို ၀င္း၀င္းေတာက္ေနတာပဲ။
ခ်စ္ပန္းေဝကေတာ့ သူမ်ားကယ္ရီႏွင့္
လုံး၀မလိုက္ခ်င္ေပ။
"ဧည့္သည္ေတြက ေယာက္်ားေလးေတြလား
ေဒၚႀကီး.."
"ေယာက္်ားေလးေတြလည္း ဘာျဖစ္လဲေအ..
ညည္းကိုဘယ္သူက ကိုက္စားမွာမွတ္လို႔
ႀကံဖန္ေတြးၿပီး ပူေနျပန္ၿပီ..
ဒီမွာ..ငါ့အတြက္ေဆးရယ္..ညည္းဦးေလးအတြက္
ဦးသာရင္လိမ္းေဆးရယ္..၀ယ္လာခဲ့..
ၿပီးရင္ ဆီသုံးပိႆာရယ္..
ၾကက္သြန္နီငါးဆယ္သားရယ္..
ဆန္းေဒးေကာ္ဖီမစ္ထုပ္ရယ္..
ေအာ္..ခုမွ၀ယ္စရာေတြကမ်ားလာၿပီ..
ေနအုံး..ငါစာ႐ြက္နဲ႔ေရးၿပီး
ပိုက္ဆံတြက္ထားလိုက္မယ္..ညည္းအဆင္သင့္
လုပ္ၿပီးတာနဲ႔ ငါ့အခန္းထဲမွာ လာယူလိုက္.."
"ဟုတ္ကဲ့ပါ..ေဒၚႀကီး.."
ႏွဖူးေပၚမွ စိုစြတ္ေနသည့္ေခြၽးစမ်ားကို
အျမန္သုတ္ကာ ေရေႏြးအိုးတည္ထားတာကို
ခ်လိုက္ၿပီး ဓာတ္ဗူးထဲသို႔လွယ္ထည့္လိုက္သည္။
ထို႔ေနာက္ မီးၿငိမ္းေနၿပီျဖစ္သည့္
ထင္းေခ်ာင္းမ်ားကို ေရႏွင့္အနည္းငယ္
ေတာက္၍ မီးသတ္လိုက္ၿပီး ေရမိုးခ်ိဳးရန္
ျပင္ရေလေတာ့သည္။
ေရွ႕တစ္ေခါက္ ၿမိဳ႕တက္တုန္းက
သနပ္ခါးထူထူႀကီးေတြလိမ္းၿပီး
အိက်ႌပြပြႀကီးေတြ၀တ္ခဲ့လို႔ အသက္ႀကီးႀကီး
အေဒၚႀကီးဟု အထင္မွားခံခဲ့ရ၍
ယခုတစ္ေခါက္ေတာ့ ျပင္ဆင္သြားရမည္ဟု
ေတြးလိုက္မိသည္။
🌺🌺🌺🌺🌺🌺🌺🌺
"ငါ့ညီ..ၿမိဳ႕ကိုအတူလိုက္မဲ့ ေနာက္တစ္ေယာက္က
လာအုံးမွာလားကြာ..ကိုးနာရီပဲထိုးေတာ့မယ္.."
"လာမွပါဗ်..သူ႔အေဒၚက ကြၽန္ေတာ့္အေမကို
ေျပာထားလို႔ပါ ခဏေလးပဲေစာင့္ေပးပါ
အစ္ကိုရာ.."
ခ်မ္းေအးက ေတာင္းပန္ေနေပမဲ့
ရႈိင္းအေနနဲ႔ သိပ္စိတ္မရွည္ေတာ့ေပ။
ၿမိဳ႕ထဲကို အလည္သြားရင္းႏွင့္ ဓႏုျဖဴၿမိဳ႕မွာရွိသည့္
အေဒၚတို႔အိမ္ကို အလည္၀င္မည္ဟု
ေတြးထားမိ၍ ေစာေစာသြားမွရလိမ့္မည္။
"ငါ့ညီ..အစ္ကိုတို႔က မင္းကိုတန္ရာတန္ေၾကး
ေပးၿပီး ဆိုင္ကယ္ငွားထားတာေလကြာ..
အခုေနသာတုန္းသြားမွေပါ့..မဟုတ္ရင္
မိုးမိကုန္လိမ့္မယ္..ေနာက္ထပ္လိုက္မဲ့
ဧည့္သည္ကေရာ ကယ္ရီခဘယ္ေလာက္
ေပးထားလို႔လဲ..အစ္ကိုအဲ့ထက္ပိုေပးမယ္ကြာ
လုံး၀မေစာင့္ႏိုင္ေတာ့ဘူး.."
"ေဟ့ေကာင္ရႈိင္း..အဲ့လိုမေျပာရဘူးေလ.."
ရႈိင္းက မထင္မွတ္ပဲေငြစကားထေျပာလိုက္၍
ထက္ယံလည္း အတင္းလိုက္ပိတ္ရေလသည္။
ရႈိင္းကိုလည္း ခပ္တိုးတိုးသတိေပးရသည္။
"ေငြစကားမေျပာနဲ႔ကြ..ကယ္ရီခကို
အမ်ားႀကီးမယူပဲ ေစတနာနဲ႔ကူညီေပးတာက
မင္းအေမမ်က္ႏွာနဲ႔ဆိုတာလည္း သတိရအုံး.."
"ဒီမွာထက္ယံ အရာရာတိုင္းကို အားနာေနရင္
လိုရာခရီးကို မင္းေတာ္ေတာ္နဲ႔ေရာက္မွာ
မဟုတ္ေတာ့ဘူး.."
"မင္းကကြာ..ေျပာရဆိုရခက္လိုက္တာ..
အခ်ိန္တန္ရင္ေရာက္မွာေပါ့.."
ခရီးၾကန႔္ၾကာေန၍ ကယ္ရီငွားသည့္အစ္ကိုေတြ
စိတ္တိုေနေလရာ ခ်မ္းေအးလည္း
ခ်စ္ပန္းေဝကိုသာ ႀကိမ္ဆဲရင္း႐ြာလမ္းကို
လွမ္းေငးၾကည့္ေနရေလသည္။
*ခ်စ္ပန္းေဝ..ခ်စ္ပန္းေဝ..ဒင္းလုပ္တာနဲ႔
ငါ့ကိုဝိုင္းထိုးၾကေတာ့မွာပဲ..."
၉နာရီထိုးၿပီး ငါးမိနစ္ေတာင္စြန္းေနၿပီျဖစ္၍
ခ်မ္းေအးလည္း ခ်စ္ပန္းေဝတို႔အိမ္အထိ
သြားေခၚမည္ဟုေတြးကာ ေနရာမွေ႐ႊ႕ရန္
ျပင္လိုက္စဥ္ ႐ြာလမ္းမအတိုင္း
တေ႐ြ႕ေ႐ြ႕လာေနေသာ ပန္းေရာင္အရိပ္ကေလးကို
ေတြ႕လိုက္ရေလသည္။
"ဟာ..အစ္ကိုတို႔..ဟိုမွာကြၽန္ေတာ့သူငယ္ခ်င္း
ခ်စ္ပန္းေဝလာေနၿပီ..ကြၽန္ေတာ္တို႔နဲ႔အတူလိုက္မွာ
သူေလ.."
