(Unicode+Zawgyi)
(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🌺အခန်း(၁၂)
🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺
မိုးသက်မုန်းတိုင်းထန်နေသော်လည်း
ညအမှောင်ထဲတွင် ဦးတင်မောင်တစ်ယောက်
ထီးကောက်ကြီးကိုဆောင်းရင်း ရွာထိပ်သို့
တရွေ့ရွေ့နှင့် သွားနေရလေသည်။
လေပြင်း၊မိုးပြင်းသော သည်လိုအချိန်မျိူးတွင်
အပြင်ထွက်ရန် မသင့်လျှော်ပေမဲ့
တူမလေးကိုစိတ်ပူနေသောဇောနှင့်
အန္တရာယ်လည်း မမြင်နိုင်တော့ပဲ
ချမ်းအေးတို့ ခြံဝိုင်းဆီသို့သာရောက်ဖို့
စိတ်စောနေတော့သည်။
"ဗျို့..အိမ်ရှင်တို့.."
"ဟာ..ကိုတင်မောင်ကြီးထပ်လာပြန်တာလား..
တော့်တူမ ပြန်မရောက်သေးလို့လား.."
ချမ်းအေး၏အမေသည် အိမ်အပေါ်မှစီး၍
မေးလာလေရာ ဦးတင်မောင်လည်း
မျက်စိပျက်၊မျက်နှာပျက်နှင့် ခေါင်းအသာခါရင်း
အိမ်ဖိနပ်ခုံပေါ်မှာ မတ်တပ်လေးရပ်ကာ
ထီးကို ပိတ်ပစ်လိုက်သည်။
"ကျွန်တော့်တူမလေး အခုထိ
ပြန်မရောက်သေးဘူးဗျာ..အဲ့ဒါအကျိုးအကြောင်း
သိရအောင် ချမ်းအေးပြန်ရောက်ပြီလားလို့..
လာမေးတာပါ.."
"ဟော့တော်..ချမ်းအေးလည်းခုဏကမှ
ပြန်ရောက်တယ်...လာ..အိမ်ထဲ၀င်ထိုင်ပါအုံး
ဒီမှာက မိုးပက်တယ်..
နေအုံး..ကျွန်မသားကိုခေါ်ပေးမယ်..
ချမ်းအေးရေ..ချမ်းအေး..ခဏလာခဲ့စမ်း"
"ဗျာ..အမေ့ဘာလုပ်မလို့လဲ.."
နောက်ဖေးမှာ ထမင်းစားဖို့ပြင်နေသည့်
ချမ်းအေးလည်း ချက်ချင်းအိမ်ရှေ့သို့
ထွက်လာလေရာ မျက်နှာငယ်လေးနှင့်
ကြည့်နေရှာသော ဦးတင်မောင်ကို
တွေ့သွားလေသည်။
"အော်..လေးလေးတင်မောင်ပါလား..
ကျွန်တော်ပြန်ရောက်တုန်းကတော့
ချစ်ပန်းဝေတို့အကြောင်း လာမေးတယ်လို့
အမေတို့ပြောသေးတယ်..ကျွန်တော်လည်း
လမ်းမှာ ပင်ပန်းလာတော့
ရေချိုး၊ထမင်းစားပြီးမှ ထွက်လာခဲ့မလို့ပဲ..."
"အေးကွာ..ရှစ်နာရီကျော်နေပြီဆိုတော့
ချစ်ချစ်ကခုထိပြန်မရောက်သေးတာနဲ့
စိတ်ပူလို့ထပ်လာမေးတာပါကွာ..
မဌေးပြောတာတော့
မင်းတို့မနက်ကိုးနာရီကျော်တည်းက
ထွက်သွားကြတာဆို အဲ့ဒါဘယ်လိုလုပ်ပြီး
ဒီအချိန်ကြီးမှ ပြန်ရောက်ကြတာလဲ.."
ချမ်းအေးလည်း ဒီနေ့မှမုန်တိုင်းမိပြီး
ကိုထက်ယံနှင့် လမ်းမှာဒုက္ခရောက်ခဲ့ရတာတွေကို
ပြန်တွေးမိတော့ သက်ပြင်းချလိုက်မိလေသည်။
"အဲ့ဒါကဒီလိုလေးလေးရေ..သွားတုန်းကတော့
လေးယောက်အတူ သွားကြတာပဲ
ချစ်ပန်းဝေကိုတော့ ဓနုဖြူ မြို့မဈေးမှာ
ချထားပေးခဲ့တာ..
.............
ချစ်ပန်းဝေက
သူ့အဒေါ်ကယ်ရီခအပိုမပေးလိုက်လို့..ကိုရှိုင်းကို
ပြန်လာကြိုဖို့ပြောလိုက်ပေမဲ့
အဲ့အစ်ကိုတွေက အလည်လွန်ပြီး
ငါးနာရီထိုးမှ သတိရကြတယ်လေ..
.............
အဲ့ဒါနဲ့ ချစ်ပန်းဝေကလည်း
ကယ်ရီခအပိုမပါတော့..ငါးနာရီထိုးအထိ
စောင့်လိုက်ရတာပေါ့..
...........
ကျွန်တော်ရယ်
ကိုထက်ယံရယ်က အရင်ထွက်လာကြတာ
ချစ်ပန်းဝေတို့ကတော့ နောက်မှလိုက်လာတာ
မုန်တိုင်းမိတော့ ကျွန်တော်တို့လည်း
သူတို့ကို စောင့်မနေတော့ပဲ မြန်မြန်ပဲ
မောင်းလာလိုက်တာပေါ့..
.........
ဒါတောင်လိပ်ချောင်းရွာမှာ သစ်ပင်က
လမ်းမတည့်တည့်ကန့်လန့်လဲကျနေလို့
ကူပြီးဖယ်ပေးလိုက်ရသေးတယ်..
........
ဆိုင်ကယ်မပျက်လို့သာ တော်သေးတယ်
ကျွန်တော်တို့မှာ လမ်းကောင်းရင်စီးလိုက်
လမ်းဆိုးရင်ဆင်းတွန်းလိုက်နဲ့
မနည်းရွာပြန်ရောက်အောင် ပြန်လာခဲ့ရတာ..
...........
ချစ်ပန်းဝေနဲ့ ကိုရှိုင်းလည်း တစ်နေရာမှာ
၀င်ခိုမနေပဲ ဆက်မောင်းလာခဲ့ရင်တော့
ကျွန်တော်တို့လိုကြုံနေရမှာ သေချာတယ်..
သူတို့က နောက်မှထွက်လာတဲ့လူတွေဆိုတော့
ဘယ်အချိန် ပြန်ရောက်ကြမလဲတော့
မသိဘူး.."
ချမ်းအေးပြောပြလိုက်တော့မှပဲ ဦးတင်မောင်
ပို၍ စိုးရိမ်စိတ်ဖြစ်သွားတော့သည်။
ချမ်းအေးတို့က ယောက်ျားအချင်းချင်းမို့
ကိစ္စမရှိပေမဲ့ ကိုယ့်တူမကနုနုဖက်ဖက်အပျိုလေး။
မနေ့တစ်နေ့ကမှ ဆုံဖြစ်ကြတဲ့
ယောက်ျားလေးနဲ့မိန်းကလေး ညကြီးမိုးချုပ်အထိ
အတူခရီးသွားတာက မသင့်တော်ပေမဲ့
လမ်းမှာ အန္တရာယ်ကျရောက်မှာကိုသာ
ပိုစိုးရိမ်မိတာ။
မတော်တဆ ဆိုင်ကယ်များမှောက်ပြီး
ဒုက္ခရောက်နေမလားဟု တွေးလိုက်မိတိုင်း
ရင်တွေနာလာရသည်။
"တကယ်လို့..ချစ်ပန်းဝေတို့ ဘယ်နေရာ
ရောက်နေလည်း သိချင်ရင်..
အန်တီစံပယ်တို့အိမ်ကိုသွားပြီး ကိုထက်ယံကို
သွားမေးကြည့်လိုက်ပါလား..သူတို့နှစ်ယောက်က
အဆက်အသွယ်လုပ်လို့ ရရင်ရလိမ့်မယ်.."
"ဟုတ်လား..အဲ့ဒါဆိုဦးလေး မစံပယ်တို့အိမ်ကို
သွားလိုက်အုံးမယ်နော်..
ကျေးဇူးပါသားရယ်..သားမပြောရင်
ဘာကြောင့် ပြန်မလာသေးလဲ
သိရမှာမဟုတ်ဘူး.."
"ဟုတ်ကဲ့..သူတို့ပြန်ရောက်မှာပါ...
ဦးလေးစိတ်မပူပါနဲ့
ကျွန်တော်ကြည့်မိသလောက်တော့ ကိုရှိုင်းက
လူကောင်းတစ်ကောင်းပါ.."
"အေးပါသားရယ်..ဒါဆိုဦးလေး
သွားလိုက်ပါအုံးမယ်.."
ဦးတင်မောင်ထွက်သွားသည်နှင့်
ချမ်းအေး၏အမေ ဒေါ်စောလည်း
စိတ်မပူစေလို၍
အိမ်အပေါက်၀အထိ လိုက်ပို့ကာ
နှစ်သိမ့်စကားပြောပေးလေသည်။
"စိတ်မပူပါနဲ့ကိုတင်မောင်ရယ်
ချစ်ပန်းဝေလေးလည်း အချိန်တန်တော့
ပြန်ရောက်လာမှာပါ..ချမ်းအေးတို့တောင်
ခုဏမှ ပြန်ရောက်တဲ့ဟာ
သူတို့က နောက်မှလိုက်လာကြတာဆိုတော့
သိပ်မကြာရင် ပြန်ရောက်လောက်မှာပါ.."
