(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
Zawgyi \Unicode
🌺အခန်း(၁၁)
🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺
"ကိုထက်ယံ ဖုန်းလာနေတယ်..ကိုရှိုင်းဆီကလား
မသိဘူး.."
ဓနုဖြူနာရီစင်ကြီးအနီးတွင် ရှိုင်းကို
စောင့်နေကြရာမှ ဖုန်းမြည်လာ၍
ချမ်းအေးက သတိပေးလာလေသည်။
ထက်ယံလည်း ဖုန်းကိုကိုင်ပြီး
ကြည့်လိုက်တော့ ရှိုင်းဆီကဖြစ်သည်။
"ဟယ်လိုရှိုင်း..အခြေအနေဘာထူးလဲ..
.....
အေးလေ..အဲ့ဒါဆိုလည်းပြီးတာပဲ..
.......
မိုးရွာတော့မယ်နဲ့တူတယ်..ငါတို့အရင်
ပြန်နှင့်လိုက်မယ်နော်..
.....အေး..အေး..
မင်းတို့လည်း..ဂရုစိုက်အုံး.."
အုံ့မှိုင်းနေသော တိမ်သားထုကြီးကိုကြည့်ပြီး
ထက်ယံလည်း စိတ်ညစ်စွာပဲ
ဖုန်းကို ချပစ်လိုက်ရသည်။
ချစ်ပန်းဝေဟာ ဒီအချိန်အထိ ရှိုင်းကို
စောင့်နေပါသတဲ့။
ဒါဟာ တမင်အကွက်ချပြီးစီစဥ်ထားတာလား။
ဒါမှမဟုတ် ပိုက်ဆံအပိုမပါလို့ တကယ်ကြီး
မတတ်သာပဲ စောင့်နေလိုက်ရတာလားဆိုတာ
သူလည်း ခန့်မှန်းရခက်နေသည်။
"ကိုထက်ယံ..ကိုရှိုင်းကဘာပြောလိုက်တာလဲ.."
"ချစ်ပန်းဝေနဲ့သူတွေ့တယ်တဲ့..အဲ့ဒါ
မိုးရွာတော့မှာဆိုတော့ ငါတို့ကိုရှေ့ကသွားနှင့်တဲ့..."
"ဟုတ်လား..အဲ့ဒါဆိုလည်း အမြန်သွားကြတာပေါ့..
မိုးရွာတော့မယ်ထင်တယ်..
ငါးနာရီလည်း ခွဲတော့မယ်..
မိုးချုပ်သွားရင် မှောင်နေလိမ့်မယ်.."
ချမ်းအေးလည်း မှောင်မဲလာသည့်
ကောင်းကင်ကြီးကိုကြည့်ပြီး ထက်ယံကို
နှိုးဆော်လာလေသည်။
အချိန်လည်း မရှိတော့ပြီမို့ ထက်ယံလည်း
ဆိုင်ကယ်ပေါ်အမြန်တက်ကာ
သွားနှင့်ဖို့သာ စဉ်းစားလိုက်ရတော့သည်။
**ဒါပေမဲ့ ဘာကြောင့်မှန်းမသိ..
သူ့ရင်ထဲမှာ အရမ်းလေးလံနေသလိုပဲ..**
🌺🌺🌺🌺🌺🌺🌺🌺
"မိုးဖွဲလေးတွေကျနေပြီ...
ရှင့်မှာမိုးကာပါလား..."
"မပါဘူး..မင်းမှာရောပါလား..."
"ပါတယ်..ကျွန်မရဲ့မိုးကာယူလိုက်ပါလား
ရှင်က ရုပ်ရှင်မင်းသားဆိုတော့
ဖျားနာလို့မရဘူးမဟုတ်လား..."
"ရုပ်ရှင်မင်းသားလည်း ယောက်ျားပဲလေ
ငါအဲ့လောက်မနုဘူး..
ကိုယ့်ဟာကိုယ်သုံး..."
"ဒါပေမဲ့..ရှင်အအေးပတ်သွားမှာပေါ့.."
"ပတ်ပါစေကွာ..စကားတော်တော်များတာပဲ
ငါ့ကိုပဲ လမ်းပြစမ်းပါ..အပိုစကားတွေ
နားမထောင်ချင်ဘူး.."
ကိုယ်ကစေတနာနဲ့ သူ့ကိုမိုးကာပေးတဲ့ဥစ္စာကို
ပြန်ပြောတာကလည်း သည်းမခံနိုင်စရာ။
ဆိုင်ကယ်မောင်းနေသည့် သူ့ကျောပြင်ကြီးကို
ကြည့်ပြီး နှုတ်ခမ်းလေးဆူကာ
ချစ်ချစ်စိတ်ဆိုးနေမိသည်။
သူကတော့ သိမည်မထင်ပေ။
"ဘယ်ဘယ်ကို ဆင်းရမှာလား.."
"ဟုတ်တယ်..ဘယ်ဘက်ကိုဆင်း.."
အစပိုင်းမှာ မိုးဖွဲဖွဲလေးပဲကျနေခဲ့ပေမဲ့
ပြင်ကသာနားသို့ အရောက်မှာတော့
မိုးသက်မုန်တိုင်းကျသကဲ့သို့ သည်းကြီးမည်းကြီး
ရွာချလာလေတော့သည်။
လေအရမ်းတိုက်လာတိုင်း ချစ်ချစ်၏
မိုးကာခေါင်းစွပ်က အနောက်သို့
လန်ကျသွား၍ မိုးရေတွေလာစင်လေရာ
မျက်လုံးတွေပါ ကျိန်းစပ်လာသောကြောင့်
ရှိုင်း၏ အိင်္ကျီစကို ဆုပ်ကိုင်ကာ
အကာအကွယ် ယူလိုက်ရလေသည်။
"မင်းရရဲ့လား.."
"ဟမ်..ဘာပြောလိုက်တာလဲ.."
သစ်ပင်တွေတောင် လဲကျမတတ်
လေတွေတအုန်းအုန်းတိုက်ပြီး
မိုးသံပါရောနေလေတော့
ရှိုင်းဘာပြောလည်း ကောင်းကောင်း
မကြားရပေ။
"ငါအမြန်မောင်းတော့မယ်..မင်းသေချာကိုင်ထား"
"ဘာပြောတာလဲ..မကြားရဘူးလို့..."
မိုးသည်းနေ၍ ဘာမှသေချာမကြားရပဲ
ကိုယ်ကလည်းအော်၊သူကလည်းအော်နှင့်
ရှုပ်နေရာ ရှိုင်းလည်းစိတ်ညစ်လာ၍
ဘာမှ ထပ်မပြောတော့ပဲ ဆိုင်ကယ်ကိုသာ
အရှိန်တင်လိုက်တော့သည်။
"အောင်မလေး.."
အနောက်မှ ချစ်ပန်းဝေတစ်ယောက်ကတော့
အောင်မလေးဟုတမိသည်အထိ လန့်သွားပြီး
အရှိန်နှင့် ရှေ့သို့သွားကပ်မိလေရာ
ရှိုင်း၏ခါးကို ဖက်မိလျှက်သား
ဖြစ်သွားလေသည်။
ထိုအခြေအနေကို ရှိုင်းသည်လည်း
သိလိုက်ပေမဲ့ အခြေအနေအရဘာမှမပြောပဲ
နေလိုက်လေသည်။
သို့ပေမဲ့ ချစ်ပန်းဝေကတော့ အခက်အခဲ
ကျရောက်နေသည့် အခြေအနေဖြစ်ပါစေ
သက်ဆိုင်သူမဟုတ်ပဲ သူစိမ်းယောက်ျားလေးကို
မထိကိုင်ချင်၍ လက်တွေကို
ပြန်ရုတ်ဖို့ ကြိုးစားလိုက်ပေမဲ့ ချစ်ချစ်၏
လက်မောင်းတစ်ဖက်ကို ပြန်ဆွဲယူလိုက်သော
လက်ဖ၀ါးကြီးကြောင့် ထိတ်လန့်သွားရလေသည်။
"ဟာ..ရှင်ဘာလုပ်တာလဲ..."
"ငြိမ်ငြိမ်နေ..သေချာကိုင်ထား..
အခုချိန်မှာ မင်းနဲ့ငါနှစ်ယောက်ပဲရှိတာ..
မင်းပြုတ်ကျပြီး ကျန်ခဲ့ရင်ငါ့တာ၀န်မကင်းဘူး.."