ခ်စ္ပန္းေဝဆိုသည့္ နာမည္ကိုၾကားလိုက္သည္ႏွင့္
ထက္ယံေရာ၊ရႈိင္းပါ ၿပိဳင္တူလွည့္ၾကည့္လိုက္
မိၾကေလသည္။
ပန္းေရာင္ ၀မ္းဆက္ေလးကို၀တ္ထားေသာ
ေကာင္မေလးသည္ တျဖည္းျဖည္း
သူတို႔ရပ္ေနရာႏွင့္ ပိုမိုနီးကပ္လာေလရာ
ေကာင္မေလး၏ ရႈမၿငီးသည့္အလွကို
သူတို႔အားလုံး ခံစားလိုက္ရသည္။
"ငါ့ခ်စ္ခ်စ္ေလးက လွလိုက္တာကြာ.."
ရႈိင္း၏ပခုံးကို တိုက္၍ေျပာလိုက္ေသာ
ထက္ယံေၾကာင့္ ရႈိင္းတစ္ေယာက္
စိတ္အလိုမက်စြာ မ်က္ေမွာင္ႀကဳံ႕သြားေလသည္။
"ငါ့အတြက္ေတာ့ ဒီေန႔ကရက္ရာဇာပဲရႈိင္းေရ..
ခ်စ္ခ်စ္ေလးနဲ႔ နီးစပ္ဖို႔ကံပါလာၿပီထင္ပါရဲ႕.."
For Me, [8/10/2025 6:24 PM]
ထက္ယံ၏စကားအဆုံးမွာ ရႈိင္းသည္
သူကိုယ္တိုင္ေတာင္ မသိလိုက္ပဲ
လက္သီးေတြကို ခပ္တင္းတင္း
ဆုပ္လိုက္မိေလသည္။
တိုစိပ္စိပ္သူ႔လက္သည္းေတြက သူ႔လက္ဖဝါးထဲကို
ဆိုက္၀င္ေတာ့မတတ္ပါပဲ။
စိတ္အလိုမက်စြာ သူတို႔အနားသို႔ေရာက္လာၿပီး
ၿပဳံးျပလာေသာ ေကာင္မေလးကိုမ်က္ေမွာင္ႀကဳံ႕၍
ၾကည့္လိုက္မိေလသည္။
ဓႏုျဖဴၿမိဳ႕ေလး တစ္ခါသြားမွာကို ပန္းေရာင္
၀မ္းဆက္ႀကီးနဲ႔ ျပင္လာဆင္လာလိုက္တာမ်ား
ႏႈတ္ခမ္းနီေတြပါ ဆိုးလာလိုက္ေသးတယ္။
ဟိုတစ္ခါကေတာ့ အေဒၚႀကီးပုံစံ
၀တ္စားထားၿပီး ဒီေန႔ၾကမွဘာလို႔ ဒီပုံစံလဲ။
မဟုတ္မွလြဲေရာ ခ်မ္းမင္းကို
ႀကိဳက္ေနလို႔မ်ားလား။
"ေအာ္..ၿမိဳ႕သြားမဲ့ဧည့္သည္ေတြဆိုတာ
အစ္ကိုတို႔လား.."
"ဟုတ္တယ္ညီမရဲ႕..တိုက္ဆိုင္လိုက္တာေနာ္..."
ခ်စ္ခ်စ္က ရႈိင္း၏မ်က္ႏွာေလးကို
တစ္ခ်က္ခိုးၾကည့္ၿပီး ေမးလိုက္ေပမဲ့
ျပန္ေျဖလာသူကေတာ့ ရႈိင္း၏မန္ေနဂ်ာ
ကိုထက္ယံျဖစ္ေနေလသည္။
ရႈိင္းကေတာ့ ခ်စ္ခ်စ္သူ႔ကိုၾကည့္လိုက္တာ
ျမင္သည္ႏွင့္ မ်က္ႏွာလႊဲသြားေတာ့သည္။
မေန႔ညကတင္ ခ်စ္ခ်စ္တို႔ႏွစ္ေယာက္
စကားေတြအမ်ားႀကီး ေျပာခဲ့ၾကေပမဲ့
အခုေတာ့ တစ္ခါမွမျမင္ဖူးတဲ့
သူစိမ္းေတြလိုပါပဲလား။
ရႈိင္းက တကယ္ကိုသ႐ုပ္ေဆာင္ေကာင္းတဲ့
မင္းသားေလးပါပဲ။
"ခ်စ္ခ်စ္..နင္ကဒီအစ္ကိုေတြကိုသိေနတာလား.."
"ဟုတ္တယ္..ဒီကအစ္ကိုေတြ႐ြာကိုလာတုန္းက
ငါ့ဦးေလးရဲ႕ ေထာ္လာဂ်ီနဲ႔လမ္းႀကဳံ
လိုက္စီးခဲ့တာေလ.."
"ေအာ္..အခ်င္းခ်င္းသိေနေတာ့
ပိုေကာင္းသြားတာေပါ့..ခ်စ္ခ်စ္နင္က
ငါ့အစ္ကိုဆိုင္ကယ္ကို စီးလိုက္.."
ခ်စ္ပန္းေဝလည္း ခ်မ္းေအးကမ္းေပးေသာ
ဆိုင္ကယ္ေသာ့ကိုယူက ၿခံထဲသို႔သြားကာ
ဆိုင္ကယ္အျဖဴေလးကို
အျပင္ထုတ္လာခဲ့လိုက္သည္။
"ခ်မ္းေအး..နင္ကငါ့ဆိုင္ကယ္ေနာက္က
လိုက္မွာမဟုတ္လား.."
"ဟာ..မလိုက္ရဲပါဘူးဟာ.."
"ဟဲ့..တစ္ခါေလးပဲဆိုင္ကယ္လဲတာကို
ဘာလို႔ အဲ့ေလာက္ေတာင္ေၾကာက္ေနရတာလဲ
ကိုယ္တိုင္လည္း ဆိုင္ကယ္မေမာင္းရဲဘူး
ဆိုင္ကယ္ေနာက္ကေန ထိုင္လိုက္ရမွာလည္း
ေၾကာက္တယ္ဆိုေတာ့ နင္ကက်န္ခဲ့မလို႔လား.."
အတင္းဘူးခံ၍ ျငင္းေနေသာခ်မ္းေအးကို
ခ်စ္ပန္းေဝစိတ္တိုလာသည္။
ဆိုင္ကယ္စစီးတတ္ခါစမွာ ၿမိဳ႕သြားရင္းႏွင့္
လမ္းေခ်ာ္ၿပီး သူမ်ားလယ္ထဲ
တစ္ခါေလး လွိမ့္က်မိပါတယ္..
အခုထိ ကိုယ့္ဆိုင္ကယ္ေနာက္ဆို
သူမလိုက္ရဲေတာ့ဘူး။
"ဒီလိုလုပ္လိုက္ပါလား..ညီမကအစ္ကိုနဲ႔အတူ
လိုက္ခဲ့ေလ..
ညီေလးကေတာ့ ရႈိင္းရဲ႕အေနာက္မွာ
ထိုင္လိုက္ေပါ့..ဘယ္လိုလဲ..."
အစပိုင္းမွာ ခ်စ္ပန္းေဝ၏ဆိုင္ကယ္အေနာက္မွ
လိုက္ရမည္အထင္ႏွင့္ သုန္မႈန္ေနေသာ
ခ်မ္းေအး၏မ်က္ႏွာသည္ ခ်က္ခ်င္းပဲ
၀င္းပသြားၿပီး ရႈိင္းကိုၿပဳံး၍ၾကည့္လိုက္ေပမဲ့...