"ကျွန်တော်လည်း အဲ့ဒီလိုပဲဆုတောင်းပါတယ်
မစံပယ်တို့အိမ်ကို သွားလိုက်အုံးမယ်ဗျာ.."
"အင်း..အင်း..တူမကိုစိတ်ပူတာလည်းပူပေါ့
ဂရုစိုက်ပြီးလည်းသွားအုံး..လမ်းတွေက
ချောနေတာ.."
ဒေါ်စော၏စေတနာစကားကို
အသိအမှတ်ပြု ခေါင်းငြိမ့်ပြနေသော
ဦးတင်မောင်တစ်ယောက် ခြံထဲသို့
မရောက်သေးခင်မှာပဲ အနောက်ခြံမှ
ရဲရင့်၏အမေ စပ်စုစိန်ဒေါ်ငွေခင်ကတွေ့သွားပြီး
ဒေါ်စောကို စကားနှိုက်ဖို့ ပြင်လေတော့သည်။
"ဟဲ့..မစော..ငါခုဏကကြားလိုက်တာ
ချစ်ပန်းဝေပြန်ရောက်မယ်ဆိုတဲ့ကိစ္စက
ဘာကိုပြောတာလဲ..မနက်ကနင့်သားတွေနဲ့
ချစ်ပန်းဝေ မြို့ကိုလမ်းကြုံလိုက်သွားတယ်ဆိုတာ
အခုထိ ပြန်မရောက်သေးတာလား.."
ဒေါ်စောနှင့် ဒေါ်ငွေခင်တို့ဆိုသည်မှ ခြံဝိုင်းချင်းက
အရှေ့အနောက် ကပ်လျှက်ဖြစ်နေ၍
ချစ်ပန်းဝေ မြို့ကိုလမ်းကြုံလိုက်သည့်ကိစ္စ
သိပေမဲ့ ပြန်မရောက်သေးဘူးဆိုတာကိုတော့
မသိရှာသေးပေ။
"ဟုတ်တယ်..မခင်ရဲ့..သားတို့အဖွဲ့က
အလည်လွန်နေတာနဲ့ ငါးနာရီထိုးမှ
ချစ်ပန်းဝေကို သွားခေါ်ဖို့သတိရကြတယ်လေ
တော်လည်းသိတယ်မဟုတ်လား မဌေးက
အရမ်းကပ်စေးကုပ်တာလေ
အခုလည်း မြို့မှာဈေးသွား၀ယ်ခိုင်းတာကို
ပိုက်ဆံအလုံအလောက် မပေးလိုက်တော့
ချစ်ချစ်ခမျာ စောစောမပြန်ရပဲ
ချမ်းအေးတို့နဲ့အတူ ပြန်ရရင်း
မုန်တိုင်းမိတာပေါ့ဟယ်..
ခုထိပြန်မရောက်သေးဘူး..."
"ဒါနဲ့ချစ်ပန်းဝေက ဘယ်သူနဲ့ပြန်လာတာလဲ.."
"မစံပယ်ရဲ့သားနဲ့တဲ့...."
"အော်..အော်.."
ဒေါ်ငွေခင်ဟာ အရင်တည်းကသူ့သားနှင့်
ချစ်ပန်းဝေကို နီးစပ်သွားမှာသေမတတ်
ကြောက်နေသူဖြစ်ပြီး ချစ်ချစ်ကိုအသားလွတ်
မုန်းတီးနေသူဖြစ်လေတော့ ယခုလည်း
ချစ်ချစ်ဒုက္ခရောက်နေတာကို
ကြိတ်ပျော်သွားလေသည်။
"ဟဲ့..ဒါနဲ့မခင်က ဒီကိုဘာလာလုပ်တာတုန်း
မိုးတွေ ဒီလောက်သည်းနေတာကို.."
"အော်..စကားကောင်းနေတာနဲ့ လာရင်းကိစ္စတောင်
မေ့သွားတယ်ဟယ်..အိမ်မှာမီးစက်မောင်းဖို့
ဆီကုန်နေလို့ ဆီလာချေးတာလေ.."
"အဲ့ဒါဆို အိမ်ပေါ်တက်ခဲ့လေ..ချမ်းအေးကို
ယူခိုင်းလိုက်မယ်.."
🌺🌺🌺🌺🌺🌺
ညရှစ်နာရီခွဲတော့မည်ဖြစ်၍ ဒေါ်စံပယ်မွှေးလည်း
သားဖြစ်သူကို တမျှော်မျှော်လုပ်နေမိရင်းနှင့်
ထမင်းစားခန်းထဲတွင် ညစာစားနေသော
ထက်ယံအနားသို့ ရောက်သွားပြန်လေသည်။
"ကိုထက်..ရှိုင်းတို့ကတကယ်ပြန်လာတာရော
ဟုတ်ရဲ့လား.."
"တကယ်ပါဆို အန်တီစံပယ်ကလည်း
ဒီစကားကြီးပဲ အထပ်ထပ်အခါခါမေးနေတယ်.."
"မေးရမှာပေါ့ဟဲ့..အခုကသူတစ်ယောက်တည်း
မဟုတ်ဘူးလေ..မဌေးရဲ့တူမချစ်ချစ်နဲ့
အတူပြန်လာတာ..သူကယောက်ျားလေး
နစ်နာစရာရှိရင် ချစ်ပန်းဝေလေးပဲနစ်နာမှာ..
လမ်းမှာ တစ်ခုခုဖြစ်နေကြတာလားမသိဘူး.."
"အဲ့ဒါတော့ ကျွန်တော်လည်းမသိဘူးလေ
အန်တီရယ်...ကျွန်တော်လည်းစိတ်ပူတာပဲ
အခုကိစ္စကို အေဂျင်စီကသိသွားရင်
ကျွန်တော်လည်း အကောခံရမှာဗျ.."
"အကောခံရလည်း ခံလိုက်ပေါ့ဟယ်..
နင်ကိုက ညံ့တာ..ရှိုင်းရဲ့မန်နေဂျာလုပ်ပြီး
သူနဲ့အနီးကပ်မနေပဲ ရှေ့ကနေ
ကြိုပြန်လာရတယ်လို့..တစ်ခါတည်း
စောင့်ခေါ်ခဲ့လိုက်တော့ ဘာဖြစ်မှာမှတ်လို့လဲ.."
"အော်..အန်တီကအခုတော့ ကျွန်တော့်ကို
ဆူပြီပေါ့..ကျွန်တော်ကရှိုင်းရဲ့မန်နေဂျာဆိုတာ
အမည်ခံသပ်သပ်ပါဗျာ..ဘယ်တုန်းကများ
ဒီကောင့်ကို ကျွန်တော်ထိန်းချုပ်လို့ရခဲ့လဲ
..အခုကိစ္စကလည်း
ကျွန်တော်တို့ကိုအရင်ပြန်နှင့်ဖို့ သူ့ဘက်ကစပြီး
ပြောတာလေ..ဒီလိုမုန်တိုင်းတိုက်မယ်မှန်းသိရင်
ကျွန်တော်တို့လည်း ဘယ်အရင်ပြန်နှင့်ပါ့မလဲ.."
ဒေါ်စံပယ်မွှေးလည်း သားဖြစ်သူနှင့်ချစ်ပန်းဝေကို
စိတ်ပူပြီး ထက်ယံကိုသာဖိဆူနေမိတာဟာ
မှားမှန်းသိပေမဲ့ မတတ်နိုင်ပေ။
အခုက ရှိုင်းတစ်ယောက်တည်းမဟုတ်ပဲ
သူများအိမ်က သမီးပျိုလေးနဲ့ဆိုတော့
မပူလို့က မဖြစ်ပြန်ဘူး။
"အန်တီစံပယ်ရေ..အိမ်ရှေ့မှာမမချစ်ရဲ့ဦးလေး
ရောက်နေတယ်..မေးစရာရှိလို့တဲ့.."
ခုဏကမှ အိမ်ရှေ့ခန်းမှာတီဗွီကြည့်နေသော
တူမလေးလည်း ထမင်းစားခန်းထဲသို့
ရောက်လာပြီး ချစ်ချစ်၏ဦးလေး
ရောက်လာကြောင်း ပြောလာလေရာ
ဒေါ်စံပယ်မွှေးတစ်ယောက်
ခေါင်းမီးတောက်ရတော့မည်ဟု
ကြိုသိလိုက်လေသည်။
သို့ပေမဲ့ အတတ်နိုင်ဆုံး မျက်နှာအမူအရာကို
ထိန်းသိမ်းလိုက်ကာ ကိုတင်မောင်ကို
ထွက်တွေ့ရတော့သည်။
"ကိုတင်မောင်..ချစ်ချစ်နဲ့သား
ပြန်မရောက်သေးလို့ လာမေးတာလား.."
"ဟုတ်ပါတယ်..မစံပယ်..တူမလေးက
ဒီအချိန်အထိ ပြန်မရောက်သေးတော့
ကျွန်တော်လည်း ဘယ်လိုစိတ်အေးနိုင်ပါ့မလဲ
အခုလေးတင် ချမ်းအေးတို့အိမ်ကနေ
ပြန်လာတာဗျ..ချမ်းအေးကသူနဲ့အတူပြန်လာတဲ့
ကောင်လေးနဲ့တော့ ဖုန်းအဆက်အသွယ်
ရနိုင်တယ်ပြောလို့ လာမေးကြည့်တာပါ..."