လေသံမိုးသံတွေကို ဖုံးအောင်ပြောရသည့်အတွက်
ရှိုင်း၏လေသံက မာထန်နေပေမဲ့
ကိုယ့်ကိုမပြုတ်ကျစေချင်တည်းက
ကိုယ့်အပေါ် စေတနာရှိလို့ပဲဟု
သတ်မှတ်လိုက်ပြီး သူ့ခါးကိုမဝံ့မရဲ
ဖက်ထားလိုက်ရတော့သည်။
ကားလမ်းဘေးတစ်လျှောက်မှာရှိသော
သစ်ပင်တိုင်း၏ အကိုင်းအခက်များသည်
ကြောက်ရွံ့စရာကောင်းလောက်အောင်
ရမ်းခါနေကြပြီး လဲပြိုကျတော့မတတ်
ဖြစ်နေပေမဲ့ မိုးရွာနှုန်းကလည်းတစ်စက်မှ
လျော့မသွားပေ။
သူ့ခါးကိုဖက်ထားရင်းမှ ချစ်ချစ်လည်း
ချမ်းလွန်း၍ မေးရိုးအချင်းချင်းတောင်
ရိုက်မိလောက်အောင် တုန်ယင်နေလေပြီ။
အချိန်တော်တော်ကြာအောင် အားမလျော့တမ်း
ဆိုင်ကယ်မောင်းနေသည့် သူ့ကိုပို၍သနားမိတယ်။
သူကပိုဆိုးတော့မှာပေါ့။
ချစ်ချစ်ကမှ မိုးပက်ရင်သူ့ခန္ဓာကိုယ်နဲ့
အကာအကွယ်ယူလို့ရသေးတယ်။
သူကြတော့ ဦးထုပ်ဆောင်းထားပေမဲ့
မိုးကကြမ်းတော့ တော်တော်လေးခံစားနေရမှာပဲ။
*အော်..ရန်ကုန်မှာ မိုးမထိ၊လေမထိ နေရတဲ့
ငါ့ရဲ့ရွှေမင်းသားလေးက အခုတော့
တောမှာလာပြီး ဒုက္ခခံနေရတယ်။*
တွေးလေ၊တွေးလေ သူ့ကိုသနားလာလေမို့
သူ့ရဲ့ခါးကို ပို၍တင်းကြပ်စွာ
ဖက်ပေးထားလိုက်မိသည်။
အနည်းဆုံးတော့ သူအနွေးဓာတ်လေး
ရတာပေါ့။
*
*
*
"ဟာ..ဆိုင်ကယ်ကစက်ရပ်သွားပြီ..
နှိုးလို့မရတော့ဘူး..."
"ဟင်..အဲ့ဒါဆို..ဘယ်လိုလုပ်ကြမလဲ..."
"မင်းခဏဆင်းစမ်း..ငါကြည့်ကြည့်လိုက်မယ်.."
ကျုံတနော်တံတား ဟိုဘက်ကမ်းရောက်မှ
ဆိုင်ကယ်က ရုတ်တရက်မောင်း၍
မရတော့ပဲ စက်ရပ်သွားလေသည်။
ချစ်ချစ်ကို ဆိုင်ကယ်ပေါ်မှဆင်းခိုင်းပြီး
သူကတော့ ဆိုင်ကယ်ကိုဒေါက်ထောက်ကာ
လိုက်ကြည့်၍ စက်ပြန်နှိုးပေမဲ့မရတော့ပေ။
အခုမှ သေချာကြည့်မိသည်မှာ ရှိုင်း၏
မျက်နှာလေးဟာ သွေးမရှိတော့သလိုဖြစ်နေပြီး
နှုတ်ခမ်းတွေကလည်း ပြာနှမ်းနေလေသည်။
"ဆိုင်ကယ်က ဘာဖြစ်တာလဲဟင်.."
"ဆီကတော့ နည်းနည်းရှိသေးတယ်
..အင်ဂျင်ထဲကိုရေ၀င်သွားတာလား..
လီဗာတစ်ခုခု ဖြစ်တာလားမသိဘူး.."
"အဲ့ဒါဆို..ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ..
မှောင်လာပြီနော်..ဘယ်လိုလုပ်ကြမလဲ.."
ခြောက်နာရီခွဲကျော်လောက်ရှိပြီဖြစ်၍
မိုးအုံ့နေတာနှင့်ပါရောပြီး ပတ်၀န်းကျင်ကပါ
မှောင်နေလေသည်။
အရေးထဲဆိုင်ကယ်ကပျက်တော့
ဘယ်လိုရှေ့ဆက်ရပါ့မလဲ။
မိုးကလည်း သည်းကြီးမည်းကြီး
ဆက်ရွာနေတော့ ၀ယ်လာသမျှအထုပ်တွေလည်း
စိုကုန်ပြီလားမသိ။
"ဟိုမှာ..လက္ဖက်ရည်ဆိုင်တွေ့တယ်..
ငါတို့ အဲ့ကိုသွားပြီး..အကူအညီတောင်းရအောင်..
ဆိုင်ကယ်ကို အဲ့ဒီ့ဘက်တွန်းသွားလိုက်မယ်.."
ကားလမ်းမဘေးသို့ ဆိုင်ကယ်ကိုတွန်းကာ
ဆင်းလာခဲ့လိုက်ပြီး နှစ်ယောက်သား
ကျုံတနော် လှေဆိပ်အနီးက
လက္ဖက်ရည်ဆိုင်ထဲသို့ ၀င်သွားမိကြလေသည်။
မိုးသည်းတော့ လက္ဖက်ရည်ဆိုင်ပိုင်ရှင်ကလည်း
ပစ္စည်းတွေ အကုန်သိမ်းသွားတယ်ထင်ပါရဲ့
ဓာတ်ဗူးတစ်ဗူးတောင် မတွေ့ရတော့ပေ။
"ဟာ..ကလေးတို့မိုးမိလာကြတာလား..
လာ..လာ..အထဲ၀င်ကြ.."
ဆိုင်ထဲသို့ ၀င်လိုက်သည်နှင့် ပိုင်ရှင်
ဦးလေးကြီးတစ်ယောက်က ဖော်ဖော်ရွေရွေပဲ
ဆက်ဆံလာလေသည်။
ရှိုင်းနဲ့ချစ်ချစ်ရဲ့ပုံစံကလည်း
ကြွက်စုတ်လေးတွေလိုပုံဖြစ်နေတော့
သနားသွားလို့ ထင်ပါရဲ့။
"ကလေးတို့က ဘယ်သွားကြမလို့လဲကွ..
မိုးတွေကလည်း အဆက်မပြတ်ရွာနေတော့
စိုရွှဲနေကြတာပဲ..အအေးပတ်ကြတော့မှာပဲ..
ကဲ..ရော့..ရေနွေးချမ်းလေးသောက်ကြ.."
ဦးလေးကြီးက အသားညိုညိုနှင့်
ရုပ်သိပ်မဖြောင့်ပေမဲ့ သဘောတော့
ကောင်းလေသည်။ရေနွေးချမ်းတွေပါ
ချပေးလာ၍ ချစ်ချစ်ရော၊ရှိုင်းပါ
အချမ်းသက်သာအောင်
ငှဲ့သောက်လိုက်မိကြသည်။
"ကျွန်တော်တို့က ဓနုဖြူကိုသွားတာလေ..
အုန်းပင်စုရွာကိုပြန်မလို့..
အဲ့ဒါဆိုင်ကယ်က ပျက်သွားတာဦးလေးရာ
အဆင်ပြေရင် ကျွန်တော်တို့ကို
ဆိုင်ကယ်လေး ဘာလေးငှားပေးလို့
ရမလားမသိဘူး..."
"အဲ့ဒါကြတော့ မိုးကလည်းငါ့တူကြီး
မြင်တဲ့အတိုင်းပဲလေ..ဒီအပတ်ထဲမှာ
မုန်တိုင်းရှိတယ်လို့ ရေဒီယိုမှာ
ကြေငြာသွားသေးတယ်ကွ
ဒီနားမှာ အရင်ကကယ်ရီသမားတွေရှိပေမဲ့
မုန်တုန်းရှိလို့ လေကြမ်း၊မိုးကြမ်းတည်းက
ပြန်သွားကြပြီကွ..ဖြစ်ချင်တော့
ဦးတို့ ဆိုင်ကယ်ကလည်း မနေ့ကမှပြတ်သွားတာ
သွားမပြင်ရသေးဘူး.."
ဘေးကြပ်နံကြပ်အခြေအနေမို့ ရှိုင်းရော၊
ချစ်ပန်းဝေပါ ဟန်မဆောင်နိုင်လောက်အောင်
မျက်နှာပျက်သွားကြလေရာ
လက္ဖက်ရည်ဆိုင်ရှင်ဦးလေးကြီးလည်း
သတိထားမိသွားလေသည်။
"ဒီလိုလုပ်ကြပါလား..ငါ့တူတို့မောင်နှမတွေ
ဒီမှာပဲ တည်းလိုက်ကြပါလား..ဦးလေးက
ရွာလယ်ပိုင်းမှာနေတာဆိုတော့
ဒီလက္ဖက်ရည်ဆိုင်မှာ နှစ်ခန်းရှိတာ
တစ်ခန်းလွတ်တယ်လေ..နောက်တစ်ခန်းကတော့
ဦးလေးရဲ့ တူကညစောင့်ပြီးနေတာပေါ့.."