"ငါဆိုင္ကယ္မေမာင္းႏိုင္ဘူး..."
ၾကည္လင္ျပတ္သားစြာ ေျပာလိုက္ေသာ
အသံေၾကာင့္ထက္ယံေတာင္
ဘာေျပာရမွန္းမသိေတာ့ေပ။
ဆိုင္ကယ္ေမာင္းၿပိဳင္ပြဲေတြမွာေတာင္
ဗိုလ္ဆြဲေနၾကေကာင္က ဆိုင္ကယ္မေမာင္းႏိုင္ဘူး
ဆိုေတာ့ ဘယ္သူကမ်ား ေမာင္းႏိုင္ေတာ့မွာလဲ။
"ရႈိင္း..မင္းငါ့ကိုလာေနာက္ေနတာလား.."
"ထက္ယံ..မင္းေမ့သြားၿပီလား..
ငါေနာက္ဆုံး႐ိုက္ခဲ့တဲ့ဇာတ္ကားမွာ
ဘယ္ဘက္လက္ ထိခိုက္ထားတယ္ေလ
ဆရာ၀န္က ခုရက္ပိုင္းဘယ္လက္နဲ႔
အေလးအပင္ေတာင္ မခိုင္းတာမဟုတ္ဘူး..
ဆိုင္ကယ္ ဘယ္လိုေမာင္းမလဲ.."
ရႈိင္းေျပာတာ သဘာ၀က်ေပမဲ့
ဆိုင္ကယ္မေမာင္းႏိုင္ေလာက္သည္အထိေတာ့
မဆိုးေသးဘူးဟု ထက္ယံယုံၾကည္ေနမိသည္။
ရႈိင္း၏႐ုပ္က ေနာက္ေနပုံမေပၚေတာ့
မယုံခ်င္ေပမဲ့ ယုံလိုက္ရေတာ့သည္။
"ေကာင္းၿပီေလ..ဒါဆိုရင္မင္းက
ခ်စ္ပန္းေဝရဲ႕အေနာက္ကေန စီးလိုက္ေပါ့
ညီေလးခ်မ္းေအးကေတာ့ အစ္ကို႔ေနာက္ကေန
လိုက္ၿပီး လမ္းျပေပးေပါ့.."
ထက္ယံမွာ ေအာင့္သက္သက္ႏွင့္ပင္
အစီအစဥ္ဆြဲရေလေတာ့သည္။
ခ်စ္ပန္းေဝနဲ႔ နီးစပ္ခ်င္လို႔ပါဆိုေနမွ
သေကာင့္သားရွိူင္းက ထေဖာက္၍
ေဆာင့္ႀကီးေအာင့္ႀကီးႏွင့္ ဆိုင္ကယ္ကို
ေမာင္းထြက္ရေလေတာ့သည္။
🌺🌺🌺🌺🌺🌺
"ရႈိင္း..ေသခ်ာကိုင္ထားေနာ္..ေရွ႕မွာလမ္းက
နဲနဲၾကမ္းတယ္.."
မိုး႐ြာထား၍ လမ္းက႐ႊံ႕ထူေနၿပီး ေမာင္းလို႔
သိပ္မေကာင္းေသာေၾကာင့္
သတိေပးလိုက္ရသည္။
ေမာင္းသာေမာင္းေနရေပမဲ့
ရင္လည္းတုန္ေနမိတာအမွန္ပဲ။
ျမန္မာႏိုင္ငံရဲ႕ နာမည္ႀကီးစူပါမင္းသား
တစ္ေယာက္ကိုတင္ၿပီး ေမာင္းရတာဆိုေတာ့
တစ္ခုခုျဖစ္သြားခဲ့ရင္ ကိုယ့္ေခါင္းေပၚကို
ပုံက်လာမွာ။
"ငါလမ္းဆင္းၿပီး ေလွ်ာက္ေပးရမလား.."
"ရပါတယ္..ေသခ်ာသာကိုင္ထား..."
အမွန္ေတာ့ လမ္းဆင္းေလွ်ာက္ေစခ်င္မိတာပါ။
မဟုတ္ရင္ ေျခေထာက္နဲ႔ေတာ့တဲ့အခါ
သူ႔ကိုယ္လုံးႀကီးကို ဘယ္လိုႏိုင္မွာလဲ။
ကိုယ္နဲ႔သူ႔ခႏၶာကိုယ္က ဆင္နဲ႔ဆိတ္ေလာက္
ကြာဟေနတာ။
ဒါေပမဲ့ ကိုယ့္မင္းသားေလးကို ႐ႊံ႕ေတာထဲမွာ
လမ္းမေလွ်ာက္ေစခ်င္ေပ။
သူ႔အသားေလးက ေဖြးေဖြးေလးရယ္
႐ႊံ႕ေတြ ေပသြားရင္ၾကည့္ေကာင္းေတာ့မွာ
မဟုတ္ဘူး။
ထို႔သို႔ ကိုယ့္ကိုကိုယ္မညႇာပဲ သူ႔ကိုညႇာမိတဲ့
အက်ိဳးဆက္ကေတာ့ လမ္းၾကမ္းသည့္ေနရာမွာ
သြား၍ ဆႏၵျပေတာ့သည္။
ေျခေထာက္ႏွင့္ ေျမႀကီးကိုေတာ့ၿပီး
သြားရတဲ့အခါ ႐ႊံ႕ေတြႏွင့္လမ္းကေခ်ာေနေတာ့
ဆိုင္ကယ္က ယိမ္းခါေနေတာ့သည္။
"ေဟ့..ေဟ့..မင္းမေမာင္းႏိုင္ရင္လည္း
ငါဆင္းလိုက္ေတာ့မယ္..မဟုတ္ရင္ႏွစ္ေယာက္လုံး
လဲကုန္မယ္.."
"ရွင္ကလဲ..လမ္းတစ္၀က္ပဲေရာက္ေနၿပီေလ
ဆင္းမေနနဲ႔ေတာ့ ေရွ႕ဆိုလမ္းေကာင္းကို
ေရာက္ၿပီ...ျပဳတ္မက်ေအာင္ေသခ်ာသာကိုင္ထား"
For Me, [8/10/2025 6:24 PM]
ခ်စ္ပန္းေဝေမာင္းေသာ ဆိုင္ကယ္ကို
လိုက္စီးေနရေပမဲ့ ရႈိင္းမွာဘုရားအဆူဆူကို
တေနရေလသည္။
မိန္းကေလးေမာင္းတဲ့ ဆိုင္ကယ္အေနာက္မွာ
လိုက္စီးဖို႔ ဆုံးျဖတ္မိခဲ့တဲ့ကိုယ့္ေခါင္းကိုယ္သာ
နာနာေလး ေခါက္ထည့္လိုက္ခ်င္ေတာ့တယ္။
မယ္မင္းႀကီးမက ဟိတ္ဟန္အျပည့္နဲ႔ဆိုေတာ့
ဆိုင္ကယ္စီးကြၽမ္းမယ္လို႔ ထင္ခဲ့မိတာ။
အခုေတာ့ငါးပါးကိုေမွာက္တာပဲ။
ဆိုင္ကယ္ႀကီးကလည္း ႏြားလွည္းႀကီးလိုပဲ
ရမ္းခါေနေရာ။
တစ္ဖက္ကမ္းကို ကူးတဲ့တံတားေပၚမွာဆို
အေမာင္းကြၽမ္းခ်က္မ်ား ေခ်ာင္းထဲကို
ေဝါခနဲခုန္ဆင္းသြားမွာေတာင္ စိုးရတယ္။
ခ်မ္းေအးတစ္ေယာက္
ဒီမိန္းမရဲ႕ဆိုင္ကယ္ေနာက္ကေနလိုက္ဖို႔
ဘာေၾကာင့္ အေသအေၾကျငင္းခဲ့လည္းဆိုတာ
ကိုယ့္အလွည့္မွ နဖူးေတြ႕၊ဒူးေတြ႕ပါပဲ။
"ဟိတ္..ဟိတ္..အရွိန္ကိုမျမႇင့္လိုက္နဲ႔ေနာ္..