အိမ်ရှေ့ခန်းထဲတွင်တော့ ဦးတင်မောင်နှင့်
ဒေါ်စံပယ်မွှေးက ခုံပေါ်မှာထိုင်နေပြီး
ဒေါ်စံပယ်၏တူမဒါဒါနှင့်ထက်ယံကတော့
မတ်တပ်ရပ်၍သာ ရှိနေကြလေသည်။
ဦးတင်မောင်၏စကားကိုကြားတော့
ဒေါ်စံပယ်မွှေးသည် ထက်ယံ၏မျက်နှာကို
လှမ်းကြည့်လိုက်ပြီး ပြန်ဖြေဖို့
အရိပ်အခြေပြနေလေသည်။
"ဟိုလေ..ကျွန်တော့်ဖုန်းကရေစိုပြီး
ပျက်သွားလို့ အန်တီစံပယ့်ဖုန်းနဲ့
ရှိုင်းကို ဖုန်းစက်ကြည့်သေးပါတယ်
ဒါပေမဲ့ သူ့ဖုန်းကဆက်ပိတ်ထားတယ်တဲ့
ကျွန်တော့်အထင်တော့
သူဖုန်းအားကုန်သွားလို့နေမယ်..
ဒါမှမဟုတ် မိုးတွေတအားသည်းလို့
လိုင်းမမိတာလည်းဖြစ်နိုင်ပါတယ်.."
"ဒါဆိုအခုထိ ချစ်ချစ်တို့နဲ့အဆက်အသွယ်
မရသေးဘူးပေါ့.."
"ဟုတ်ပါတယ်..."
"ဟာ..ဒါဆိုဘယ်လိုလုပ်ကြမလဲ
သူတို့ အန္တရာယ်တစ်ခုခုများ
ကြုံနေရပြီလားမသိဘူး..."
ဦးတင်မောင်၏ပုံစံဟာ သူ့တူမကို
စိုးရိမ်လွန်း၍ တော်တော်လေးကြေကွဲနေမှန်း
ပေါ်လွင်နေရာ ဒေါ်စံပယ်မွှေးလည်း
ဘယ်လို နှစ်သိမ့်ပေးရမှန်းမသိတော့ပေ။
အခုက ကိုယ့်သားနှင့်သက်ဆိုင်နေတော့
ကိုယ့်မှာလည်း တာ၀န်မကင်းမှန်းသိပေမဲ့
ရှိုင်းက လွတ်လွတ်လပ်လပ်သမားမဟုတ်ပေ။
တစ်ဖက်မှာလည်း စေ့စပ်ထားတဲ့
မိန်းကလေးက ရှိနေပြန်တယ်။
တစ်ချိန်မှာ လက်ထပ်ပေးပါ့မယ်လို့
စကားတွေကျွံပြီးကာမှ ဖောက်ဖြတ်ဖို့ကြတော့
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။
"ဟိုလေ.. သူတို့လည်းတစ်နေရာရာမှာ
မိုးခိုနေကြတာနေမှာပါ..ဒီညတော့
ပြန်ရောက်လာလောက်ကြမှာပါ
အရမ်းကြီးလည်း စိတ်မပူပါနဲ့ရှင်
ကလေးတွေလည်း သူတို့အန္တရာယ်ကို
သူတို့ သိလောက်မှာပါ..."
"အန်တီစံပယ်..တကယ်လို့
ဒီညသူတို့ပြန်မလာကြဘူးဆိုရင်ရော.."
"ဟဲ့..."
ရုတ်တရက် မပြောသင့်ဆုံးစကားကို
ထပြောလိုက်သည့် ဒါဒါအား
ထက်ယံလည်း လှမ်းဟန့်လိုက်မိသည်။
သို့ပေမဲ့ ဒီမေးခွန်းကဒီအချိန်မှာ အမေးသင့်ဆုံး
ဖြစ်နေပြန်တော့ ဒေါ်စံပယ်မွှေးလည်း
ကတိပေးရမည့်အရေး ချိန်ဆနေရတာနှင့်ပင်
မျက်နှာ ပူနေမိသည်။
ကိုတင်မောင်ဆိုတာလည်း ကိုယ်တွေနဲ့
တစ်ရွာတည်းသားတွေ..။
အဖြေမတတ်ပါက ပြဿနာဖြစ်ပြီး
တစ်ယောက်နဲ့တစ်ယောက် အမုန်းပွားကြရင်
လုံး၀အဆင်မပြေပါ။
ထို့ကြောင့် အပြတ်သားဆုံးအဖြေကို
ပေးမှ ရလိမ့်မယ်။
"တကယ်လို့ သူတို့နှစ်ယောက်လုံး
ဒီညပြန်မလာနိုင်ခဲ့ရင် ကျွန်မတို့ဘက်က
လုပ်သင့်လုပ်ထိုက်တာအားလုံး လုပ်ပေးပါ့မယ်..
ကိုတင်မောင်စိတ်မပူပါနဲ့..ကျွန်မလည်း
သမီးမွေးထားတဲ့လူပါ..
ချစ်ပန်းဝေရဲ့အရှက်နဲ့သိက္ခာကို
လုံး၀အပွန်းပဲ့ မခံစေရပါဘူး...
ကျွန်မတို့ ဒီတစ်ညစောင့်ကြည့်ကြတာပေါ့..."
အမျိုးမျိုး ဆွေးနွေးကြပြီးနောက်မှာတော့
ဦးတင်မောင်လည်း အနည်းငယ်
စိတ်အေးသွားရပြီး သူ့အိမ်သို့
ပြန်သွားလေတော့သည်။
ချစ်ပန်းဝေလေးသည် နဂိုကမှစိတ်ဝေဒနာသည်
မိခင်ကြီးကြောင့်ရော၊ဦးလေးအိမ်မှာ
ကပ်နေရသည်ဆိုသော အကြောင်းပြချက်နှင့်ပါ
ရွာထဲက သားရှင်တွေက သူ့ကိုဆို
ဟင်ဟင်တက်နေကြလေသည်။
ထို့ကြောင့် ကောင်လေးတစ်ယောက်နှင့်
တစ်ညတာ ပျောက်သွားရသည့်အခါ
အထင်သေးစရာ ပိုဖြစ်လာနိုင်၍ ဦးတင်မောင်သည်
ဒေါ်စံပယ်၏စကားကြောင့်
စိတ်သက်သာရာ ရသွားမိတာတော့
အမှန်ပါပဲ။
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
ညနေကတည်းက ရွာသွန်းနေသော
မိုးမုန်တိုင်းသည် အရှိန်လျော့နည်းသွားသည်
မရှိပဲ ပို၍အားပြင်းလာရာ
သစ်သားနှင့် ဆောက်ထားသော
လက္ဖက်ရည်ဆိုင်လေးတောင်
ယိမ်းထိုးချင်နေလေသည်။
နာရီကိုကြည့်လိုက်တော့ ဆယ်နာရီထိုးနေလေပြီ။
မိုးသံကြောင့် အိပ်မရ၍စိတ်ညစ်ရသည်ထက်
အခန်းထောင့်နားမှာ ဒူးလေးကွေး၍
တရှုံ့ရှုံ့ ရှိုက်ငိုနေသောချစ်ပန်းဝေကြောင့်
ပိုစိတ်ညစ်နေရသည်။
အခြေအနေအရပ်ရပ်ကြောင့် သူများနေရာမှာ
တည်းနေရတာကို မသိရင်ကိုယ်က
နှိပ်စက်နေသလိုနှင့် ငိုနေလိုက်တာများ
ရုပ်ရှင်မင်းသမီးတွေထက်တောင်
အငိုသန်နေသေးတယ်။
မိုးမိထား၍ ဆံပင်တွေကအခုထိ
မခြောက်သေးပဲ ခေါင်းတွေကိုက်ရသည့်ကြားထဲ
ထိုမိန်းကလေး၏ ငိုသံကြောင့်ပါ
ခေါင်းပိုကိုက်လာရသည်။
"ချစ်ပန်းဝေ..မင်းဘာလို့အဲ့လောက်တောင်
ငိုနေရတာလဲ..ငါမင်းကိုနှိပ်စက်နေမိလို့လား
အခုဒုက္ခရောက်နေတာ မင်းတစ်ယောက်တည်း
မဟုတ်ဘူးနော်.."
သူက လေသံမာ၍ဆူလိုက်တော့ နီရဲမို့အစ်နေသော
မျက်လုံး၀ိုင်းဝိုင်းလေးတွေနှင့်
ပြန်ကြည့်လာသည်ကို ဖယောင်းတိုင်မီး
အလင်းရောင်ကြောင့် သူသေချာ
မြင်နေရလေသည်။
အောက်နှုတ်ခမ်းလုံးလုံးလေးကိုလည်း
ကိုက်ထားလိုက်တာများ ပြတ်ထွက်တော့မလား
မှတ်ရတယ်။
"ရှင်ကယောက်ျားလေးဆိုတော့
မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်ကို
ဘယ်နားလည်ပါ့မလဲ..
လေးလေးကလည်း ကျွန်မကို
အရမ်းစိတ်ပူနေလောက်ပြီ...
ရှင့်သူငယ်ချင်းကရော မဆက်သွယ်ဘူးလား"
"အစောပိုင်းက ဆက်ကြည့်သေးတယ်
လိုင်းမမိဘူး..အခုတော့ဖုန်းကအားကုန်ပြီး
စက်ပိတ်သွားပြီ....."
"အဲ့ဒါဆို ဘယ်လိုဆက်လုပ်ကြမလဲ
ဒီမှာပဲ တစ်ညလုံးနေရတော့မှာပေါ့..အဟင့်.."