ဦးလေးကြီးပြောတာ သဘာ၀ကျပေမဲ့
ချစ်ချစ်ကတော့ အကြံတစ်ခုထွက်လိုထွက်ညား
ရှိုင်း၏မျက်နှာကို အားကိုးတကြီး
ကြည့်လိုက်မိသည်။
ဒီမှာသာ တစ်ညအိပ်လိုက်ရင်
မနက်ရောက်တဲ့အခါ ရှင်းရမဲ့ဇယားတွေက
နည်းမှာ မဟုတ်ဘူး။
"ရှိုင်း..ဘယ်လိုလုပ်ကြမလဲ..
တစ်ခုခုစဉ်းစားပါအုံး.."
ဒီမှာတည်းလို့ မဖြစ်ဘူးဆိုသည့်စကားကို
ပြောလိုက်ချင်ပေမဲ့ ဦးလေးကြီးရှေ့မှာမို့
အားနာနေမိသည်။
အပြင်ကိုကြည့်လိုက်တော့လည်း
မိုးကပိုကြမ်းလာပြီး လေကလည်းပိုပြင်းလာသည်။
တကယ်ပဲ မုန်တိုင်းကဘာလို့ ဒီနေ့မှ
တိုက်ရတာလဲ။
မုန်တိုင်းတိုက်ရင်တောင် ဆိုင်ကယ်ကောင်းရင်
တော်သေးတယ်။
*အခုတော့...*
"ကျွန်တော်တို့ ဒီမှာတစ်ညလောက်
နေလိုက်ပါ့မယ်..ဦးလေးကိုဒုက္ခပေးမိပြီ..."
"ရှိုင်း!!!"
တုန်ယင်နေသော နှုတ်ခမ်းပါးကြားမှ
ရှိုင်း၏နာမည်ကို ကျယ်လောင်စွာ
ရွတ်လိုက်မိပေမဲ့ ရှိုင်းကတော့ဂရုမစိုက်ပဲ
ဦးလေးကြီးကိုသာ ကြည့်နေလေသည်။
ဦးလေးကြီးကလည်း နွေးထွေးစွာပြုံးပြလာပြီး..
"ဦးလေးနာမည်က..အုန်းကြိုင်လို့ခေါ်တယ်..
ငါ့တူတို့နေရမဲ့ အခန်းထဲမှာတော့
ဦးလေး လာအိပ်တဲ့အခါသုံးတဲ့
ခေါင်းအုံးတွေ၊စောင်တွေ၊ခြင်ထောင်တွေတော့
အဆင်သင့်ရှိပြီးသားပါ...ဦးလေးလည်း
ခဏနေ သွားတော့မှာဆိုတော့
လိုအပ်တာရှိရင် တစ်ခါတည်းပြောကြနော်
အားမနာနဲ့..."
အပြင်မှာ မုန်တိုင်းကလည်း အားမလျော့သေးတော့
ချစ်ချစ်လည်း ဘယ်လိုမှ၀င်၍
မဆုံးဖြတ်တတ်တော့ပေ။
ထို့ကြောင့် မကျေနပ်ပေမဲ့
ငြိမ်နေလိုက်ရတော့သည်။
ရင်ထဲမှာတော့ မီးဟုန်းဟုန်းတောက်လို့ပေါ့။
🌺🌺🌺🌺🌺🌺🌺🌺
အုန်းပင်စုရွာလေးတွင်တော့ မုန်တိုင်းကြောင့်
ပတ်၀န်းကျင်တစ်ခုလုံးမှုန်ဝါးနေကာ
ဘယ်အရာမှ သဲသဲကွဲကွဲ မမြင်ရလည်းပဲ
ယုယလှိုင်နှင့် ဒေါ်ဝေဝေခိုင်ကတော့
အိမ်အပေါက်၀မှနေ၍ ချစ်ပန်းဝေ၏အလာကို
မျှော်နေကြရှာလေသည်။
ဒေါ်ဝေဝေခိုင်ကတော့ စိတ်ဝေဒနာသည်ဖြစ်၍
ထိုင်နေရုံသာရှိပြီး ဘယ်လိုမှမခံစားရပေမဲ့
ယုယလှိုင်ကတော့ ခုနှစ်နာရီကျော်သည်အထိ
အိမ်ပြန်ရောက်မလာသေးသော
ချစ်ပန်းဝေကို အင်မတန်စိုးရိမ်နေမိလေသည်။
"ဟဲ့..မိလှိုင်..အိမ်ထဲကိုရေတွေပက်တယ်လေ..
ဘာဖြစ်လို့ အပေါက်၀ကြီးမှာ
လင်မျှော်သလို မျှော်နေရတာလဲ..
အချိန်တန်တော့ ပြန်ရောက်လာမှာပေါ့..
ပြန်မလာဘူးဆိုရင်တော့ လင်နောက်ကို
လိုက်သွားပြီသာမှတ်လိုက်တော့.."
"အမေရယ်..ပေါက်ကရတွေလျှောက်ပြောမနေပါနဲ့
ချစ်ချစ်မှာ ဘာရည်းစားမှမရှိဘူး
အဲ့ဒါသမီးအသိဆုံး..ကြည့်ရတာမုန်တိုင်းကြောင့်
တစ်နေရာမှာ ၀င်ခိုနေတာပဲဖြစ်လိမ့်မယ်..
အခုကိစ္စကလည်း အမေ့ကြောင့်ပဲနော်.."
"အလိုတော် သူ့ဘာသူနှံ့ကြောစွဲတာ
ဘယ့်နှယ့်ကြောင့် ငါ့အပြစ်ဖြစ်ရတာလဲ.."
"အမေ့..ကိုယ့်အပြစ်ကို သူများအပြစ်
သွားလုပ်မနေနဲ့..ယောက်ျားလေးသုံးယောက်
ပါတဲ့ခရီးကို ချစ်ချစ်ကိုထည့်လိုက်တာ
ဘယ်သူလဲ...အမေမတွေးတတ်ဘူးလား
ကိုယ့်တူမအပျိုလေးကို ဘာဖြစ်လို့
သူစိမ်းယောက်ျားတွေနဲ့ စိတ်ချလက်ချ
လွှတ်လိုက်နိုင်ရတာလဲ.."
"ယုယလှိုင်..နင်ကအဲ့ဒီ့ကောင်မအတွက်နဲ့
ကိုယ့်အမေကိုယ်တောင် ပြန်ပြောနေတယ်ပေါ့
ဟုတ်လား..နင်ပြောနေတဲ့ပုံက
ငါကပဲသူ့ကို သေလမ်းပို့လိုက်သလိုလိုနဲ့...
......
သူထွက်သွားတာ မနက်ကိုးနာရီကျော်ထဲကဟဲ့
ဈေး၀ယ်ရုံပဲဆို နေ့လည်တည်းက
ပြန်ရောက်နေလောက်ပြီ...အခုဒီအချိန်အထိ
ပြန်ရောက်မလာဘူးဆိုတည်းက
ကလေကချေကောင်နောက်ကို လိုက်သွားတာ
နေမှာပေါ့.. "
"အမေနော်ချစ်ချစ်ကို အဲ့လိုမပြောနဲ့
ချစ်ချစ်မှာ ဘာရည်းစားမှမရှိဘူး.."
"ညည်းကသိရအောင် သူ့ရဲ့ကိုယ်စောင့်နတ်
မို့လို့လား..ညည်းကိုဟိုကမပြောပဲထားလို့
ညည်းမသိတာနေမှာပေါ့..
......
ကောင်မ..လင်နောက်လိုက်တာတောင်
ငါ့ကို..အကုသိုလ်ပေးသွားတယ်..
အိမ်ပေါ်ပြန်တက်လာကြည့်
ရင်၀ကနေ တေ့ကန်ပစ်မယ်.."
"အမေတို့ကလေ..တကယ်ပဲ.."
ယုယလှိုင်လည်း ညီမ၀မ်းကွဲလေးကို
ကွာကွယ်ပြီးပြောပေးချင်ပေမဲ့ အမေ့ထံမှ
အခြားညစ်ညမ်းသည့် စကားတွေကို
ထပ်မကြားလိုတော့၍ စိတ်ပျက်စွာပဲ
ပြန်ငြိမ်နေလိုက်ရတော့သည်။
"ဟာ..ဖေကြီးပြန်လာပြီမမလှိုင်ရေ.."
အိမ်ရှေ့သံဇကာပေါက်မှ အပြင်သို့လှမ်းကြည့်ရင်း
အော်လိုက်သော ယုယချစ်၏စကားကြောင့်
အားလုံး လှည့်ကြည့်လိုက်မိကြစဉ်
ဦးတင်မောင်သည် မျက်နှာမကောင်းစွာနှင့်
အိမ်ပေါ်သို့ တက်လာတာကို
မြင်လိုက်ကြရသည်။
"အဖေ..ချမ်းအေးတို့အိမ်က ဘာပြောလိုက်လဲ.."