ႏွစ္ေလာက္ပဲထား.."
"သိပါတယ္..အစ္ကိုကလည္း..ဒါေပမဲ့
အရွိန္နည္းရင္ ေရွ႕ဘယ္ေရာက္ေတာ့မလဲ..
ေသေသခ်ာခ်ာသာ ကိုင္ထားေတာ့..."
"ဟာ..ေဟ့.."
"ဝူး!!!" "အမယ္ေလး!!!"
"ဝူး"ကနဲမည္သံႏွင့္အတူ ဆိုင္ကယ္ကအေရွ႕သို႔
ေဆာင့္ထြက္သြားေလရာ ရႈိင္း၏တင္ပါးလည္း
ႂကြတက္သြားၿပီး သူမေဆာင္းထားသည့္
ဆိုင္ကယ္ဦးထုပ္ႏွင့္
ေခါင္းေျပးေဆာင့္မိသြားေတာ့သည္။
"အား..ေသပါၿပီ..နာလိုက္တာ.."
ဆိုင္ကယ္ရပ္သြားခ်ိန္မွာ
မ်က္လုံးဖြင့္ၾကည့္လိုက္မိေတာ့
အသက္မေသေသးေပမဲ့ ႏွဖူးေတာ့ေတာ္ေတာ္
အီသြားသည္။
အာလူဘူးသီးေတာင္ ထၿပီလားမသိ။
"အား!!!ရွင္ဘယ္ကိုလာဖက္တာလဲ.."
"ဟမ္..ငါဘယ္ကိုဖက္မိလို႔လဲ.."
"ရွင္ေနာ္..ဘူးသီးလာမလုပ္နဲ႔ ရွင့္လက္ေတြကို
အခုဖယ္လိုက္..."
"ေအာင္မာ..မင္းကမ်ားငါ့ကို.."
မိန္းကေလးျဖစ္ေနလည္း ေလသံလာမာရင္
မႀကိဳက္တတ္၍ ျပန္တုန႔္ျပန္ဖို႔
စဥ္းစားလိုက္ေပမဲ့ တကယ္မွားတာက
ကိုယ္ျဖစ္ေနရာ စကားေတာင္ဆုံးေအာင္
မေျပာႏိုင္ေတာ့ေပ။
"...ငါ့ကိုအထင္မလြဲနဲ႔..မင္းဆိုင္ကယ္ေမာင္းတာ
အရမ္းၾကမ္းေတာ့ မေတာ္တဆဖက္မိသြားတာ.."
ရႈိင္းလည္း သူမ၏ခါးသိမ္သိမ္ေလးကို
တင္းၾကပ္ေနေအာင္ ဖက္ထားမိရာမွ
လက္ေတြကို ျပန္႐ုတ္သိမ္းလိုက္ၿပီး
ဆိုင္ကယ္ေပၚမွ ဆင္းလိုက္သည္။
"ရွင္ဘာလို႔ ဆိုင္ကယ္ေပၚကေန ဆင္းတာလဲ.."
"ငါ့အသက္ကို မင္းလက္ထဲ
ထည့္မထားႏိုင္ေတာ့လို႔
ဟိုေကာင္ေတြက ေတာ္ေတာ္ေဝးေဝးကို
ေရာက္ေနၿပီ...မင္းရဲ႕ဒီလိုေမာင္းပုံမ်ိဳးနဲ႔ဆို
ငါ့ဘ၀ႀကီး ဒီ႐ြာမွာပဲဇာတ္သိမ္းသြားရလိမ့္မယ္..
ဆင္းေတာ့ အေနာက္ကေနထိုင္စီးၿပီးပဲလမ္းျပ..."
"ရွင္ေျပာေတာ့ လက္မေကာင္းဘူးဆို.."
"လက္မေကာင္းလည္း မင္းရဲ႕အေနာက္ကေတာ့
လိုက္မစီးႏိုင္ဘူး.."
ဖက္လိုက္မိတဲ့ကိစၥေၾကာင့္ေကာင္မေလး၏
မ်က္ႏွာဟာ ဖရဲသီးေလးလိုနီရဲေနမွန္း
သတိထားမိေပမဲ့ ဆင္းစရာရွိတာဆင္းခိုင္းၿပီး
အေနာက္မွာပဲ ေျပာင္းထိုင္ခိုင္းလိုက္ေတာ့သည္။
"ခုဏကကိစၥလည္း အထင္မလြဲနဲ႔...
မေတာ္တဆျဖစ္သြားတာ..မင္းသိထားရမွာက
မင္းပုံစံက ငါ့အႀကိဳက္မဟုတ္ဘူး.."
အေနာက္မွာ ထိုင္ေနရင္းႏွင့္ ထမီေလးကို
လုံးေခ်မိသည္အထိ ရင္ဘတ္ထဲမွာ
ေအာင့္သြားရသည္။
ကိုယ္နဲ႔သူက ဘယ္လိုမွမျဖစ္ႏိုင္မွန္းသိေပမဲ့
တမင္သပ္သပ္ ရမ္းကားေနတာႀကီးကိုေတာ့
ခြင့္မလႊတ္ႏိုင္ေပ။
"ရွင့္ပုံစံကလည္း ကြၽန္မအႀကိဳက္မဟုတ္ပါဘူးေနာ္
ရွင့္လို မာနႀကီးတဲ့အျပင္၊ေမာက္မာၿပီး
ဘ၀င္ျမင့္တဲ့ ေယာက္်ားမ်ိဳးကိုလည္း
တစ္သက္လုံး စိတ္မ၀င္စားဘူး.."
"ဝူး!!!!"
ခ်စ္ပန္းေဝ၏စကားပင္မဆုံးေသး
လီဗာကို တအားဆြဲတင္ပစ္လိုက္ေသာေၾကာင့္
ဆိုင္ကယ္က ဝူး၀နဲေမာင္းထြက္သြားရာ
ခ်စ္ပန္းေဝမွာ အေနာက္သို႔ လွန္မက်ေအာင္
ေၾကာက္အားလန႔္အားႏွင့္
မနဲထိန္းလိုက္ရေလသည္။
"ရွင္ဘယ္လိုလုပ္လိုက္တာလဲ..
ႏွလုံးေရာဂါရွိတဲ့လူဆို ေသေနေလာက္ၿပီ
သိရဲ႕လား.."
"အခုမင္းအသက္ရွင္ေသးတယ္မဟုတ္လား.."