ရွာပြန်ရောက်တဲ့အခါ ယောက်ျားတစ်ယောက်နဲ့ တစ်ညလုံးအတူပျောက်သွားပြီးမှ ပြန်လာတဲ့
မိန်းကလေးဆိုပြီး ပတ်၀န်းကျင်က
ဘယ်လိုမြင်ကြမလဲဆိုတာပါ
တွေးရင်းငိုနေမိပေမဲ့
သူ့ကိုတော့ ထုတ်မပြောချင်ပေ။
"မိုးနဲနဲတိတ်တာနဲ့ ရွာပြန်လို့အဆင်ပြေရင်
ဆိုင်ရှင်ကိုပြောပြီး ငါတို့ပြန်ကြမှာပဲဥစ္စာကို
ဘာတွေ တွေးပူနေတာလဲကွာ..
ငါတို့နှစ်ယောက်ကို အထင်လွဲမှာလဲ
ပူမနေနဲ့ ထက်ယံတို့ကကြိုရောက်ရင်
ပြောပြထားလိမ့်မယ်...
"ရှင်မသိဘူးနော်..ကျွန်မဦးလေးက
ရှေးရိုးဆန်တယ်..ရှင်နဲ့ကျွန်မကိစ္စကို
ပတ်၀န်းကျင်က ဟိုဟိုဒီဒီပြောလာရင်
ဦးလေးက ခံနိုင်ရည်ရှိမှာမဟုတ်ဘူး..."
"အဲ့ဒါတွေက ဖြစ်လာသေးတာမှမဟုတ်တာ
ဘာလို့တွေးပြီး စိုးရိမ်နေရတာလဲ..
အခုငါတို့ကလည်း မုန်တိုင်းမိလို့ဒီမှာ
သောင်တင်နေတာလေ...သေချာရှင်းပြရင်
ရမှာပါ.."
"တကယ်လို့မရရင်ရော..ရှင်းပြလို့မရရင်ရော"
ဒီတစ်ခါတော့ ရှိုင်းလည်းတိတ်ကျသွားလေသည်။
သူ့ဘ၀မှာ တွေဝေခဲ့ဖူးတာမျိုးမရှိပဲ။
လုပ်စရာရှိရင်လည်း တုန့်ဆိုင်းမနေတတ်ခဲ့ပေ။
အမြဲတမ်း လမ်းကြောင်းတစ်ခုတည်းကနေသာ
တစ်သတ်မှတ်တည်း လျှောက်လေ့ရှိပေမဲ့
ယခုတော့ နောက်ထပ်အတွေး၀င်လာရလေသည်။
"ငါမင်းကို တာ၀န်မယူနိုင်ဘူးချစ်ပန်းဝေ
ငါလက်ထပ်ဖို့လည်း အဆင်သင့်မဖြစ်သေးဘူး
ငါ့မှာ..ငါ့မှာစေ့စပ်ထားတဲ့မိန်းကလေးလည်း
ရှိနှင့်နေပြီးသား..."
"စေ့စပ်ထားတဲ့ မိန်းကလေး..."
ချစ်ပန်းဝေလည်း ဘာကြောင့်မှန်းမသိ
နှုတ်ဖျားမှာ "စေ့စပ်ထားတဲ့မိန်းကလေး.."ဆိုသော
စကားလုံးကိုသာ အကြိမ်ကြိမ်ရေရွတ်နေမိသည်။
ထိုစကားကို ပြောနေသည့်အချိန် ရှိုင်း၏
မျက်နှာကို ကြည့်လိုက်သည့်အခါ
ပြက်သားမှုနှင့် အရိုင်းဆန်မှုကိုသာတွေ့ရပြီး
ချစ်ချစ်၏ စိတ်ခံစားချက်ကို
စာနာသနားမှု လုံး၀ရှိမနေပေ။
"ကျွန်မကလည်း ရှင့်ကိုတာ၀န်ယူဖို့
မပြောပါဘူး..ရှင်နဲ့ကျွန်မကဘာဆိုင်တာမှတ်လို့.."
"ဒါဖြင့်ရင် ခုဏကဘာလို့အဲ့စကားကို
ပြောတာလဲ.."
"ရှင်..ရှင်မိန်းကလေးတွေရဲ့စိတ်ကို
တကယ်နားမလည်တဲ့လူပဲ..
လူ့သဘောသဘာ၀ကိုလည်းနားမလည်ဘူး.."
"ဘာလို့နားမလည်ရမှာလဲ..မင်းကိုက
အတွေးလွန်နေတာလေ..ပတ်၀န်းကျင်ဆိုတာ
အချိန်တန်ရင် မေ့သွားကြမှာပဲ
လိုက်ဂရုစိုက်နေရင် ရူးတောင်သွားအုံးမယ်.."
"အော်..ရှင်ကတစ်ချိန်မှာပြန်မဲ့လူဆိုတော့
ပြောအားရှိတာပေါ့..ကျွန်မကဒီနေရာမှာ
တစ်သက်လုံး ကျန်နေခဲ့ရမဲ့လူရှင့်..
စကားကိုကြည့်ပြော..
ရှင့်ညီမဖြစ်မှရှင်သိလိမ့်မယ်"
"မင်းဘာစကားပြောတာလဲ.."
သူ့ညီမကိုထိတော့ ချက်ချင်းပဲထရပ်လာပြီး
ချစ်ချစ်၏ဘေးနားကို ရောက်လာလေသည်။
"ဟေ့..မင်းငါ့ညီမကိုဘာမှထည့်ပြောစရာ
အကြောင်းမရှိဘူးနော်...
သူကမင်းလို ယောက်ျားလေးတွေနဲ့လည်း
လမ်းကြုံလိုက်တတ်တဲ့ မိန်းကလေးမဟုတ်ဘူး.."
"ရှင်စကားပြောတာဆင်ခြင်နော်
ကျွန်မကို မဆော်ကားနဲ့.."
ချစ်ပန်းဝေလည်း သည်းမခံနိုင်တော့ပဲ
ထရပ်ကာ ရှိုင်း၏ရင်ဘတ်ကို
ပိတ်တွန်းပစ်လိုက်တော့သည်။
ရှိုင်းသည်လည်း ကိုယ်ထိလက်ရောက်
လုပ်လာသည့် ချစ်ပန်းဝေကို
ဒေါသပိုထွက်လာကာ မျက်ထောက်နီကြီးနှင့်
ကြည့်ပစ်လိုက်သည်။
"ဒီမှာချစ်ပန်းဝေ...မင့်ကိုဈေးကနေ
ငါပြန်ခေါ်လာမပေးခဲ့ဘူးဆိုရင် အခုချိန်မှာ
ဘယ်ကောင်ဆွဲလို့ ဆွဲမှန်းမသိပဲ
မင်းဒုက္ခရောက်နေမှာ..
........
ငါ့စေတနာကို
မင်းမစော်ကားနဲ့...မင်းဘာသာမင်း
အတွေးလွန်ပြီး
စိတ်ရှုပ်နေတာနဲ့ ငါ့ကိုလာမရမ်းနဲ့..
..........
ငါဆိုတဲ့ကောင်က ငါ့ကိုလာထိရင်
သည်းခံနေမဲ့ကောင်စား မဟုတ်ဘူး...
..........
မင်းမှာ ဦးနှောက်ပါရင် ယောက်ျားလေးတွေနဲ့
အတူသွားမဲ့ခရီးကို လိုက်သင့်လား
မလိုက်သင့်ဘူးလားဆိုတာ
အစတည်းကတွေးခဲ့ရမှာ ..အခုမှလာငိုပြမနေနဲ့
ငါမသနားတတ်ဘူး....တာ၀န်ယူပေးဖို့တော့
လာမပြောနဲ့..စိတ်ကူးထဲမှာတောင်မရှိဘူး.."
ချစ်ချစ်ကို ခြိမ်းခြောက်အပြီးမှာတော့
အခန်းထဲမှ စိတ်ဆိုး၊မာန်ဆိုးနှင့်
သူထွက်သွားလေသည်။
ချစ်ချစ်မှာတော့ နံရံကိုသာပြန်မှီထိုင်ချလိုက်ပြီး
အသံထွက်သည်အထိ ရှိုက်၍
ငိုနေမိတော့သည်။
သူကချစ်ချစ်ကို အထင်သေးပါသတဲ့။
ယောက်ျားတွေနဲ့အတူ ခရီးထွက်ဖို့ဆုံးဖြတ်ရဲတယ်
ဆိုပြီး ရွံရှာသလိုတောင် ကြည့်သွားခဲ့သေးတယ်။
ချစ်ချစ်ကရော ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ
အဒေါ်ကြီးကိုလား။
ဒီလိုဖြစ်ဖို့ ဖန်တီးလိုက်တဲ့ကံကြမ္မာကိုလား။
သူ့ညီမလေးကိုထိတော့ နာသတဲ့။
တမင်ဖန်တီးလို့ ဖြစ်လာတာမဟုတ်တဲ့
အခြေအနေမှာ ငါ့ညီမလေးသာဆိုတဲ့
စိတ်မျိုးထားပြီး ဘာကြောင့်
ကိုယ်ချင်းမစာပေးနိုင်ရတာလဲ။
🌺🌺🌺🌺🌺🌺🌺
ချစ်ပန်းဝေနှင့် စကားများပြီးနောက်
ရှိုင်းလည်း အခန်းရှေ့မှာထွက်ထိုင်နေမိသည်မှာ
ဘယ်အချိန်ရောက်လို့ ရောက်မှန်းတောင်
မသိတော့ပေ။
သတိပြန်၀င်လာသည့် အချိန်မှာတော့
ဆိုင်ထဲသို့ ရေတွေ၀င်လာသည်။
တစ်ဆက်တည်းမှာပဲ ခြံတံခါးကိုဖွင့်ပြီး
အမှောင်ထဲမှ ဓာတ်မီးတစ်လက်ကိုကိုင်ကာ
လူတစ်ယောက် ၀င်လာသည်ကို
သတိထားလိုက်မိလေသည်။
"အစ်ကိုက ဒီဆိုင်ရှင်ရဲ့တူဆိုတာလား.."