"ချမ်းအေးလည်း မရောက်သေးဘူးတဲ့
မိုးတွေသည်းလို့ တနေရာရာမှာ၀င်ခိုနေတာ
ဖြစ်နိုင်တယ်တဲ့..ပြန်လာရင်တော့
ချက်ချင်းလာပြောမယ်..ပြောတာပဲ.."
"ဟာ..."
ကြားရသည့် သတင်းကစိတ်မချမ်းသာစရာ
ဖြစ်နေ၍ ယုယလှိုင်လည်းစိတ်ပျက်ခြင်းအတိ
ဖြစ်သွားရလေသည်။
အမေပြောသလို ခိုးရာလိုက်သွားတယ်ဆိုရင်
ကိစ္စမရှိဘူး။
အခုက ဘယ်နေရာမှဘာဖြစ်နေမှန်းမသိတော့
ပိုပြီးရင်ပူနေရတယ်။
"အဖေ..ချမ်းအေးရဲ့ကယ်ရီကိုငှားတာက
ဘယ်သူတွေဆိုတာရော သိခဲ့ရဲ့လား.."
"သိခဲ့တယ်..မစံပယ်ရဲ့သားနဲ့သူ့သူငယ်ချင်းတဲ့
ဟိုတစ်ခါ အဖေတို့ထော်လာဂျီနဲ့
လမ်းကြုံလိုက်လာတဲ့ ကလေးတွေပါ
ကောင်လေးတွေကြည့်ရတာတော့
ရိုးသားကြပါတယ်.."
"အဲ့ဒီ့ကောင်လေးတွေက ဒီရွာကိုရောက်တာ
ရက်ပိုင်းလောက်ပဲ ရှိသေးတယ်မဟုတ်လား..
ဟိုကရန်ကုန်သားတွေ ရှင့်တူမက
အဲ့ကောင်လေးတွေနဲ့တော့ ဘာမှဖြစ်စရာ
အကြောင်းမရှိဘူး..ဖြစ်ခြင်းဖြစ်
အခြားရွာက တေလေဂျပိုးတွေနဲ့ပဲဖြစ်မှာ.."
"မဌေး..မင်းဘယ်လိုပြောလိုက်တာလဲကွ..
မင်းသားသမီးမဟုတ်တိုင်း မှိုချိုး၊မျှစ်ချိုး
မပြောနဲ့..မင်းမှာလည်းသမီးတွေမွေးထားတာပဲ
အဲ့ဒီ့လိုမစာမနာမပြောနဲ့...
..........
ချစ်ပန်းဝေဆိုတာ ငါ့အစ်မအရင်းရဲ့သမီးကွ
မမခိုင်သာကျန်းမာရေးကောင်းနေမယ်ဆို
အခုချစ်ချစ်ပျောက်နေတာကို သိရင်
ဘယ်လောက် စိတ်ပူလိုက်မလဲ
ကိုယ်ချင်းစာကြည့်စမ်းပါ..
.........
အခုကိစ္စတွေအားလုံးရဲ့ တရားခံကလည်း
မင်းပဲနော်..ငါမပြောချင်လို့ကြည့်နေတာ.."
ဦးတင်မောင်သည် ပုံမှန်ဆိုခပ်အေးအေးသမားကြီး
ဖြစ်၍ ယခုတစ်ခါစိတ်ဆိုးတာဟာ
သူ့အတွက် အပြင်းထန်ဆုံးလို့ ဆိုရပေမည်။
တစ်ချို့ကိစ္စတွေကို သိပေမဲ့
ပြဿနာမဖြစ်ချင်၍ ၀င်မပြောခဲ့ရာကနေ
အခုတော့ ကြီးမားသည့်ဆုံးရှုံးမှုကြီး
ဖြစ်တော့မည်ဟု သူအလိုလိုခံစားနေရသည်။
ချစ်ပန်းဝေ၏မိခင် မမခိုင်ကို
ကြည့်လိုက်မိတော့ စိတ်ဝေဒနာဖြစ်နေတာတောင်
မသိစိတ်က သူ့သမီးလေးပြန်လာမည့်
မိုးသည်းသော လမ်းမတစ်နေရာသို့မျှော်လို့..။
"မမခိုင်..အိမ်ထဲ၀င်တော့လေ..ဒီမှာအေးတယ်.."
ဦးတင်မောင်က ဖေးမပြီးခေါ်ပေမဲ့ မမခိုင်ကတော့
မျက်လုံးလေးတွေကို လက်ခုံလေးနှင့်ပွတ်ကာ
ထိုင်ရာမှမထပဲ မော့ကြည့်လာလေသည်။
ပြီးနောက် လမ်းမတစ်နေရာကို
လက်ညှိုးလေးထိုးပြီး...
"ဟဲ့..ချစ်ချစ်ကပြန်မလာသေးဘူးလား
ငါအရမ်းအိပ်ချင်နေပြီ..
သူပြောတော့ပြန်လာရင်
ချိုချဉ်၀ယ်လာခဲ့မယ်တဲ့..ခုထိလည်း
မစားရသေးဘူး...ချစ်ချစ်လူလိမ်..
ငါ့ကိုလိမ်ပြီးထားခဲ့တယ်.."
"မိုးတိတ်ရင် ကျွန်တော်၀ယ်ကျွေးပါ့မယ်
မမခိုင်ရယ်...အခုတော့အိပ်ချင်ရင်
သွားအိပ်လိုက်တော့နော်..
မိလှိုင်ရေ..သမီးအဒေါ်ကိုသွားသိပ်လိုက်စမ်းပါ.."
"ဟုတ်ကဲ့ပါအဖေ..."
သမီးလေးလှိုင်က မမခိုင်ကိုခေါ်၍
အိပ်ခန်းထဲသို့၀င်သွားပေမဲ့
ဦးတင်မောင်ကတော့ အိမ်မကြီးကို
ကျောပေးကာ မိုးစက်များဖုံးလွှမ်းနေသော
ရွာလမ်းတစ်နေရာကို ငေးကြည့်နေမိလေသည်။
သူ့မျက်၀န်းထဲတွင်လည်း မျက်ရည်တို့
ပြည့်လျှံနေတာပေါ့။
သူ့ရင်ဘတ်တစ်ခုလုံးလည်း မီးစကြီးနှင့်
ထိုးနေသလို ပူလောင်နေတာ
သူသာအသိဆုံးပါပဲ။
*ချစ်ချစ်ရယ်..ငါ့တူမလေးဘယ်ရောက်နေတာလဲ
လေးလေး ရင်မောလိုက်တာကွယ်..*
အခန်း(၁၂)ဆက်ရန်
🔥🔥🔥🔥🔥🔥
ဘာတွေဆက်ဖြစ်ကြမလဲ
(ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို
ကျေးဇူးအထူး တင်ရှိပါတယ်နော်
ဝေဝေဒီရက်ပိုင်းမှာ အခြားအလုပ်လေးတွေ
ရှိလို့ updateလေး ကြာသွားပါတယ်..
အရင်လို အရှည်ကြီးမတင်ပေးနိုင်တဲ့အတွက်လည်း
စိတ်မရှိကြပါနဲ့နော်..)
========================
------------------------------------
🌺အခန္း(၁၁)
🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺
"ကိုထက္ယံ ဖုန္းလာေနတယ္..ကိုရႈိင္းဆီကလား
မသိဘူး.."
ဓႏုျဖဴနာရီစင္ႀကီးအနီးတြင္ ရႈိင္းကို
ေစာင့္ေနၾကရာမွ ဖုန္းျမည္လာ၍
ခ်မ္းေအးက သတိေပးလာေလသည္။
ထက္ယံလည္း ဖုန္းကိုကိုင္ၿပီး
ၾကည့္လိုက္ေတာ့ ရႈိင္းဆီကျဖစ္သည္။
"ဟယ္လိုရႈိင္း..အေျခအေနဘာထူးလဲ..
.....
ေအးေလ..အဲ့ဒါဆိုလည္းၿပီးတာပဲ..
.......
မိုး႐ြာေတာ့မယ္နဲ႔တူတယ္..ငါတို႔အရင္
ျပန္ႏွင့္လိုက္မယ္ေနာ္..
.....ေအး..ေအး..
မင္းတို႔လည္း..ဂ႐ုစိုက္အုံး.."
အုံ႔မႈိင္းေနေသာ တိမ္သားထုႀကီးကိုၾကည့္ၿပီး
ထက္ယံလည္း စိတ္ညစ္စြာပဲ
ဖုန္းကို ခ်ပစ္လိုက္ရသည္။
ခ်စ္ပန္းေဝဟာ ဒီအခ်ိန္အထိ ရႈိင္းကို
ေစာင့္ေနပါသတဲ့။
ဒါဟာ တမင္အကြက္ခ်ၿပီးစီစဥ္ထားတာလား။
ဒါမွမဟုတ္ ပိုက္ဆံအပိုမပါလို႔ တကယ္ႀကီး
မတတ္သာပဲ ေစာင့္ေနလိုက္ရတာလားဆိုတာ
သူလည္း ခန႔္မွန္းရခက္ေနသည္။
"ကိုထက္ယံ..ကိုရႈိင္းကဘာေျပာလိုက္တာလဲ.."