အျပင္ဘက္က ထုတ္မေျပာျဖစ္ေပမဲ့
ေတာ္ေတာ္လူမဆန္သည့္သူဟု
မွတ္ခ်က္ေပးပစ္လိုက္သည္။
သူၾကေတာ့ သူမ်ားကိုပိုးစိုးပက္ဆက္ေျပာၿပီး
သူ႔ကို ျပန္ေျပာေတာ့ ဆိုင္ကယ္ကို
အၾကမ္းပတမ္းေမာင္းရင္း
လူကိုျပန္ကလဲ့စားေခ်သတဲ့။
ဆိုင္ကယ္သာ အတူစီးေနရေပမဲ့
ႏွစ္ေယာက္သား စကားေတာ့
လုံး၀မေျပာျဖစ္ၾကေတာ့ေပ။
သူဘာေၾကာင့္ ဒီေလာက္အထိဆက္ဆက္ထိမခံ
ျဖစ္ေနသလဲ ဆိုတာလည္း နားမလည္ႏိုင္ေတာ့ေပ။
"ရွင္တို႔ေတြ လည္စရာရွိရင္လည္း သြားလည္ၾက
ကြၽန္မကို ဓႏုျဖဴေဈးမွာသာ ခ်ခဲ့ေပး
ရွင္တို႔ျပန္တဲ့အခါ ၀င္ေခၚေပါ့.."
ငဘအိမ္သို႔ ေရာက္ခါနီးတြင္
ခ်စ္ခ်စ္ဘက္မွစၿပီး သူ႔ကို
စကားေျပာရေလေတာ့သည္။
"ငါတို႔က ညမိုးခ်ဳပ္မယ္ဆိုရင္ေရာ.."
"အဲ့လိုေတာ့မလုပ္နဲ႔ေလ...အခုပဲဆယ့္တစ္နာရီ
ထိုးေနၿပီကို သုံးနာရီထိုးေလာက္အထိေတာ့
ကြၽန္မေစာင့္ႏိုင္ေပမဲ့ အဲ့ထက္ပိုေက်ာ္လို႔
မရဘူး..ပုံမွန္ဆိုေထာ္လာဂ်ီငွားစီးလိုရေပမဲ့
ေဒၚႀကီးက ပိုက္ဆံကိုကြက္တိပဲေပးလိုက္တာ
ကယ္ရီခကုန္ရင္ အိမ္ေရာက္တဲ့အခါ
အဆူခံရလိမ့္မယ္..."
ေကာင္မေလး၏ စကားေၾကာင့္ ရႈိင္းအေနနဲ႔
အနည္းငယ္ေတာ့ စိတ္အလိုမက်ေပမဲ့
ဘာမွေတာ့ ျပန္မေျပာျဖစ္ေပ။
တကယ္ဆို ဒီဆိုင္ကယ္ေတြကို အခေပးၿပီး
ငွားလာျခင္းက ဓႏုျဖဴၿမိဳ႕ကိုအ၀ေလွ်ာက္ပတ္
လည္ခ်င္၍ျဖစ္သည္။
ညမိုးခ်ဳပ္မွ ျပန္မယ္လို႔ေတာင္
စဥ္းစားထားခဲ့တာ။
"ကြၽန္မေျပာတာၾကားလား.."
႐ုတ္တရက္ သူ႔ေက်ာကုန္းကို ပုတ္ၿပီး
ေျပာလိုက္သည့္ သူမေၾကာင့္ စိတ္ထဲမွာ
ျငင္းဆန္ခ်င္ေနေပမဲ့ အလိုအေလွ်ာက္
ေခါင္းၿငိမ့္မိသြားေလသည္။
For Me, [8/10/2025 6:24 PM]
သူ႔ကိုယ္သူေတာင္ တကယ္နားမလည္ႏိုင္ေတာ့ဘူး။
ဘယ္တုန္းကမ်ား ေတာသူမတစ္ေယာက္ရဲ႕
စကားကို အဲ့ေလာက္နာခံတတ္သြားရတာလဲ။
"ေရွ႕နားေရာက္ရင္ ရပ္လိုက္ေတာ့.."
ဓႏုျဖဴၿမိဳ႕မေဈးနားအေရာက္တြင္ ရပ္ခိုင္း၍
သူလည္း ဆိုင္ကယ္ကိုရပ္ေပးလိုက္ေတာ့
ခ်စ္ပန္းေဝက ဆိုင္ကယ္ေပၚမွ
ဆင္းသြားေလသည္။
သူမ လူအုပ္ၾကားထဲသို႔ေရာေယာင္၍
ေပ်ာက္သြားသည္အထိ သူေငးၾကည့္ေနလိုက္ၿပီး
ထက္ယံတို႔ဆီသို႔ ဖုန္းဆက္ကာ
ေစာင့္ခိုင္းရေလသည္။
🌺🌺🌺🌺🌺🌺
"ထက္ယံ..မင္းဘယ္ကိုအရင္သြားမွာလဲ.."
"က်ိဳကၠလြန္ပြန္းေစတီေတာ္ကို
အရင္သြားမယ္ကြာ..ၿပီးရင္ဓႏုျဖဴခံတပ္ကို
သြားၾကရေအာင္..ဧရာ၀တီျမစ္ထဲမွာလည္း
ေမာ္ေတာ္စီးခ်င္တယ္ကြာ..."
ဓႏုျဖဴၿမိဳ႕ ေတာင္ဘက္ရွိ
က်ိဳကၠလြန္ပြန္းေစတီေတာ္သို႔ ေရာက္ခါနီးတြင္
ဆိုင္တစ္ဆိုင္၌ မနက္စာစားရင္း
ေဆြးေႏြးၾကည့္ရာ ထက္ယံ၏လည္ပတ္မည့္
စားရင္းကို အံ့ဩယူရေလသည္။
"မင္းဟာကလည္း ဒီေန႔တစ္ေန႔တည္းနဲ႔ေတာင္
လည္လို႔ ၿပီးပါအုံးမလား.."
"ရႈိင္းရာ..မင္းကဧရာ၀တီတိုင္းသားဆိုေတာ့
ေျပာအားရွိေပမဲ့ ငါကခုမွေသခ်ာ
ေရာက္ျဖစ္တာေလကြာ..ေရာက္တုန္းေရာက္ခိုက္
လည္ပါရေစ..အိမ္ရွင္ပီသစမ္းပါ.."
"အစ္ကိုတို႔လည္ခ်င္ရင္..ဇလြန္ကိုပါ
သြားလည္ၾကပါလား ဇလြန္ျပည္ေတာ္ျပန္ဘုရားက
နာမည္ႀကီးပဲေလ.."
"ေအး..ေကာင္းသားပဲ..ရႈိင္း..ငါတို႔ဇလြန္ကိုပါ
သြားလည္ရေအာင္ကြာ.."
"သေဘာပဲ.."
ရႈိင္းလည္း ထပ္ယံကိုမေျပာခ်င္ေတာ့၍
စိတ္ညစ္ညစ္ႏွင့္ပဲ ေခါင္းညိမ့္လိုက္ရေတာ့သည္။
ထိုစဥ္မွာပဲ သူတို႔ထိုင္ေနေသာေနရာသို႔
လူေတာ္ေတာ္မ်ားမ်ား လွည့္ၾကည့္ေနသည္ကိုေတာ့
သတိမထားမိလိုက္ၾကေပ။
"အစ္ကိုက မင္းသားရႈိင္းမဟုတ္လား..."