"အေးကွ..ဒီနားကအသုဘအိမ်မှာ
စောင့်ပေးနေရင်းနဲ့ သူတို့အိမ်ကမိုးယိုလို့
မနေနိုင်တာနဲ့ ပြန်လာတာ..
မင်းတို့အကြောင်းကိုတော့ ငါ့ဦးလေးငါ့ကို
လာပြောသွားပါတယ်...
ဒါနဲ့ မင်းကမအိပ်သေးဘူးလား..
တစ်နာရီတောင် ထိုးနေပြီနော်.."
"ဟုတ်ကဲ့..ကျွန်တော်လည်း အိပ်တော့မှာပါ.."
"အေး..အေး.."
ရှိုင်းလည်း စိတ်ထဲမှာအနည်းငယ်
အဆင်ပြေလာသလို ခံစားရ၍အခန်းထဲသို့
ပြန်၀င်လာလိုက်တော့ ၀င်ပေါက်ဘေးနားမှ
နံရံလေးဘေးနားတွင် ခွေခွေလေး
အိပ်မောကျနေသော ကောင်မလေးကို
တွေ့လိုက်ရလေသည်။
"ဒီကောင်မလေးကတော့ ဖျာပေါ်မှာ
သွားမအိပ်ပဲ တွေ့တဲ့နေရာမှာ အိပ်နေတော့တာပဲ.."
ရှိုင်းလည်း ဆိုင်ရှင်ဦးလေးကြီးပေးထားသည့်
ခေါင်းဦးနှစ်လုံးထဲမှ ပိုနူးညံ့သည့်တစ်ခုကို
ယူပြီး စောင်ကိုပါယူလိုက်သည်။
ပြီးနောက်ချမ်း၍ခွေပြီးအိပ်နေသော
ချစ်ပန်းဝေ၏ ဘေးနားသို့ပြန်သွား
စောင်ကို အရင်လွှားခြုံပေးလိုက်သည်။
ခေါင်းဦးကို ခုပေးဖို့ကြတော့
သူမ၏ခေါင်းကိုပါ မယူရမည်ဖြစ်၍
ညာလက်နှင့် ခေါင်းလေးကိုအသာမပြီး
ဘယ်လက်နှင့် ခေါင်းအုံးလေးကို
အငြင်သာဆုံး တွန်းထည့်ပေးလိုက်မိပေမဲ့
သူမ၏ မျက်လုံးတွေပွင့်လာမည်ဟုတော့
မထင်မှတ်ထားခဲ့မိပေ။
"ရှင်ဘာလုပ်တာလဲ..."
မျက်လုံးနှစ်လုံးပွင့်ပြီး ပါးစပ်လေးဟတာနှင့်
ရန်တွေ့မည့်ဟန် ပြင်တော့တာပဲ။
ရှိုင်းလည်း သူကိုင်ထားမိသော
သူမ၏ဦးခေါင်းကိုရော ခေါင်းဦးကိုပါ
လွတ်ပေးလိုက်ပြီး ခပ်တည်တည်ပဲ
ပြန်ဖြေလိုက်သည်။
"မင်းကလူလိုမှအိပ်မနေတာ အဲ့တော့ငါက
မကြည့်ရက်လို့ ကူညီပေးနေတာ.."
For Me, [8/15/2025 7:16 PM]
"ရှင်နော်..ကျွန်မကလူလိုမအိပ်လို့
ဘယ်လိုအိပ်နေလို့လဲ.."
"ပြောပြရမှာလား..ပြောပြရင်လည်း
မင်းကစိတ်ကောက်အုံးမယ်.."
"လူကိုလာလာမစွနဲ့နော်..."
သူမဒေါသထွက်သွားတာကို မြင်တော့
ပါးစောင်ကို လျှာနှင့်ထိုးပြီးရယ်ချင်စိတ်ကို
ထိန်းလိုက်ရသည်။
မဟုတ်ရင် ခွေးပေါက်လေးက ထကိုက်တော့မှာ။
"အိပ်မယ်ဆိုလည်း ဒီမှာတော့မအိပ်နဲ့
ဖျာပေါ်မှာသွားအိပ်.."
"မအိပ်ချင်ပါဘူး..ရှင့်ဘာသာသွားအိပ်..
ကျွန်မကတော့ ဒီနေရာမှာပဲနေမှာ.."
"ကောင်းပြီလေ..ဒါဆိုလည်းမင်းသဘောပဲ.."
ရှိုင်းလည်း ထပ်ပြီးရန်ပွဲမဆင်နွှဲချင်တော့၍
ကိုယ့်ဘာသာ ခေါင်းရင်းဘက်က
ဖျာပေါ်သို့သွားကာ နံရံကိုမှီ၍
ထိုင်နေလိုက်သည်။
ကောင်မလေးကို တစ်ချက်တစ်ချက်
ခိုးကြည့်လိုက်မိတော့ အိပ်ချင်နေတာကို
ဟန်ဆောင်ပြီးထိုင်၍ငိုက်နေများ
တစ်ကယ်ကို ပုံပျက်ပန်းပျက်ပါပဲ။
*ကိုယ်က ခေါင်းမာတယ်မှတ်နေတာ
ကိုယ့်ထက်ခေါင်းမာတဲ့ လူနဲ့လာတိုးနေတယ်..*
🌺🌺🌺🌺🌺🌺🌺🌺🌺
နောက်တစ်နေ့မနက်မှာတော့ မနေ့ညကလို
မိုးသည်းထန်စွာ မရွာတော့ပေမဲ့ မိုးတိမ်
ကင်းစင်မှုမရှိသေးပဲ မိုးဖွဲလေးကတော့
ဆက်လက် ကျဆင်းနေလေသည်။
သစ်ပင်တို့သည်လည်း စိမ်းစိုနေကာ
ပတ်၀တ်းကျင်တစ်ခုလုံး အေးမြသစ်လွင်နေပေမဲ့
ဦးတင်မောင်တို့ တစ်မိသားစုလုံးကတော့
ရတက်မအေးနိုင်ပေ။
ဦးတင်မောင်နှင့် ယုယလှိုင်ကတော့
ချစ်ပန်းဝေလေးကို စိတ်ပူ၍
သောကရောက်နေခြင်းဖြစ်ပေမဲ့
ဒေါ်ဌေး၀င်းကတော့ ချစ်ပန်းဝေနှင့်အတူ
ပျောက်သွားသူမှာ ဤရွာ၏အချမ်းသာဆုံး
သူဌေးမကြီး ဒေါ်စံပယ်၏သားဖြစ်နေ၍
မနာလိုမှုများနှင့် ၀န်တိုနေခြင်းဖြစ်လေသည်။
ဒီမနက်မှ သေချာသိလိုက်ရတာဟာ
ဒေါ်စံပယ်၏သားသည် နာမည်ကြီး
ရုပ်ရှင်မင်းသားတစ်ယောက်
ဖြစ်တယ်ဆိုတာပါပဲ။
ချစ်ပန်းဝေ၏ ကံဇာတာကိုအံ့ဩနေမိတာတော့
အမှန်ပါပဲ။
အခြားရွာက အပေအတေကောင်တွေနဲ့ဆိုရင်
လက်ခုပ်လက်ဝါး ထတီးမည်ဟု
တွေးထားမိတာမှာ အခုတော့
ဘယ်နတ်က ထပြီးမလိုက်သလဲမသိဘူး။
အရမ်းချမ်းသာတဲ့ နိုင်ငံကျော်
ရုပ်ရှင်မင်းသားနဲ့တဲ့လေ။
"ချစ်ပန်းဝေရေ...ငါဗိုက်ဆာလာတယ်ဟေ့
ဘာဟင်းချက်လဲ..."
ဘာမှမသိသေးသော လှိုင်မြင့်ဦးကတော့
ဘယ်အသုဘအိမ်မှ ပြန်လာသလဲမသိ။
ခြံထဲသို့ ၀င်လာသည်နှင့် သူ့ညီမကို
အော်ခေါ်နေတော့လေသည်။
"ဟေ့..ချစ်ပန်းဝေ.."
"သေနာကောင်...နင့်အမေကြီးတော်ကိုတမနေနဲ့
ချစ်ပန်းဝေမရှိဘူး..လင်နောက်လိုက်သွားပြီ.."
"ဗျာ..."
"မဌေး..မင်းဘာတွေလျှောက်ပြောနေတာလဲ.."
ပါးစပ်စည်းမရှိစွာ လျှောက်ပြောနေသော
မဌေးကို ဦးတင်မောင်၀င်ဟန့်လိုက်ပေမဲ့
ဒေါ်ဌေး၀င်းကတော့ မဲ့ကာရွဲ့ကာနှင့်
အတောမသတ်နိုင်ပေ။
"ညတုန်းကတော့ သူတို့ပြန်လာနိုးနဲ့
မဟုတ်ဘူးထင်လို့ ကျွန်မတိတ်နေတာ
အခုတော့ မတိတ်နိုင်တော့ဘူး..
ဒီမှာလှိုင်မြင့်ဦး..နင့်ညီမ..အမိုက်မလေ
မစံပယ်ရဲ့သားနဲ့ ခိုးရာလိုက်သွားပြီ..."
"အမေ့..ပေါက်ကရတွေလျှောက်ပြောမနေနဲ့
ကျွန်တော့်ညီမလေးက ရည်းစားတောင်
ရှိသေးတာမဟုတ်ဘူး..ဒေါ်စံပယ်ရဲ့သားက
ဘယ်တုန်းက ရွာကိုရောက်လာတာလဲ.."
"လွန်ခဲ့တဲ့သုံးရက်လောက်ကမှရောက်လာတာ
အခုတော့ နင့်ညီမကိုခိုးသွားပြီလေ..