"ခ်စ္ပန္းေဝနဲ႔သူေတြ႕တယ္တဲ့..အဲ့ဒါ
မိုး႐ြာေတာ့မွာဆိုေတာ့ ငါတို႔ကိုေရွ႕ကသြားႏွင့္တဲ့..."
"ဟုတ္လား..အဲ့ဒါဆိုလည္း အျမန္သြားၾကတာေပါ့..
မိုး႐ြာေတာ့မယ္ထင္တယ္..
ငါးနာရီလည္း ခြဲေတာ့မယ္..
မိုးခ်ဳပ္သြားရင္ ေမွာင္ေနလိမ့္မယ္.."
ခ်မ္းေအးလည္း ေမွာင္မဲလာသည့္
ေကာင္းကင္ႀကီးကိုၾကည့္ၿပီး ထက္ယံကို
ႏႈိးေဆာ္လာေလသည္။
အခ်ိန္လည္း မရွိေတာ့ၿပီမို႔ ထက္ယံလည္း
ဆိုင္ကယ္ေပၚအျမန္တက္ကာ
သြားႏွင့္ဖို႔သာ စဥ္းစားလိုက္ရေတာ့သည္။
**ဒါေပမဲ့ ဘာေၾကာင့္မွန္းမသိ..
သူ႔ရင္ထဲမွာ အရမ္းေလးလံေနသလိုပဲ..**
🌺🌺🌺🌺🌺🌺🌺🌺
"မိုးဖြဲေလးေတြက်ေနၿပီ...
ရွင့္မွာမိုးကာပါလား..."
"မပါဘူး..မင္းမွာေရာပါလား..."
"ပါတယ္..ကြၽန္မရဲ႕မိုးကာယူလိုက္ပါလား
ရွင္က ႐ုပ္ရွင္မင္းသားဆိုေတာ့
ဖ်ားနာလို႔မရဘူးမဟုတ္လား..."
"႐ုပ္ရွင္မင္းသားလည္း ေယာက္်ားပဲေလ
ငါအဲ့ေလာက္မႏုဘူး..
ကိုယ့္ဟာကိုယ္သုံး..."
"ဒါေပမဲ့..ရွင္အေအးပတ္သြားမွာေပါ့.."
"ပတ္ပါေစကြာ..စကားေတာ္ေတာ္မ်ားတာပဲ
ငါ့ကိုပဲ လမ္းျပစမ္းပါ..အပိုစကားေတြ
နားမေထာင္ခ်င္ဘူး.."
ကိုယ္ကေစတနာနဲ႔ သူ႔ကိုမိုးကာေပးတဲ့ဥစၥာကို
ျပန္ေျပာတာကလည္း သည္းမခံႏိုင္စရာ။
ဆိုင္ကယ္ေမာင္းေနသည့္ သူ႔ေက်ာျပင္ႀကီးကို
ၾကည့္ၿပီး ႏႈတ္ခမ္းေလးဆူကာ
ခ်စ္ခ်စ္စိတ္ဆိုးေနမိသည္။
သူကေတာ့ သိမည္မထင္ေပ။
"ဘယ္ဘယ္ကို ဆင္းရမွာလား.."
"ဟုတ္တယ္..ဘယ္ဘက္ကိုဆင္း.."
အစပိုင္းမွာ မိုးဖြဲဖြဲေလးပဲက်ေနခဲ့ေပမဲ့
ျပင္ကသာနားသို႔ အေရာက္မွာေတာ့
မိုးသက္မုန္တိုင္းက်သကဲ့သို႔ သည္းႀကီးမည္းႀကီး
႐ြာခ်လာေလေတာ့သည္။
ေလအရမ္းတိုက္လာတိုင္း ခ်စ္ခ်စ္၏
မိုးကာေခါင္းစြပ္က အေနာက္သို႔
လန္က်သြား၍ မိုးေရေတြလာစင္ေလရာ
မ်က္လုံးေတြပါ က်ိန္းစပ္လာေသာေၾကာင့္
ရႈိင္း၏ အိက်ႌစကို ဆုပ္ကိုင္ကာ
အကာအကြယ္ ယူလိုက္ရေလသည္။
"မင္းရရဲ႕လား.."
"ဟမ္..ဘာေျပာလိုက္တာလဲ.."
သစ္ပင္ေတြေတာင္ လဲက်မတတ္
ေလေတြတအုန္းအုန္းတိုက္ၿပီး
မိုးသံပါေရာေနေလေတာ့
ရႈိင္းဘာေျပာလည္း ေကာင္းေကာင္း
မၾကားရေပ။
"ငါအျမန္ေမာင္းေတာ့မယ္..မင္းေသခ်ာကိုင္ထား"
"ဘာေျပာတာလဲ..မၾကားရဘူးလို႔..."
မိုးသည္းေန၍ ဘာမွေသခ်ာမၾကားရပဲ
ကိုယ္ကလည္းေအာ္၊သူကလည္းေအာ္ႏွင့္
ရႈပ္ေနရာ ရႈိင္းလည္းစိတ္ညစ္လာ၍
ဘာမွ ထပ္မေျပာေတာ့ပဲ ဆိုင္ကယ္ကိုသာ
အရွိန္တင္လိုက္ေတာ့သည္။
"ေအာင္မေလး.."
အေနာက္မွ ခ်စ္ပန္းေဝတစ္ေယာက္ကေတာ့
ေအာင္မေလးဟုတမိသည္အထိ လန႔္သြားၿပီး
အရွိန္ႏွင့္ ေရွ႕သို႔သြားကပ္မိေလရာ
ရႈိင္း၏ခါးကို ဖက္မိလွ်က္သား
ျဖစ္သြားေလသည္။
ထိုအေျခအေနကို ရႈိင္းသည္လည္း
သိလိုက္ေပမဲ့ အေျခအေနအရဘာမွမေျပာပဲ
ေနလိုက္ေလသည္။
သို႔ေပမဲ့ ခ်စ္ပန္းေဝကေတာ့ အခက္အခဲ
က်ေရာက္ေနသည့္ အေျခအေနျဖစ္ပါေစ
သက္ဆိုင္သူမဟုတ္ပဲ သူစိမ္းေယာက္်ားေလးကို
မထိကိုင္ခ်င္၍ လက္ေတြကို
ျပန္႐ုတ္ဖို႔ ႀကိဳးစားလိုက္ေပမဲ့ ခ်စ္ခ်စ္၏
လက္ေမာင္းတစ္ဖက္ကို ျပန္ဆြဲယူလိုက္ေသာ
လက္ဖ၀ါးႀကီးေၾကာင့္ ထိတ္လန႔္သြားရေလသည္။
"ဟာ..ရွင္ဘာလုပ္တာလဲ..."
"ၿငိမ္ၿငိမ္ေန..ေသခ်ာကိုင္ထား..
အခုခ်ိန္မွာ မင္းနဲ႔ငါႏွစ္ေယာက္ပဲရွိတာ..
မင္းျပဳတ္က်ၿပီး က်န္ခဲ့ရင္ငါ့တာ၀န္မကင္းဘူး.."