က်န္သည့္အခ်ိန္ေတြမွာ ဆိုင္ကယ္ဦးထုပ္
ေဆာင္းထားတာတို႔ ႏွာေခါင္းစည္း
အုပ္ထားတာတို႔ လုပ္တတ္ေပမဲ့
ထမင္းစားသည့္အခ်ိန္မွာေတာ့ အကာအကြယ္
ဘာမွမပါ၍ သူ႔ကိုသတိထားမိသြားၾကတယ္
ထင္ပါရဲ႕။
ထို႔ေၾကာင့္ တစ္ဖက္လူကေကာင္းေကာင္းမြန္မြန္
လာႏႈတ္ဆက္ေန၍ သူလည္းၿပဳံး၍
ေခါင္းညိမ့္ျပလိုက္မိေလသည္။
"ဓာတ္ပုံအတူ႐ိုက္လို႔ရမလားရွင့္..."
"ရပါတယ္ခင္ဗ်.."
"ေအာ္တိုေလးလည္း ေရးေပးပါအုံးေနာ္..
ညီမက ရႈိင္းရဲ႕ပရိတ္သတ္စစ္စစ္ပါရွင့္
ရႈိင္းဇာတ္ကားမွန္သမွ် အကုန္ၾကည့္ပါတယ္.."
"ေအာ္..ဟုတ္ကဲ့..ေက်းဇူးတင္ပါတယ္ခင္ဗ်..
ေနာက္လည္း ဇာတ္ကားေတြထြက္ရင္
အားေပးပါအုံး.."
"အားေပးမွာ..စိတ္ခ်..အစ္ကိုက
အရမ္းသေဘာေကာင္းတာပဲေနာ္.."
ရႈိင္းသည္ သူ၏ပင္ကိုပုံစံက ဘယ္ေလာက္ပဲ
ေအးတိေအးစက္ႏိုင္ပါေစ။
အဓိကႏွင့္သာမညကို ခြဲတတ္သူျဖစ္သည္။
ပရိတ္သတ္ႏွင့္ ေတြ႕ဆုံခ်ိန္တိုင္း အျခားလူ
တစ္ေယာက္ ေျပာင္းသြားသကဲ့သို႔
ေဖာ္ေ႐ြေပးတတ္လြန္း၍ ထက္ယံကေတာ့
ဖန္ဆားဗစ္ေပးသည့္ေနရာမွာ ရႈိင္းကို
လုံး၀စိတ္မပူေပ။
အႏုပညာသမားတစ္ေယာက္ဟာ သူ႔ပုံမွန္
အခ်ိန္မွာ ဘယ္ေလာက္ပဲစိတ္ညစ္ေနပါေစ
ပရိတ္သတ္ႏွင့္ ေတြ႕သည့္အခ်ိန္၊
ကင္မရာေရွ႕သို႔ ေရာက္သည့္အခ်ိန္မွာေတာ့
အားလုံးကိုခဝါခ်ၿပီး အၿပဳံးကိုသာ
ေဆာင္က်ဥ္းထားရလိမ့္မည္။
*ဒါေၾကာင့္လည္း သ႐ုပ္ေဆာင္ဟုေခၚတာေပါ့..*
စားေသာက္ဆိုင္ထဲတြင္ ႐ုပ္ရွင္မင္းသား
ရႈိင္းေရာက္ေနမွန္း သိသြားၾကေလရာ
လူေတြတျဖည္းျဖည္း ပိုထူလာ၍
ထက္ယံလည္း ရႈိင္းကိုႏွာေခါင္းစည္း
တပ္ခိုင္းၿပီး အျပင္သို႔ေခၚထုတ္လာရေတာ့သည္။
"ဒီဘက္ျခမ္းမွာလည္း မင္းရဲ႕ပရိတ္သတ္ေတြ
ဒီေလာက္မ်ားမယ္လို႔ ငါမထင္ထားခဲ့မိဘူး
ဒီလိုဆို ငါတို႔ဆက္ၿပီးလည္လို႔ျဖစ္ပါ့မလား.."
"ရတယ္..ႏွာေခါင္းစည္းတပ္သြားလိုက္မယ္..
မင္းက..လည္ခ်င္ေနတာမဟုတ္လား.."
ဧရာ၀တီတိုင္းက ကိုယ့္ေမြးရပ္ေျမျဖစ္ေပမဲ့
ဘယ္ေနရာမွ ႏွံ႔ႏွံ႔စပ္စပ္မေရာက္ဖူး၍
ရႈိင္းလည္း ဒီေဒသကိုေတာ္ေတာ္ေလး
ရင္းႏွီးခ်င္မိပါသည္။
ထို႔ေၾကာင့္ ေနာက္ေၾကာင္းျပန္လွည့္ဖို႔
စဥ္းစားတာထက္ ေရွ႕သို႔ဆက္ခ်ီတက္ဖို႔ပဲ
ဆုံးျဖတ္လိုက္သည္။
သုံးေယာက္သား က်ိဳကၠလြန္ပြန္း
ေစတီေတာ္ဆီသို႔ အရင္သြားလိုက္ၿပီး
ဘုရာ၀တ္ျပဳကာ လိပ္ေတြကိုအစာလည္း
ေကြၽးရင္း ဧရာ၀တီျမစ္ေရက်ခ်ိန္ျဖစ္ေန၍
ေရေပၚတြင္ေပၚေနေသာ ေပၚေတာ္မူဘုရားေလး
ကိုလည္း ဖူးခြင့္ရခဲ့ၾကသည္။
ေနတက္ခ်ိန္ျဖစ္ေန၍ ရာသီဥတု
တအားပူေနေလရာ
ရင္ျပင္ေပၚတြင္ လွည့္ပတ္မၾကည့္အားေတာ့ပဲ
ဘုရားေဇာင္းတန္းမွာသာ ၀င္နားလိုက္ၾကၿပီး
ဓႏုျဖဴၿမိဳ႕၏ ေျမာက္ဘက္၊
ဧရာ၀တီျမစ္ကမ္းေဘးတြင္တည္ရွိေသာ
ဓႏုျဖဴခံတပ္သို႔ သြားလည္ဖို႔ ထြက္ခြာခဲ့ၾကသည္။
"ရႈိင္း..ငါလည္း မဟာဗႏၶဳလလက္ထက္တုန္းက
ရဲရင့္တဲ့ စစ္သူႀကီးျဖစ္ရင္ျဖစ္ခဲ့မွာပဲေနာ္..
အဲ့ဒါေၾကာင့္မို႔ ဒီေနရာကိုလာလည္ျဖစ္တာလား
မသိဘူး.."
"ေပါက္ကရေတြ ေတာ္ေတာ္ေျပာတဲ့ေကာင္
ဗႏၶဳလလက္ထက္တုန္းက ေခြးျဖစ္ခဲ့တယ္ဆို
ဟုတ္အုန္းမယ္.."
"ေအာင္မာ..မင္းပဲေခြးျဖစ္မွာ.."
"ဟား..ဟား.."
"အစ္ကိုတို႔သိလား..ဓႏုျဖဴၿမိဳ႕မွာအဆိုတစ္ခု
ရွိတယ္ဗ်..အေရွ႕မွာနဂါး၊အေနာက္မွာတရား၊
ေတာင္မွာဘုရား၊ေျမာက္မွာဓားတဲ့
အခုကြၽန္ေတာ္တို႔က ေျမာက္မွာဓားဆိုတဲ့ေနရာကို
ေရာက္ေနတာေလ.."
"အေရွ႕မွာနဂါးဆိုတာ ဘာကိုေျပာတာလဲ
ခ်မ္းေအးရ.."