မနေ့ညတည်းက ပြန်မလာကြတာ...
နင်ကအလေလိုက်နေတော့ ဘယ်သိမှာလဲ..."
"မဖြစ်နိုင်ဘူး..ချစ်ချစ်ကဒီလောက်ရိုးအတာ
မနေ့တစ်နေ့ကမှ ရွာကိုလာတဲ့ကောင်နဲ့
လိုက်ပြေးစရာလား..ကျွန်တော်မယုံဘူးအမေ.."
"မယုံရင် ဒေါ်စံပယ်တို့အိမ်ကိုသွားမေးဟယ်.."
"ဟာ!!!..."
"အမယ်လေး!!!..လှိုင်မြင့်ဦး
ဘယ်လိုလုပ်လိုက်တာလဲ!!!
ငါ့ဓာတ်ဗူးတော့ ကုန်ပါပြီ..."
လှိုင်းမြင့်ဦးတစ်ယောက် အရက်ရှိန်ကလည်း
မပြယ်သေးရာ ဒေါသတကြီးနှင့်
ဒေါ်ဌေး၀င်း၏ ဓာတ်ဗူးကို
ပိတ်ကန်ထည့်လိုက်တော့သည်။
"တွေ့မယ်..လှိုင်မြင့်ဦးရဲ့ညီမကိုမှ
လာထိရဲရတယ်လို့...
လှိုင်မြင့်ဦးတဲ့...တစ်ဦးပဲရှိတယ်..
ငါ့ညီမကိုထုတ်မပေးလို့ကတော့
အကုန်လုံးကို မြေလှန်ပစ်မယ်..."
"ဟဲ့..လှိုင်မြင့်ဦး...ကိုတင်မောင်ရေလုပ်ဦး
ရှင့်သား ပြဿနာသွားရှာပြီနဲ့တူတယ်.."
"အဲ့ဒါမင်းကြောင့်လေ..မင်းမွှေတဲ့မီး
တောက်!!!"
ဦးတင်မောင်လည်း သူ့မိန်းမကိုစိတ်တိုလွန်း၍
တောက်ခေါက်ခဲ့ကာ လှိုင်မြင့်ဦးနောက်သို့
ပြေးလိုက်ရလေတော့သည်။
"အမေ့..သမီးလည်းလိုက်သွားအုံးမယ်.."
"အေး..အေး..ပြဿနာတွေတော့
မဖြစ်စေနဲ့နော်.."
နောက်ဆုံးတော့ ဒေါ်ဌေး၀င်းလည်း
ကိုယ်မွှေးတဲ့မီးကိုယ်မနိုင်ပဲ လှိုင်မြင့်ဦး
သူများအိမ်မှာ သွားသောင်းကျန်းမှာကိုတွေးပြီး
ရင်ပူနေရတော့သည်။
ထိုအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် အိမ်ရှေ့မှာ
ဆိုင်ကယ်နှစ်စီး ထိုးရပ်လာပြီး
ချစ်ပန်းဝေဆင်းလာသည်ကို တွေ့လိုက်ရာ
ဒေါ်ဌေး၀င်းတစ်ယောက် အိမ်ထဲမှ
ပြေးထွက်လိုက်လေတော့သည်။
"ဒေါ်ကြီး..ဘာလို့အမောတကော
ပြေးထွက်လာရတာလဲ..."
"ချစ်ပန်းဝေ...နင့်အစ်ကိုကိုလိုက်တာစမ်း.."
"ဟမ်..အစ်ကိုကြီးကဘာဖြစ်လို့လဲ.."
"ဘာဖြစ်ရမှာလဲ..နင့်ကြောင့်ပဲပေါ့
..နင်နဲ့မစံပယ်ရဲ့သားကိစ္စကြောင့်
မစံပယ်တို့အိမ်မှာ သွားသောင်းကျန်းနေပြီ...
နင်အမြန်လိုက်သွားစမ်းပါ.."
ဒေါ်ကြီး၏စကားကြောင့် ချစ်ပန်းဝေလည်း
ဆိုင်ကယ်ပေါ်တွင်ရှိနေသောရှိုင်းကို
ပြန်ကြည့်လိုက်မိလေသည်။
"ဆိုင်ကယ်ပေါ်ကိုတက်..."
ရှိုင်း၏ခွင့်ပြုချက်ရသည်နှင့် ချစ်ပန်းဝေလည်း
ဆိုင်ကယ်ပေါ်သို့ တက်လိုက်မိတော့သည်။
အန်တီစံပယ်တို့ အိမ်ရှေ့သို့ရောက်တဲ့အခါမှာတော့
ပွဲကတော်တော် ကြမ်းနေလေပြီ။
ကိုကြီးလှိုင်မြင့်ဦးဟာ အန်တီစံပယ့်ကို
ရန်ရှာနေပြီး ရှိုင်း၏မန်နေဂျာထက်ယံနှင့်ပါ
စကားများနေလေသည်။
အခြားလူတွေကပါ စပ်စုလိုဇောနှင့်
ဝိုင်းအုံကြည့်နေကြ၍ ချစ်ပန်းဝေနှင့်
ရှိုင်းလည်း ခြံထဲသို့ပြေး၀င်ကြရတော့သည်။
"ရှိုင်းကခင်ဗျားညီမကို ခိုးပြေးတာမဟုတ်ပါဘူးလို့
ဘယ်နှစ်ခါပြောရမလဲ...
ခင်ဗျားမှာ...နားမပါဘူးလား..."
"သူတောင်းစား..မင်းဘာစကားပြောတာလဲ
တစ်ညလုံး အတူပျောက်သွားတာကို
တာ၀န်မယူချင်တာနဲ့ ခွေးစကားလာမပြောနဲ့ကွ.."
"ကိုကြီး..တော်ပါတော့..."
ထက်ယံနှင့် လက်သီးတပြင်ပြင်လုပ်ကာ
အခြေအတင်ဖြစ်နေသော လှိုင်မြင့်ဦးသည်
ချစ်ပန်းဝေ၏ ခေါ်သံကိုကြားလိုက်တော့မှ
အနောက်သို့ လှည့်ကြည့်လာလေသည်။
တစ်ဆက်တည်းမှာပဲ ချစ်ပန်းဝေ၏ဘေး၌
ရပ်နေသော ဒီရွာမှာသူတစ်ခါမှမမြင်ဖူးသည့်
အရပ်ရှည်ရှည်နှင့် ကောင်လေးကို
စူးရဲစွာ ကြည့်ပစ်လိုက်သည်။
"ရှိုင်းဆိုတာမင်းလား..."
"ဟုတ်တယ်..."
လက်ကြောတွေ၊မေးကြောတွေ တင်းနေသော
လှိုင်မြင့်ဦး၏ လေသံကဒေါသသံစွတ်နေသလို
ရှိုင်း၏လေသံကလည်း မာထန်နေလေရာ
ပြဿနာစတော့မည်ဟု ချစ်ပန်းဝေ
တွေးလိုက်မိစဉ်မှာပဲ...
"သူတောင်စား..မင်းကများငါ့ညီမကို..."
"အမယ်လေး..ငါ့သားသေပါပြီ..."
ဒေါ်စံပယ်မွှေး၏ စူးစူးရဲရဲအော်လိုက်သံနှင့်အတူ
ရှိုင်း၏ ညာဖက်ပါးရိုးသည်လည်း
ညိုမဲ စွဲသွားလေတော့သည်။
...အခန်း(၁၃)ဆက်ရန်***
🌺🌺🌺🌺🌺
(အစ်ကိုကြီးက ကြမ်းတယ်နော်...
သူ့ညီမကိုတော့ အသေချစ်တာ)
ညီမထိ darကြည့်🤭
==================
==================
Zawgyi**
🌺အခန္း(၁၂)
🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺
မိုးသက္မုန္းတိုင္းထန္ေနေသာ္လည္း
ညအေမွာင္ထဲတြင္ ဦးတင္ေမာင္တစ္ေယာက္
ထီးေကာက္ႀကီးကိုေဆာင္းရင္း ႐ြာထိပ္သို႔
တေ႐ြ႕ေ႐ြ႕ႏွင့္ သြားေနရေလသည္။
ေလျပင္း၊မိုးျပင္းေသာ သည္လိုအခ်ိန္မ်ိဴးတြင္
အျပင္ထြက္ရန္ မသင့္ေလွ်ာ္ေပမဲ့
တူမေလးကိုစိတ္ပူေနေသာေဇာႏွင့္
အႏၲရာယ္လည္း မျမင္ႏိုင္ေတာ့ပဲ
ခ်မ္းေအးတို႔ ၿခံဝိုင္းဆီသို႔သာေရာက္ဖို႔
စိတ္ေစာေနေတာ့သည္။
"ဗ်ိဳ႕..အိမ္ရွင္တို႔.."
"ဟာ..ကိုတင္ေမာင္ႀကီးထပ္လာျပန္တာလား..
ေတာ့္တူမ ျပန္မေရာက္ေသးလို႔လား.."
ခ်မ္းေအး၏အေမသည္ အိမ္အေပၚမွစီး၍
ေမးလာေလရာ ဦးတင္ေမာင္လည္း
မ်က္စိပ်က္၊မ်က္ႏွာပ်က္ႏွင့္ ေခါင္းအသာခါရင္း
အိမ္ဖိနပ္ခုံေပၚမွာ မတ္တပ္ေလးရပ္ကာ
ထီးကို ပိတ္ပစ္လိုက္သည္။
"ကြၽန္ေတာ့္တူမေလး အခုထိ
ျပန္မေရာက္ေသးဘူးဗ်ာ..အဲ့ဒါအက်ိဳးအေၾကာင္း
သိရေအာင္ ခ်မ္းေအးျပန္ေရာက္ၿပီလားလို႔..