ေလသံမိုးသံေတြကို ဖုံးေအာင္ေျပာရသည့္အတြက္
ရႈိင္း၏ေလသံက မာထန္ေနေပမဲ့
ကိုယ့္ကိုမျပဳတ္က်ေစခ်င္တည္းက
ကိုယ့္အေပၚ ေစတနာရွိလို႔ပဲဟု
သတ္မွတ္လိုက္ၿပီး သူ႔ခါးကိုမဝံ့မရဲ
ဖက္ထားလိုက္ရေတာ့သည္။
ကားလမ္းေဘးတစ္ေလွ်ာက္မွာရွိေသာ
သစ္ပင္တိုင္း၏ အကိုင္းအခက္မ်ားသည္
ေၾကာက္႐ြံ႕စရာေကာင္းေလာက္ေအာင္
ရမ္းခါေနၾကၿပီး လဲၿပိဳက်ေတာ့မတတ္
ျဖစ္ေနေပမဲ့ မိုး႐ြာႏႈန္းကလည္းတစ္စက္မွ
ေလ်ာ့မသြားေပ။
သူ႔ခါးကိုဖက္ထားရင္းမွ ခ်စ္ခ်စ္လည္း
ခ်မ္းလြန္း၍ ေမး႐ိုးအခ်င္းခ်င္းေတာင္
႐ိုက္မိေလာက္ေအာင္ တုန္ယင္ေနေလၿပီ။
အခ်ိန္ေတာ္ေတာ္ၾကာေအာင္ အားမေလ်ာ့တမ္း
ဆိုင္ကယ္ေမာင္းေနသည့္ သူ႔ကိုပို၍သနားမိတယ္။
သူကပိုဆိုးေတာ့မွာေပါ့။
ခ်စ္ခ်စ္ကမွ မိုးပက္ရင္သူ႔ခႏၶာကိုယ္နဲ႔
အကာအကြယ္ယူလို႔ရေသးတယ္။
သူၾကေတာ့ ဦးထုပ္ေဆာင္းထားေပမဲ့
မိုးကၾကမ္းေတာ့ ေတာ္ေတာ္ေလးခံစားေနရမွာပဲ။
For Me, [8/13/2025 7:19 PM]
*ေအာ္..ရန္ကုန္မွာ မိုးမထိ၊ေလမထိ ေနရတဲ့
ငါ့ရဲ႕ေ႐ႊမင္းသားေလးက အခုေတာ့
ေတာမွာလာၿပီး ဒုကၡခံေနရတယ္။*
ေတြးေလ၊ေတြးေလ သူ႔ကိုသနားလာေလမို႔
သူ႔ရဲ႕ခါးကို ပို၍တင္းၾကပ္စြာ
ဖက္ေပးထားလိုက္မိသည္။
အနည္းဆုံးေတာ့ သူအေႏြးဓာတ္ေလး
ရတာေပါ့။
*
*
*
"ဟာ..ဆိုင္ကယ္ကစက္ရပ္သြားၿပီ..
ႏႈိးလို႔မရေတာ့ဘူး..."
"ဟင္..အဲ့ဒါဆို..ဘယ္လိုလုပ္ၾကမလဲ..."
"မင္းခဏဆင္းစမ္း..ငါၾကည့္ၾကည့္လိုက္မယ္.."
က်ဳံတေနာ္တံတား ဟိုဘက္ကမ္းေရာက္မွ
ဆိုင္ကယ္က ႐ုတ္တရက္ေမာင္း၍
မရေတာ့ပဲ စက္ရပ္သြားေလသည္။
ခ်စ္ခ်စ္ကို ဆိုင္ကယ္ေပၚမွဆင္းခိုင္းၿပီး
သူကေတာ့ ဆိုင္ကယ္ကိုေဒါက္ေထာက္ကာ
လိုက္ၾကည့္၍ စက္ျပန္ႏႈိးေပမဲ့မရေတာ့ေပ။
အခုမွ ေသခ်ာၾကည့္မိသည္မွာ ရႈိင္း၏
မ်က္ႏွာေလးဟာ ေသြးမရွိေတာ့သလိုျဖစ္ေနၿပီး
ႏႈတ္ခမ္းေတြကလည္း ျပာႏွမ္းေနေလသည္။
"ဆိုင္ကယ္က ဘာျဖစ္တာလဲဟင္.."
"ဆီကေတာ့ နည္းနည္းရွိေသးတယ္
..အင္ဂ်င္ထဲကိုေရ၀င္သြားတာလား..
လီဗာတစ္ခုခု ျဖစ္တာလားမသိဘူး.."
"အဲ့ဒါဆို..ကြၽန္မတို႔ဘယ္လိုလုပ္ၾကမလဲ..
ေမွာင္လာၿပီေနာ္..ဘယ္လိုလုပ္ၾကမလဲ.."
ေျခာက္နာရီခြဲေက်ာ္ေလာက္ရွိၿပီျဖစ္၍
မိုးအုံ႔ေနတာႏွင့္ပါေရာၿပီး ပတ္၀န္းက်င္ကပါ
ေမွာင္ေနေလသည္။
အေရးထဲဆိုင္ကယ္ကပ်က္ေတာ့
ဘယ္လိုေရွ႕ဆက္ရပါ့မလဲ။
မိုးကလည္း သည္းႀကီးမည္းႀကီး
ဆက္႐ြာေနေတာ့ ၀ယ္လာသမွ်အထုပ္ေတြလည္း
စိုကုန္ၿပီလားမသိ။
"ဟိုမွာ..လကၹက္ရည္ဆိုင္ေတြ႕တယ္..
ငါတို႔ အဲ့ကိုသြားၿပီး..အကူအညီေတာင္းရေအာင္..
ဆိုင္ကယ္ကို အဲ့ဒီ့ဘက္တြန္းသြားလိုက္မယ္.."
ကားလမ္းမေဘးသို႔ ဆိုင္ကယ္ကိုတြန္းကာ
ဆင္းလာခဲ့လိုက္ၿပီး ႏွစ္ေယာက္သား
က်ဳံတေနာ္ ေလွဆိပ္အနီးက
လကၹက္ရည္ဆိုင္ထဲသို႔ ၀င္သြားမိၾကေလသည္။
မိုးသည္းေတာ့ လကၹက္ရည္ဆိုင္ပိုင္ရွင္ကလည္း
ပစၥည္းေတြ အကုန္သိမ္းသြားတယ္ထင္ပါရဲ႕
ဓာတ္ဗူးတစ္ဗူးေတာင္ မေတြ႕ရေတာ့ေပ။
"ဟာ..ကေလးတို႔မိုးမိလာၾကတာလား..
လာ..လာ..အထဲ၀င္ၾက.."
ဆိုင္ထဲသို႔ ၀င္လိုက္သည္ႏွင့္ ပိုင္ရွင္
ဦးေလးႀကီးတစ္ေယာက္က ေဖာ္ေဖာ္ေ႐ြေ႐ြပဲ
ဆက္ဆံလာေလသည္။
ရႈိင္းနဲ႔ခ်စ္ခ်စ္ရဲ႕ပုံစံကလည္း
ႂကြက္စုတ္ေလးေတြလိုပုံျဖစ္ေနေတာ့
သနားသြားလို႔ ထင္ပါရဲ႕။
"ကေလးတို႔က ဘယ္သြားၾကမလို႔လဲကြ..
မိုးေတြကလည္း အဆက္မျပတ္႐ြာေနေတာ့
စို႐ႊဲေနၾကတာပဲ..အေအးပတ္ၾကေတာ့မွာပဲ..
ကဲ..ေရာ့..ေရေႏြးခ်မ္းေလးေသာက္ၾက.."
ဦးေလးႀကီးက အသားညိဳညိဳႏွင့္
႐ုပ္သိပ္မေျဖာင့္ေပမဲ့ သေဘာေတာ့
ေကာင္းေလသည္။ေရေႏြးခ်မ္းေတြပါ
ခ်ေပးလာ၍ ခ်စ္ခ်စ္ေရာ၊ရႈိင္းပါ
အခ်မ္းသက္သာေအာင္
ငွဲ႔ေသာက္လိုက္မိၾကသည္။
"ကြၽန္ေတာ္တို႔က ဓႏုျဖဴကိုသြားတာေလ..
အုန္းပင္စု႐ြာကိုျပန္မလို႔..
အဲ့ဒါဆိုင္ကယ္က ပ်က္သြားတာဦးေလးရာ
အဆင္ေျပရင္ ကြၽန္ေတာ္တို႔ကို
ဆိုင္ကယ္ေလး ဘာေလးငွားေပးလို႔
ရမလားမသိဘူး..."
"အဲ့ဒါၾကေတာ့ မိုးကလည္းငါ့တူႀကီး
ျမင္တဲ့အတိုင္းပဲေလ..ဒီအပတ္ထဲမွာ
မုန္တိုင္းရွိတယ္လို႔ ေရဒီယိုမွာ
ေၾကျငာသြားေသးတယ္ကြ
ဒီနားမွာ အရင္ကကယ္ရီသမားေတြရွိေပမဲ့
မုန္တုန္းရွိလို႔ ေလၾကမ္း၊မိုးၾကမ္းတည္းက
ျပန္သြားၾကၿပီကြ..ျဖစ္ခ်င္ေတာ့
ဦးတို႔ ဆိုင္ကယ္ကလည္း မေန႔ကမွျပတ္သြားတာ
သြားမျပင္ရေသးဘူး.."
ေဘးၾကပ္နံၾကပ္အေျခအေနမို႔ ရႈိင္းေရာ၊
ခ်စ္ပန္းေဝပါ ဟန္မေဆာင္ႏိုင္ေလာက္ေအာင္
မ်က္ႏွာပ်က္သြားၾကေလရာ
လကၹက္ရည္ဆိုင္ရွင္ဦးေလးႀကီးလည္း
သတိထားမိသြားေလသည္။
"ဒီလိုလုပ္ၾကပါလား..ငါ့တူတို႔ေမာင္ႏွမေတြ
ဒီမွာပဲ တည္းလိုက္ၾကပါလား..ဦးေလးက
႐ြာလယ္ပိုင္းမွာေနတာဆိုေတာ့
ဒီလကၹက္ရည္ဆိုင္မွာ ႏွစ္ခန္းရွိတာ
တစ္ခန္းလြတ္တယ္ေလ..ေနာက္တစ္ခန္းကေတာ့
ဦးေလးရဲ႕ တူကညေစာင့္ၿပီးေနတာေပါ့.."