"ရွည္လ်ားက်ယ္၀န္းတဲ့ ဧရာ၀တီျမစ္ႀကီးကို
ေျပာတာေပါ့ဗ်..ေတာင္မွာဘုရားဆိုတဲ့
က်ိဳကၠလြန္ပြန္းေစတီေတာ္ဆီလည္း
ေရာက္ခဲ့ၿပီဆိုေတာ့..အေနာက္မွာတရားဆိုတဲ့
ပိဋကတ္ေက်ာက္စာတိုက္ကို သြားၾကမလား
အဲ့ေနရာမွာ စစ္သူႀကီးမဟာဗႏၶဳလ
က်ဆုံးခဲ့တာမို႔ သူ႔ရဲ႕အုတ္ဂူလည္းရွိတယ္.."
For Me, [8/10/2025 6:24 PM]
"ညီေလးရ..တို႔ေတြဇလြန္လည္းသြားအုံးမယ္ဆို
ၾကာအုံးမွာေပါ့..အဲ့ေနရာကိုေတာ့ေနာက္မွ
သြားၾကမယ္ကြာ..အခုေလာေလာဆယ္
အစ္ကို သဗၺာန္ျဖစ္ျဖစ္ ေမာ္ေတာ္ဘုတ္ျဖစ္ျဖစ္
စီးခ်င္တယ္ကြာ..ဧရာ၀တီျမစ္ရဲ႕
က်ယ္ေျပာမႈကို ခံစားခ်င္တယ္.."
"ရတယ္ေလ..ကြၽန္ေတာ္အစ္ကိုတို႔ကို
ေခၚသြားေပးမယ္.."
သုံးေယာက္သား ေမာ္ေတာ္စီးလို႔ရမည့္
နီးစပ္ရာ ျမစ္ဆိပ္တစ္ခုသို႔ ဆင္းခဲ့ၾကၿပီး
ေမာ္ေတာ္ငွားကာ ျမစ္႐ိုးတစ္ေလွ်ာက္
အနည္းငယ္ ေလွ်ာက္ပတ္ၾကည့္မိၾကေလသည္။
"ထက္ယံ မင္းစတန႔္ထြင္တာလည္း ထြင္ေပါ့ကြာ
အခုေတာ့ ငါေတာ္ေတာ္ေနပူေနၿပီကြ.."
"မင္းကလည္း ဂ်ာကင္ပါတာပဲ
ဂ်ာကင္နဲ႔ အုပ္ထားလိုက္ေပါ့.."
ထက္ယံတစ္ေယာက္ ဒီေန႔မွေတာ္ေတာ္ေလး
စိတ္အားထက္သန္ေန၍ ရႈိင္းလည္း
ဘာမွထပ္မေျပာေတာ့ပဲ
လႊတ္ထားလိုက္ရေတာ့သည္။
"ေဟ့ေကာင္..ဟိုဘက္ကမ္းကိုကပ္ၿပီး
႐ြာေတြကို ေလွ်ာက္ပတ္ၾကည့္ရေအာင္.."
"ကြၽန္ေတာ္တို႔ အုန္းပင္စုဘက္ၾကေတာ့
စံပါးနဲ႔ပဲကို အဓိကစိုက္ၿပီး
ဒီအေရွ႕ဘက္ကမ္းၾကေတာ့
ကိုင္းေတြ အဓိကစိုက္တယ္ေလ..အစ္ကိုတို႔
တက္ခ်င္လည္း တက္ၾကည့္ၾကေလ..
ကြၽန္ေတာ့္ဦးေလးေတြ ေနတဲ့႐ြာကဒီနဲ႔
သိပ္မေဝးဘူး..ကြၽန္ေတာ္ေခၚသြားေပးမယ္.."
"ေအး..ေကာင္းသားပဲ.."
ေျပာမရဆိုမရ ထက္ယံကေတာ့
ခ်မ္းေအးဘာေျပာေျပာ အကုန္သေဘာ
တူေနေတာ့တာပဲ။
ဒီလိုနဲ႔ ခ်မ္းေအး၏ဦးေလးေတြေနေသာ
လက္စြဲေက်ာင္း ကန႔္လန႔္တန္းကြၽန္းသို႔
သြားလည္ျဖစ္ၾကၿပီး ျပန္ျဖစ္ၾကသည့္
အခ်ိန္က ညေနေလးနာရီထိုးႏွင့္ေနေလၿပီ။
ညေနဘက္ေရာက္လာေတာ့ ဗိုက္ဆာလြန္း၍
တစ္ဖက္ကမ္းသို႔ ျပန္ကူးလာၾကၿပီး
စားေသာက္ဆိုင္တစ္ခုမွာ ၀င္လိုက္လိုက္ၾကတာ
ငါးနာရီထိုးေလာက္ ျဖစ္သြားေလေတာ့သည္။
"မင္းတို႔ေတြ..ဇလြန္ကိုသြားၾကအုံးမွာလား..."
"ဒီေန႔ေတာ့ မသြားေတာ့ပါဘူးကြာ..
နည္းနည္းပင္ပန္းလာလို႔ ျပန္ပဲနားခ်င္ေတာ့တယ္"
"ေတာ္ေသးတာေပါ့ထက္ယံရာ..
မင္းပင္ပန္းတဲ့အခ်ိန္ရွိေသးလို႔..."
"ကြၽန္ေတာ္လည္း မလိုက္ႏိုင္ေတာ့ဘူး
အစ္ကိုတို႔ရ ဆိုင္ကယ္လည္းဆီကုန္ေတာ့မယ္..
ကြၽန္ေတာ္တို႔ၾကာေနတာနဲ႔
အခုေလာက္ဆို ခ်စ္ပန္းေဝလည္း
ကြၽန္ေတာ္တို႔ကို မေစာင့္ႏိုင္လို႔
ျပန္သြားေလာက္ၿပီ..."
ခ်စ္ပန္းေဝဆိုသည့္ နာမည္ကိုၾကားေတာ့မွ
ရႈိင္းမွာ ဝုန္းကနဲထရပ္သြားမိေလသည္။
"ေဟ့ေကာင္ရႈိင္း..ဘာထျဖစ္တာလဲ.."
"ခ်စ္ပန္းေဝက ကယ္ရီခအပိုမပါလို႔
ငါ့ကိုလာႀကိဳခိုင္းထားတာကြ..
ငါေမ့သြားတယ္.."
"မင္းကလည္း ငါးနာရီေတာင္ေက်ာ္ေနၿပီကို
သူလည္း ႀကဳံရာနဲ႔ျပန္သြားေလာက္ၿပီေပါ့.."
ထက္ယံလည္း ဒီအခ်ိန္မွေတာ့ ခ်စ္ပန္းေဝ
ျပန္သြားေလာက္ၿပီဟု ေတြးမိၿပီး
ေျပာလိုက္ေပမဲ့ ရႈိင္းကေတာ့
ဆိုင္ကယ္ေသာ့ကို ယူၿပီးသူ႔ဂ်ာကင္ကို
ျပန္၀တ္ေန၍ ထက္ယံအံ့ဩသြားရေလသည္။
"မင္းတကယ္သြားမလို႔လား.."
"မင္းတို႔ႏွစ္ေယာက္ နာရီစင္နားမွာ
ေစာင့္ေနႏွင့္ၾက တကယ္လို႔
သူစာင့္ေနေသးတယ္ဆိုရင္
ငါမင္းတို႔ကိုဖုန္းလွမ္းဆက္လိုက္မယ္.."