လာေမးတာပါ.."
"ေဟာ့ေတာ္..ခ်မ္းေအးလည္းခုဏကမွ
ျပန္ေရာက္တယ္...လာ..အိမ္ထဲ၀င္ထိုင္ပါအုံး
ဒီမွာက မိုးပက္တယ္..
ေနအုံး..ကြၽန္မသားကိုေခၚေပးမယ္..
ခ်မ္းေအးေရ..ခ်မ္းေအး..ခဏလာခဲ့စမ္း"
"ဗ်ာ..အေမ့ဘာလုပ္မလို႔လဲ.."
ေနာက္ေဖးမွာ ထမင္းစားဖို႔ျပင္ေနသည့္
ခ်မ္းေအးလည္း ခ်က္ခ်င္းအိမ္ေရွ႕သို႔
ထြက္လာေလရာ မ်က္ႏွာငယ္ေလးႏွင့္
ၾကည့္ေနရွာေသာ ဦးတင္ေမာင္ကို
ေတြ႕သြားေလသည္။
"ေအာ္..ေလးေလးတင္ေမာင္ပါလား..
ကြၽန္ေတာ္ျပန္ေရာက္တုန္းကေတာ့
ခ်စ္ပန္းေဝတို႔အေၾကာင္း လာေမးတယ္လို႔
အေမတို႔ေျပာေသးတယ္..ကြၽန္ေတာ္လည္း
လမ္းမွာ ပင္ပန္းလာေတာ့
ေရခ်ိဳး၊ထမင္းစားၿပီးမွ ထြက္လာခဲ့မလို႔ပဲ..."
"ေအးကြာ..ရွစ္နာရီေက်ာ္ေနၿပီဆိုေတာ့
ခ်စ္ခ်စ္ကခုထိျပန္မေရာက္ေသးတာနဲ႔
စိတ္ပူလို႔ထပ္လာေမးတာပါကြာ..
မေဌးေျပာတာေတာ့
မင္းတို႔မနက္ကိုးနာရီေက်ာ္တည္းက
ထြက္သြားၾကတာဆို အဲ့ဒါဘယ္လိုလုပ္ၿပီး
ဒီအခ်ိန္ႀကီးမွ ျပန္ေရာက္ၾကတာလဲ.."
ခ်မ္းေအးလည္း ဒီေန႔မွမုန္တိုင္းမိၿပီး
ကိုထက္ယံႏွင့္ လမ္းမွာဒုကၡေရာက္ခဲ့ရတာေတြကို
ျပန္ေတြးမိေတာ့ သက္ျပင္းခ်လိုက္မိေလသည္။
"အဲ့ဒါကဒီလိုေလးေလးေရ..သြားတုန္းကေတာ့
ေလးေယာက္အတူ သြားၾကတာပဲ
ခ်စ္ပန္းေဝကိုေတာ့ ဓႏုျဖဴ ၿမိဳ႕မေဈးမွာ
ခ်ထားေပးခဲ့တာ..
.............
ခ်စ္ပန္းေဝက
သူ႔အေဒၚကယ္ရီခအပိုမေပးလိုက္လို႔..ကိုရႈိင္းကို
ျပန္လာႀကိဳဖို႔ေျပာလိုက္ေပမဲ့
အဲ့အစ္ကိုေတြက အလည္လြန္ၿပီး
ငါးနာရီထိုးမွ သတိရၾကတယ္ေလ..
.............
အဲ့ဒါနဲ႔ ခ်စ္ပန္းေဝကလည္း
ကယ္ရီခအပိုမပါေတာ့..ငါးနာရီထိုးအထိ
ေစာင့္လိုက္ရတာေပါ့..
...........
ကြၽန္ေတာ္ရယ္
ကိုထက္ယံရယ္က အရင္ထြက္လာၾကတာ
ခ်စ္ပန္းေဝတို႔ကေတာ့ ေနာက္မွလိုက္လာတာ
မုန္တိုင္းမိေတာ့ ကြၽန္ေတာ္တို႔လည္း
သူတို႔ကို ေစာင့္မေနေတာ့ပဲ ျမန္ျမန္ပဲ
ေမာင္းလာလိုက္တာေပါ့..
.........
ဒါေတာင္လိပ္ေခ်ာင္း႐ြာမွာ သစ္ပင္က
လမ္းမတည့္တည့္ကန္႔လန္႔လဲက်ေနလို႔
ကူၿပီးဖယ္ေပးလိုက္ရေသးတယ္..
........
ဆိုင္ကယ္မပ်က္လို႔သာ ေတာ္ေသးတယ္
ကြၽန္ေတာ္တို႔မွာ လမ္းေကာင္းရင္စီးလိုက္
လမ္းဆိုးရင္ဆင္းတြန္းလိုက္နဲ႔
မနည္း႐ြာျပန္ေရာက္ေအာင္ ျပန္လာခဲ့ရတာ..
...........
ခ်စ္ပန္းေဝနဲ႔ ကိုရႈိင္းလည္း တစ္ေနရာမွာ
၀င္ခိုမေနပဲ ဆက္ေမာင္းလာခဲ့ရင္ေတာ့
ကြၽန္ေတာ္တို႔လိုႀကဳံေနရမွာ ေသခ်ာတယ္..
သူတို႔က ေနာက္မွထြက္လာတဲ့လူေတြဆိုေတာ့
ဘယ္အခ်ိန္ ျပန္ေရာက္ၾကမလဲေတာ့
မသိဘူး.."
ခ်မ္းေအးေျပာျပလိုက္ေတာ့မွပဲ ဦးတင္ေမာင္
ပို၍ စိုးရိမ္စိတ္ျဖစ္သြားေတာ့သည္။
ခ်မ္းေအးတို႔က ေယာက္်ားအခ်င္းခ်င္းမို႔
ကိစၥမရွိေပမဲ့ ကိုယ့္တူမကႏုႏုဖက္ဖက္အပ်ိဳေလး။
မေန႔တစ္ေန႔ကမွ ဆုံျဖစ္ၾကတဲ့
ေယာက္်ားေလးနဲ႔မိန္းကေလး ညႀကီးမိုးခ်ဳပ္အထိ
အတူခရီးသြားတာက မသင့္ေတာ္ေပမဲ့
လမ္းမွာ အႏၲရာယ္က်ေရာက္မွာကိုသာ
ပိုစိုးရိမ္မိတာ။
မေတာ္တဆ ဆိုင္ကယ္မ်ားေမွာက္ၿပီး
ဒုကၡေရာက္ေနမလားဟု ေတြးလိုက္မိတိုင္း
ရင္ေတြနာလာရသည္။
"တကယ္လို႔..ခ်စ္ပန္းေဝတို႔ ဘယ္ေနရာ
ေရာက္ေနလည္း သိခ်င္ရင္..
အန္တီစံပယ္တို႔အိမ္ကိုသြားၿပီး ကိုထက္ယံကို
သြားေမးၾကည့္လိုက္ပါလား..သူတို႔ႏွစ္ေယာက္က
အဆက္အသြယ္လုပ္လို႔ ရရင္ရလိမ့္မယ္.."
"ဟုတ္လား..အဲ့ဒါဆိုဦးေလး မစံပယ္တို႔အိမ္ကို
သြားလိုက္အုံးမယ္ေနာ္..
ေက်းဇူးပါသားရယ္..သားမေျပာရင္
ဘာေၾကာင့္ ျပန္မလာေသးလဲ
သိရမွာမဟုတ္ဘူး.."
"ဟုတ္ကဲ့..သူတို႔ျပန္ေရာက္မွာပါ...
ဦးေလးစိတ္မပူပါနဲ႔
ကြၽန္ေတာ္ၾကည့္မိသေလာက္ေတာ့ ကိုရႈိင္းက
လူေကာင္းတစ္ေကာင္းပါ.."
"ေအးပါသားရယ္..ဒါဆိုဦးေလး
သြားလိုက္ပါအုံးမယ္.."
ဦးတင္ေမာင္ထြက္သြားသည္ႏွင့္
ခ်မ္းေအး၏အေမ ေဒၚေစာလည္း
စိတ္မပူေစလို၍
အိမ္အေပါက္၀အထိ လိုက္ပို႔ကာ
ႏွစ္သိမ့္စကားေျပာေပးေလသည္။
"စိတ္မပူပါနဲ႔ကိုတင္ေမာင္ရယ္
ခ်စ္ပန္းေဝေလးလည္း အခ်ိန္တန္ေတာ့
ျပန္ေရာက္လာမွာပါ..ခ်မ္းေအးတို႔ေတာင္
ခုဏမွ ျပန္ေရာက္တဲ့ဟာ
သူတို႔က ေနာက္မွလိုက္လာၾကတာဆိုေတာ့
သိပ္မၾကာရင္ ျပန္ေရာက္ေလာက္မွာပါ.."
"ကြၽန္ေတာ္လည္း အဲ့ဒီလိုပဲဆုေတာင္းပါတယ္
မစံပယ္တို႔အိမ္ကို သြားလိုက္အုံးမယ္ဗ်ာ.."
"အင္း..အင္း..တူမကိုစိတ္ပူတာလည္းပူေပါ့
ဂ႐ုစိုက္ၿပီးလည္းသြားအုံး..လမ္းေတြက
ေခ်ာေနတာ.."