ဦးေလးႀကီးေျပာတာ သဘာ၀က်ေပမဲ့
ခ်စ္ခ်စ္ကေတာ့ အႀကံတစ္ခုထြက္လိုထြက္ညား
ရႈိင္း၏မ်က္ႏွာကို အားကိုးတႀကီး
ၾကည့္လိုက္မိသည္။
ဒီမွာသာ တစ္ညအိပ္လိုက္ရင္
မနက္ေရာက္တဲ့အခါ ရွင္းရမဲ့ဇယားေတြက
နည္းမွာ မဟုတ္ဘူး။
"ရႈိင္း..ဘယ္လိုလုပ္ၾကမလဲ..
တစ္ခုခုစဥ္းစားပါအုံး.."
ဒီမွာတည္းလို႔ မျဖစ္ဘူးဆိုသည့္စကားကို
ေျပာလိုက္ခ်င္ေပမဲ့ ဦးေလးႀကီးေရွ႕မွာမို႔
အားနာေနမိသည္။
အျပင္ကိုၾကည့္လိုက္ေတာ့လည္း
မိုးကပိုၾကမ္းလာၿပီး ေလကလည္းပိုျပင္းလာသည္။
တကယ္ပဲ မုန္တိုင္းကဘာလို႔ ဒီေန႔မွ
တိုက္ရတာလဲ။
မုန္တိုင္းတိုက္ရင္ေတာင္ ဆိုင္ကယ္ေကာင္းရင္
ေတာ္ေသးတယ္။
*အခုေတာ့...*
"ကြၽန္ေတာ္တို႔ ဒီမွာတစ္ညေလာက္
ေနလိုက္ပါ့မယ္..ဦးေလးကိုဒုကၡေပးမိၿပီ..."
"ရႈိင္း!!!"
တုန္ယင္ေနေသာ ႏႈတ္ခမ္းပါးၾကားမွ
ရႈိင္း၏နာမည္ကို က်ယ္ေလာင္စြာ
႐ြတ္လိုက္မိေပမဲ့ ရႈိင္းကေတာ့ဂ႐ုမစိုက္ပဲ
ဦးေလးႀကီးကိုသာ ၾကည့္ေနေလသည္။
ဦးေလးႀကီးကလည္း ေႏြးေထြးစြာၿပဳံးျပလာၿပီး..
"ဦးေလးနာမည္က..အုန္းႀကိဳင္လို႔ေခၚတယ္..
ငါ့တူတို႔ေနရမဲ့ အခန္းထဲမွာေတာ့
ဦးေလး လာအိပ္တဲ့အခါသုံးတဲ့
ေခါင္းအုံးေတြ၊ေစာင္ေတြ၊ျခင္ေထာင္ေတြေတာ့
အဆင္သင့္ရွိၿပီးသားပါ...ဦးေလးလည္း
ခဏေန သြားေတာ့မွာဆိုေတာ့
လိုအပ္တာရွိရင္ တစ္ခါတည္းေျပာၾကေနာ္
အားမနာနဲ႔..."
အျပင္မွာ မုန္တိုင္းကလည္း အားမေလ်ာ့ေသးေတာ့
ခ်စ္ခ်စ္လည္း ဘယ္လိုမွ၀င္၍
မဆုံးျဖတ္တတ္ေတာ့ေပ။
ထို႔ေၾကာင့္ မေက်နပ္ေပမဲ့
ၿငိမ္ေနလိုက္ရေတာ့သည္။
ရင္ထဲမွာေတာ့ မီးဟုန္းဟုန္းေတာက္လို႔ေပါ့။
For Me, [8/13/2025 7:19 PM]
🌺🌺🌺🌺🌺🌺🌺🌺
အုန္းပင္စု႐ြာေလးတြင္ေတာ့ မုန္တိုင္းေၾကာင့္
ပတ္၀န္းက်င္တစ္ခုလုံးမႈန္ဝါးေနကာ
ဘယ္အရာမွ သဲသဲကြဲကြဲ မျမင္ရလည္းပဲ
ယုယလႈိင္ႏွင့္ ေဒၚေဝေဝခိုင္ကေတာ့
အိမ္အေပါက္၀မွေန၍ ခ်စ္ပန္းေဝ၏အလာကို
ေမွ်ာ္ေနၾကရွာေလသည္။
ေဒၚေဝေဝခိုင္ကေတာ့ စိတ္ေဝဒနာသည္ျဖစ္၍
ထိုင္ေန႐ုံသာရွိၿပီး ဘယ္လိုမွမခံစားရေပမဲ့
ယုယလႈိင္ကေတာ့ ခုႏွစ္နာရီေက်ာ္သည္အထိ
အိမ္ျပန္ေရာက္မလာေသးေသာ
ခ်စ္ပန္းေဝကို အင္မတန္စိုးရိမ္ေနမိေလသည္။
"ဟဲ့..မိလႈိင္..အိမ္ထဲကိုေရေတြပက္တယ္ေလ..
ဘာျဖစ္လို႔ အေပါက္၀ႀကီးမွာ
လင္ေမွ်ာ္သလို ေမွ်ာ္ေနရတာလဲ..
အခ်ိန္တန္ေတာ့ ျပန္ေရာက္လာမွာေပါ့..
ျပန္မလာဘူးဆိုရင္ေတာ့ လင္ေနာက္ကို
လိုက္သြားၿပီသာမွတ္လိုက္ေတာ့.."
"အေမရယ္..ေပါက္ကရေတြေလွ်ာက္ေျပာမေနပါနဲ႔
ခ်စ္ခ်စ္မွာ ဘာရည္းစားမွမရွိဘူး
အဲ့ဒါသမီးအသိဆုံး..ၾကည့္ရတာမုန္တိုင္းေၾကာင့္
တစ္ေနရာမွာ ၀င္ခိုေနတာပဲျဖစ္လိမ့္မယ္..
အခုကိစၥကလည္း အေမ့ေၾကာင့္ပဲေနာ္.."
"အလိုေတာ္ သူ႔ဘာသူႏွံ႔ေၾကာစြဲတာ
ဘယ့္ႏွယ့္ေၾကာင့္ ငါ့အျပစ္ျဖစ္ရတာလဲ.."
"အေမ့..ကိုယ့္အျပစ္ကို သူမ်ားအျပစ္
သြားလုပ္မေနနဲ႔..ေယာက္်ားေလးသုံးေယာက္
ပါတဲ့ခရီးကို ခ်စ္ခ်စ္ကိုထည့္လိုက္တာ
ဘယ္သူလဲ...အေမမေတြးတတ္ဘူးလား
ကိုယ့္တူမအပ်ိဳေလးကို ဘာျဖစ္လို႔
သူစိမ္းေယာက္်ားေတြနဲ႔ စိတ္ခ်လက္ခ်
လႊတ္လိုက္ႏိုင္ရတာလဲ.."
"ယုယလႈိင္..နင္ကအဲ့ဒီ့ေကာင္မအတြက္နဲ႔
ကိုယ့္အေမကိုယ္ေတာင္ ျပန္ေျပာေနတယ္ေပါ့
ဟုတ္လား..နင္ေျပာေနတဲ့ပုံက
ငါကပဲသူ႔ကို ေသလမ္းပို႔လိုက္သလိုလိုနဲ႔...
......
သူထြက္သြားတာ မနက္ကိုးနာရီေက်ာ္ထဲကဟဲ့
ေဈး၀ယ္႐ုံပဲဆို ေန႔လည္တည္းက
ျပန္ေရာက္ေနေလာက္ၿပီ...အခုဒီအခ်ိန္အထိ
ျပန္ေရာက္မလာဘူးဆိုတည္းက
ကေလကေခ်ေကာင္ေနာက္ကို လိုက္သြားတာ
ေနမွာေပါ့.. "
"အေမေနာ္ခ်စ္ခ်စ္ကို အဲ့လိုမေျပာနဲ႔
ခ်စ္ခ်စ္မွာ ဘာရည္းစားမွမရွိဘူး.."
"ညည္းကသိရေအာင္ သူ႔ရဲ႕ကိုယ္ေစာင့္နတ္
မို႔လို႔လား..ညည္းကိုဟိုကမေျပာပဲထားလို႔
ညည္းမသိတာေနမွာေပါ့..
......
ေကာင္မ..လင္ေနာက္လိုက္တာေတာင္
ငါ့ကို..အကုသိုလ္ေပးသြားတယ္..
အိမ္ေပၚျပန္တက္လာၾကည့္
ရင္၀ကေန ေတ့ကန္ပစ္မယ္.."
"အေမတို႔ကေလ..တကယ္ပဲ.."