"ဟာ..ေဟ့ေကာင္..ငါသြားႀကိဳမယ္ေလ"
ထက္ယံ၏ စကားကိုေတာင္နားမေထာင္ေတာ့ပဲအေလာတႀကီးထထြက္သြားေသာ ရႈိင္းကို
ၾကည့္ၿပီး ထက္ယံမ်က္ေမွာင္ႀကဳံ႕မိသြားေလသည္။
*ဒီေကာင္ဘာအခ်ိဳးခ်ိဳးတာလဲ..
ဘယ္အခ်ိန္တုန္းကမွ
မိန္းကေလးတစ္ေယာက္အတြက္ လႈပ္လႈပ္ရွားရွား
မျဖစ္ဖူးတဲ့ေကာင္က ခ်စ္ခ်စ္ကိုၾက
ဟန္မေဆာင္ႏိုင္ေအာင္ စိုးရိမ္လို႔..*
"ကိုႀကီးရႈိင္းကိုၾကည့္ရတာ ခ်စ္ပန္းေဝကို
စိတ္၀င္စားေနသလိုပဲ..."
"မဟုတ္တာကြာ..ဒီေကာင့္မွာေစ့စပ္ထားတဲ့
ငယ္ခ်စ္ဦးရွိတယ္ကြ.."
"ဟုတ္လား..ဒါဆိုရင္ေတာ့ ကြၽန္ေတာ္ခန႔္မွန္းတာ
မွားသြားၿပီေပါ့.."
ခ်မ္းေအးကေတာ့ ေျပာၿပီးတာႏွင့္ရင္ထဲမွာ
ဘာမွ်မရွိေတာ့ေပမဲ့ ထက္ယံကေတာ့
ပူပန္သြားမိတာ အမွန္ပဲ။
ခ်စ္ပန္းေဝကို ကိုယ္မရလိုက္မွာစိုးလို႔ထက္
ရႈိင္းနဲ႔ နီးစပ္သြားမွာစိုးတာပါ။
ရႈိင္းဆိုတာ ရွန္းရွန္းေတာက္ေအာင္ျမင္ေနတဲ့
႐ုပ္ရွင္မင္းသား..။
သူငယ္ခ်င္းအားလုံးကလည္း ပိုပိုနဲ႔ပဲ
သူ႔ကိုသေဘာတူၾကတာမို႔ ေတာသူမေလး
တစ္ေယာက္ကို စိတ္ယိုင္သြားမိရင္
ရႈိင္းအတြက္ လုံး၀မေကာင္းႏိုင္ဘူး။
*မျဖစ္ဘူး...ရန္ကုန္အျမန္ျပန္ဖို႔စီစဥ္ရမယ္..*
🌺🌺🌺🌺🌺🌺
ရႈိင္းတစ္ေယာက္ ဓႏုျဖဴၿမိဳ႕မေဈးအနီးရွိ
မနက္က ခ်စ္ပန္းေဝကို ခ်ေပးထားခဲ့ေသာ
ေနရာေလးသို႔ ဆိုင္ကယ္ကို
ျပန္ေမာင္းလာသည့္အခါမွာေတာ့
ေဈး၀ယ္ပစၥည္းမ်ားေဘးတြင္ ငုတ္တုတ္ေလး
ထိုင္ေနေသာ ခ်စ္ပန္းေဝကို ေတြ႕လိုက္ရေလသည္။
"ခ်စ္ပန္းေဝ..."
သူ႔ေခၚသံေၾကာင့္ ေမာ့ၾကည့္လာေသာ
ေကာင္မေလး၏ မ်က္၀န္းေလးမွာ
မ်က္ရည္တို႔ႏွင့္ ျပည့္လွ်ံေနေလသည္။
သူလည္း အနည္းငယ္ေတာ့စိတ္မေကာင္း
ျဖစ္သြားမိသည္။
ဇြဲေကာင္းလြန္းတဲ့ ဒီငတုံးမေလးကို
ဆလံသရေလာက္တဲ့အထိကို အံ့ဩမိတာအမွန္ပဲ။
"မင္းဘာလို႔ ဒီအခ်ိန္အထိေစာင့္ေနရတာလဲ...
ဒီေလာက္ေတာင္ ေနာက္က်ေနၿပီကို..."
ရႈိင္းကိုေတြ႕သည္ႏွင့္ ခ်စ္ပန္းေဝလည္း
ေၾကာက္႐ြံ႕အားငယ္ေနမႈေတြကို
လႊတ္ခ်လိုက္မိၿပီး မ်က္ရည္ေတြတစ္ေပါက္ၿပီး
တစ္ေပါက္ က်ဆင္းလာေလေတာ့သည္။
ငုတ္တုတ္ကေလး ထိုင္ေနရာမွ
ရႈိင္း၏ဆိုင္ကယ္နားမွာ မတ္တပ္ရပ္လိုက္ၿပီး
သူ႔ကို စိတ္ဆိုးစြာၾကည့္ပစ္လိုက္သည္။
For Me, [8/10/2025 6:24 PM]
"ကြၽန္မမွာကယ္ရီခ အပိုမပါဘူးလို႔
ရွင့္ကိုေျပာခဲ့သားပဲ...
ရွင္ပဲ ျပန္လာေခၚမယ္ေျပာခဲ့ၿပီးေတာ့
ကြၽန္မရွင့္ကိုေစာင့္ရင္းနဲ႔ ဘယ္ေလာက္အထိ
ေၾကာက္ေနခဲ့လဲ သိရဲ႕လား..
အျခားေထာ္လာဂ်ီငွားရင္လည္း
ေဒၚႀကီးက ကြၽန္မကိုဆူမွာသိရဲ႕လား
ရွင္ဘာလို႔ ဒီေလာက္ေနာက္က်ရတာလဲ..."
ရႈိက္သံေလးထြက္ၿပီး မ်က္ရည္ေတြပါးျပင္ေပၚသို႔
စီးက်လာတာကို ေတြ႕ရေတာ့ ရႈိင္းလည္း
ကိုယ့္ကိုကိုယ္ အျပစ္တင္လိုက္မိသည္။
ကတိေပးထားၿပီး မတည္ႏိုင္ခဲ့ဘူး။
ထိုအခ်ိန္မွာ သူ႔လက္ေခ်ာင္းေတြဟာ
အလိုလိုသူမ၏ မ်က္ရည္ေလးမ်ားေၾကာင့္
ပို၀င္းပေနေသာ ပါးျပင္ေလးနားသို႔
တိုးကပ္သြားမိေလရာ သူ႔စိတ္ကိုသူ
ျပန္ထိန္းခ်ဳပ္လိုက္ၿပီး မ်က္ႏွာလႊဲပစ္လိုက္သည္။
"ေတာ္ၿပီ..မငိုနဲ႔ေတာ့..သြားၾကမယ္..."
*ငါမင္းကို ေတာင္းပန္ပါတယ္..*ဟု
ေျပာခ်င္မိေပမဲ့ သူႏႈတ္ကေျပာလိုက္သည္က
တုံးတိတိ စကားတစ္ခြန္းသာ ျဖစ္၍ေနသည္။
သူအပ်င္းဆုံးအလုပ္က မိန္းကေလးေတြကို
ေခ်ာ့ရမည့္အလုပ္ပဲ။
ဆက္ရန္ရွိသည္..*
🌺🌺🌺🌺🌺🌺🌺🌺
(သူတို႔ႏွစ္ေယာက္ရဲ႕ ကြာဟမႈက
ႀကီးမားေနေတာ့ ဘယ္လိုဆက္ျဖစ္မယ္ထင္လဲ)
Comments
Post a Comment