ယုယလႈိင္လည္း ညီမ၀မ္းကြဲေလးကို
ကြာကြယ္ၿပီးေျပာေပးခ်င္ေပမဲ့ အေမ့ထံမွ
အျခားညစ္ညမ္းသည့္ စကားေတြကို
ထပ္မၾကားလိုေတာ့၍ စိတ္ပ်က္စြာပဲ
ျပန္ၿငိမ္ေနလိုက္ရေတာ့သည္။
"ဟာ..ေဖႀကီးျပန္လာၿပီမမလႈိင္ေရ.."
အိမ္ေရွ႕သံဇကာေပါက္မွ အျပင္သို႔လွမ္းၾကည့္ရင္း
ေအာ္လိုက္ေသာ ယုယခ်စ္၏စကားေၾကာင့္
အားလုံး လွည့္ၾကည့္လိုက္မိၾကစဥ္
ဦးတင္ေမာင္သည္ မ်က္ႏွာမေကာင္းစြာႏွင့္
အိမ္ေပၚသို႔ တက္လာတာကို
ျမင္လိုက္ၾကရသည္။
"အေဖ..ခ်မ္းေအးတို႔အိမ္က ဘာေျပာလိုက္လဲ.."
"ခ်မ္းေအးလည္း မေရာက္ေသးဘူးတဲ့
မိုးေတြသည္းလို႔ တေနရာရာမွာ၀င္ခိုေနတာ
ျဖစ္ႏိုင္တယ္တဲ့..ျပန္လာရင္ေတာ့
ခ်က္ခ်င္းလာေျပာမယ္..ေျပာတာပဲ.."
"ဟာ..."
ၾကားရသည့္ သတင္းကစိတ္မခ်မ္းသာစရာ
ျဖစ္ေန၍ ယုယလႈိင္လည္းစိတ္ပ်က္ျခင္းအတိ
ျဖစ္သြားရေလသည္။
အေမေျပာသလို ခိုးရာလိုက္သြားတယ္ဆိုရင္
ကိစၥမရွိဘူး။
အခုက ဘယ္ေနရာမွဘာျဖစ္ေနမွန္းမသိေတာ့
ပိုၿပီးရင္ပူေနရတယ္။
"အေဖ..ခ်မ္းေအးရဲ႕ကယ္ရီကိုငွားတာက
ဘယ္သူေတြဆိုတာေရာ သိခဲ့ရဲ႕လား.."
"သိခဲ့တယ္..မစံပယ္ရဲ႕သားနဲ႔သူ႔သူငယ္ခ်င္းတဲ့
ဟိုတစ္ခါ အေဖတို႔ေထာ္လာဂ်ီနဲ႔
လမ္းႀကဳံလိုက္လာတဲ့ ကေလးေတြပါ
ေကာင္ေလးေတြၾကည့္ရတာေတာ့
႐ိုးသားၾကပါတယ္.."
"အဲ့ဒီ့ေကာင္ေလးေတြက ဒီ႐ြာကိုေရာက္တာ
ရက္ပိုင္းေလာက္ပဲ ရွိေသးတယ္မဟုတ္လား..
ဟိုကရန္ကုန္သားေတြ ရွင့္တူမက
အဲ့ေကာင္ေလးေတြနဲ႔ေတာ့ ဘာမွျဖစ္စရာ
အေၾကာင္းမရွိဘူး..ျဖစ္ျခင္းျဖစ္
အျခား႐ြာက ေတေလဂ်ပိုးေတြနဲ႔ပဲျဖစ္မွာ.."
"မေဌး..မင္းဘယ္လိုေျပာလိုက္တာလဲကြ..
မင္းသားသမီးမဟုတ္တိုင္း မႈိခ်ိဳး၊မွ်စ္ခ်ိဳး
မေျပာနဲ႔..မင္းမွာလည္းသမီးေတြေမြးထားတာပဲ
အဲ့ဒီ့လိုမစာမနာမေျပာနဲ႔...
..........
ခ်စ္ပန္းေဝဆိုတာ ငါ့အစ္မအရင္းရဲ႕သမီးကြ
မမခိုင္သာက်န္းမာေရးေကာင္းေနမယ္ဆို
အခုခ်စ္ခ်စ္ေပ်ာက္ေနတာကို သိရင္
ဘယ္ေလာက္ စိတ္ပူလိုက္မလဲ
ကိုယ္ခ်င္းစာၾကည့္စမ္းပါ..
.........
အခုကိစၥေတြအားလုံးရဲ႕ တရားခံကလည္း
မင္းပဲေနာ္..ငါမေျပာခ်င္လို႔ၾကည့္ေနတာ.."
ဦးတင္ေမာင္သည္ ပုံမွန္ဆိုခပ္ေအးေအးသမားႀကီး
ျဖစ္၍ ယခုတစ္ခါစိတ္ဆိုးတာဟာ
သူ႔အတြက္ အျပင္းထန္ဆုံးလို႔ ဆိုရေပမည္။
တစ္ခ်ိဳ႕ကိစၥေတြကို သိေပမဲ့
ျပႆနာမျဖစ္ခ်င္၍ ၀င္မေျပာခဲ့ရာကေန
အခုေတာ့ ႀကီးမားသည့္ဆုံးရႈံးမႈႀကီး
ျဖစ္ေတာ့မည္ဟု သူအလိုလိုခံစားေနရသည္။
ခ်စ္ပန္းေဝ၏မိခင္ မမခိုင္ကို
ၾကည့္လိုက္မိေတာ့ စိတ္ေဝဒနာျဖစ္ေနတာေတာင္
မသိစိတ္က သူ႔သမီးေလးျပန္လာမည့္
မိုးသည္းေသာ လမ္းမတစ္ေနရာသို႔ေမွ်ာ္လို႔..။
"မမခိုင္..အိမ္ထဲ၀င္ေတာ့ေလ..ဒီမွာေအးတယ္.."
ဦးတင္ေမာင္က ေဖးမၿပီးေခၚေပမဲ့ မမခိုင္ကေတာ့
မ်က္လုံးေလးေတြကို လက္ခုံေလးႏွင့္ပြတ္ကာ
ထိုင္ရာမွမထပဲ ေမာ့ၾကည့္လာေလသည္။
ၿပီးေနာက္ လမ္းမတစ္ေနရာကို
လက္ညႇိဳးေလးထိုးၿပီး...
"ဟဲ့..ခ်စ္ခ်စ္ကျပန္မလာေသးဘူးလား
ငါအရမ္းအိပ္ခ်င္ေနၿပီ..
သူေျပာေတာ့ျပန္လာရင္
ခ်ိဳခ်ဥ္၀ယ္လာခဲ့မယ္တဲ့..ခုထိလည္း
မစားရေသးဘူး...ခ်စ္ခ်စ္လူလိမ္..
ငါ့ကိုလိမ္ၿပီးထားခဲ့တယ္.."
"မိုးတိတ္ရင္ ကြၽန္ေတာ္၀ယ္ေကြၽးပါ့မယ္
မမခိုင္ရယ္...အခုေတာ့အိပ္ခ်င္ရင္
သြားအိပ္လိုက္ေတာ့ေနာ္..
မိလႈိင္ေရ..သမီးအေဒၚကိုသြားသိပ္လိုက္စမ္းပါ.."
"ဟုတ္ကဲ့ပါအေဖ..."
သမီးေလးလႈိင္က မမခိုင္ကိုေခၚ၍
အိပ္ခန္းထဲသို႔၀င္သြားေပမဲ့
ဦးတင္ေမာင္ကေတာ့ အိမ္မႀကီးကို
ေက်ာေပးကာ မိုးစက္မ်ားဖုံးလႊမ္းေနေသာ
႐ြာလမ္းတစ္ေနရာကို ေငးၾကည့္ေနမိေလသည္။
သူ႔မ်က္၀န္းထဲတြင္လည္း မ်က္ရည္တို႔
ျပည့္လွ်ံေနတာေပါ့။
သူ႔ရင္ဘတ္တစ္ခုလုံးလည္း မီးစႀကီးႏွင့္
ထိုးေနသလို ပူေလာင္ေနတာ
သူသာအသိဆုံးပါပဲ။
*ခ်စ္ခ်စ္ရယ္..ငါ့တူမေလးဘယ္ေရာက္ေနတာလဲ
ေလးေလး ရင္ေမာလိုက္တာကြယ္..*
အခန္း(၁၂)ဆက္ရန္
🔥🔥🔥🔥🔥🔥
ဘာေတြဆက္ျဖစ္ၾကမလဲ
(ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို
ေက်းဇူးအထူး တင္ရွိပါတယ္ေနာ္
ေဝေဝဒီရက္ပိုင္းမွာ အျခားအလုပ္ေလးေတြ
ရွိလို႔ updateေလး ၾကာသြားပါတယ္..
အရင္လို အရွည္ႀကီးမတင္ေပးႏိုင္တဲ့အတြက္လည္း
စိတ္မရွိၾကပါနဲ႔ေနာ္..)
Comments
Post a Comment