ေဒၚေစာ၏ေစတနာစကားကို
အသိအမွတ္ျပဳ ေခါင္းၿငိမ့္ျပေနေသာ
ဦးတင္ေမာင္တစ္ေယာက္ ၿခံထဲသို႔
မေရာက္ေသးခင္မွာပဲ အေနာက္ၿခံမွ
ရဲရင့္၏အေမ စပ္စုစိန္ေဒၚေငြခင္ကေတြ႕သြားၿပီး
ေဒၚေစာကို စကားႏႈိက္ဖို႔ ျပင္ေလေတာ့သည္။
"ဟဲ့..မေစာ..ငါခုဏကၾကားလိုက္တာ
ခ်စ္ပန္းေဝျပန္ေရာက္မယ္ဆိုတဲ့ကိစၥက
ဘာကိုေျပာတာလဲ..မနက္ကနင့္သားေတြနဲ႔
ခ်စ္ပန္းေဝ ၿမိဳ႕ကိုလမ္းႀကဳံလိုက္သြားတယ္ဆိုတာ
အခုထိ ျပန္မေရာက္ေသးတာလား.."
ေဒၚေစာႏွင့္ ေဒၚေငြခင္တို႔ဆိုသည္မွ ၿခံဝိုင္းခ်င္းက
အေရွ႕အေနာက္ ကပ္လွ်က္ျဖစ္ေန၍
ခ်စ္ပန္းေဝ ၿမိဳ႕ကိုလမ္းႀကဳံလိုက္သည့္ကိစၥ
သိေပမဲ့ ျပန္မေရာက္ေသးဘူးဆိုတာကိုေတာ့
မသိရွာေသးေပ။
"ဟုတ္တယ္..မခင္ရဲ႕..သားတို႔အဖြဲ႕က
အလည္လြန္ေနတာနဲ႔ ငါးနာရီထိုးမွ
ခ်စ္ပန္းေဝကို သြားေခၚဖို႔သတိရၾကတယ္ေလ
ေတာ္လည္းသိတယ္မဟုတ္လား မေဌးက
အရမ္းကပ္ေစးကုပ္တာေလ
အခုလည္း ၿမိဳ႕မွာေဈးသြား၀ယ္ခိုင္းတာကို
ပိုက္ဆံအလုံအေလာက္ မေပးလိုက္ေတာ့
ခ်စ္ခ်စ္ခမ်ာ ေစာေစာမျပန္ရပဲ
ခ်မ္းေအးတို႔နဲ႔အတူ ျပန္ရရင္း
မုန္တိုင္းမိတာေပါ့ဟယ္..
ခုထိျပန္မေရာက္ေသးဘူး..."
"ဒါနဲ႔ခ်စ္ပန္းေဝက ဘယ္သူနဲ႔ျပန္လာတာလဲ.."
"မစံပယ္ရဲ႕သားနဲ႔တဲ့...."
"ေအာ္..ေအာ္.."
ေဒၚေငြခင္ဟာ အရင္တည္းကသူ႔သားႏွင့္
ခ်စ္ပန္းေဝကို နီးစပ္သြားမွာေသမတတ္
ေၾကာက္ေနသူျဖစ္ၿပီး ခ်စ္ခ်စ္ကိုအသားလြတ္
မုန္းတီးေနသူျဖစ္ေလေတာ့ ယခုလည္း
ခ်စ္ခ်စ္ဒုကၡေရာက္ေနတာကို
ႀကိတ္ေပ်ာ္သြားေလသည္။
"ဟဲ့..ဒါနဲ႔မခင္က ဒီကိုဘာလာလုပ္တာတုန္း
မိုးေတြ ဒီေလာက္သည္းေနတာကို.."
"ေအာ္..စကားေကာင္းေနတာနဲ႔ လာရင္းကိစၥေတာင္
ေမ့သြားတယ္ဟယ္..အိမ္မွာမီးစက္ေမာင္းဖို႔
ဆီကုန္ေနလို႔ ဆီလာေခ်းတာေလ.."
"အဲ့ဒါဆို အိမ္ေပၚတက္ခဲ့ေလ..ခ်မ္းေအးကို
ယူခိုင္းလိုက္မယ္.."
🌺🌺🌺🌺🌺🌺
ညရွစ္နာရီခြဲေတာ့မည္ျဖစ္၍ ေဒၚစံပယ္ေမႊးလည္း
သားျဖစ္သူကို တေမွ်ာ္ေမွ်ာ္လုပ္ေနမိရင္းႏွင့္
ထမင္းစားခန္းထဲတြင္ ညစာစားေနေသာ
ထက္ယံအနားသို႔ ေရာက္သြားျပန္ေလသည္။
"ကိုထက္..ရႈိင္းတို႔ကတကယ္ျပန္လာတာေရာ
ဟုတ္ရဲ႕လား.."
"တကယ္ပါဆို အန္တီစံပယ္ကလည္း
ဒီစကားႀကီးပဲ အထပ္ထပ္အခါခါေမးေနတယ္.."
"ေမးရမွာေပါ့ဟဲ့..အခုကသူတစ္ေယာက္တည္း
မဟုတ္ဘူးေလ..မေဌးရဲ႕တူမခ်စ္ခ်စ္နဲ႔
အတူျပန္လာတာ..သူကေယာက္်ားေလး
နစ္နာစရာရွိရင္ ခ်စ္ပန္းေဝေလးပဲနစ္နာမွာ..
လမ္းမွာ တစ္ခုခုျဖစ္ေနၾကတာလားမသိဘူး.."
"အဲ့ဒါေတာ့ ကြၽန္ေတာ္လည္းမသိဘူးေလ
အန္တီရယ္...ကြၽန္ေတာ္လည္းစိတ္ပူတာပဲ
အခုကိစၥကို ေအဂ်င္စီကသိသြားရင္
ကြၽန္ေတာ္လည္း အေကာခံရမွာဗ်.."
"အေကာခံရလည္း ခံလိုက္ေပါ့ဟယ္..
နင္ကိုက ညံ့တာ..ရႈိင္းရဲ႕မန္ေနဂ်ာလုပ္ၿပီး
သူနဲ႔အနီးကပ္မေနပဲ ေရွ႕ကေန
ႀကိဳျပန္လာရတယ္လို႔..တစ္ခါတည္း
ေစာင့္ေခၚခဲ့လိုက္ေတာ့ ဘာျဖစ္မွာမွတ္လို႔လဲ.."
"ေအာ္..အန္တီကအခုေတာ့ ကြၽန္ေတာ့္ကို
ဆူၿပီေပါ့..ကြၽန္ေတာ္ကရႈိင္းရဲ႕မန္ေနဂ်ာဆိုတာ
အမည္ခံသပ္သပ္ပါဗ်ာ..ဘယ္တုန္းကမ်ား
ဒီေကာင့္ကို ကြၽန္ေတာ္ထိန္းခ်ဳပ္လို႔ရခဲ့လဲ
..အခုကိစၥကလည္း
ကြၽန္ေတာ္တို႔ကိုအရင္ျပန္ႏွင့္ဖို႔ သူ႔ဘက္ကစၿပီး
ေျပာတာေလ..ဒီလိုမုန္တိုင္းတိုက္မယ္မွန္းသိရင္
ကြၽန္ေတာ္တို႔လည္း ဘယ္အရင္ျပန္ႏွင့္ပါ့မလဲ.."
ေဒၚစံပယ္ေမႊးလည္း သားျဖစ္သူႏွင့္ခ်စ္ပန္းေဝကို
စိတ္ပူၿပီး ထက္ယံကိုသာဖိဆူေနမိတာဟာ
မွားမွန္းသိေပမဲ့ မတတ္ႏိုင္ေပ။
အခုက ရႈိင္းတစ္ေယာက္တည္းမဟုတ္ပဲ
သူမ်ားအိမ္က သမီးပ်ိဳေလးနဲ႔ဆိုေတာ့
မပူလို႔က မျဖစ္ျပန္ဘူး။
"အန္တီစံပယ္ေရ..အိမ္ေရွ႕မွာမမခ်စ္ရဲ႕ဦးေလး
ေရာက္ေနတယ္..ေမးစရာရွိလို႔တဲ့.."
ခုဏကမွ အိမ္ေရွ႕ခန္းမွာတီဗြီၾကည့္ေနေသာ
တူမေလးလည္း ထမင္းစားခန္းထဲသို႔
ေရာက္လာၿပီး ခ်စ္ခ်စ္၏ဦးေလး
ေရာက္လာေၾကာင္း ေျပာလာေလရာ
ေဒၚစံပယ္ေမႊးတစ္ေယာက္
ေခါင္းမီးေတာက္ရေတာ့မည္ဟု
ႀကိဳသိလိုက္ေလသည္။
သို႔ေပမဲ့ အတတ္ႏိုင္ဆုံး မ်က္ႏွာအမူအရာကို
ထိန္းသိမ္းလိုက္ကာ ကိုတင္ေမာင္ကို
ထြက္ေတြ႕ရေတာ့သည္။
"ကိုတင္ေမာင္..ခ်စ္ခ်စ္နဲ႔သား
ျပန္မေရာက္ေသးလို႔ လာေမးတာလား.."
"ဟုတ္ပါတယ္..မစံပယ္..တူမေလးက
ဒီအခ်ိန္အထိ ျပန္မေရာက္ေသးေတာ့
ကြၽန္ေတာ္လည္း ဘယ္လိုစိတ္ေအးႏိုင္ပါ့မလဲ
အခုေလးတင္ ခ်မ္းေအးတို႔အိမ္ကေန
ျပန္လာတာဗ်..ခ်မ္းေအးကသူနဲ႔အတူျပန္လာတဲ့
ေကာင္ေလးနဲ႔ေတာ့ ဖုန္းအဆက္အသြယ္
ရႏိုင္တယ္ေျပာလို႔ လာေမးၾကည့္တာပါ..."
အိမ္ေရွ႕ခန္းထဲတြင္ေတာ့ ဦးတင္ေမာင္ႏွင့္
ေဒၚစံပယ္ေမႊးက ခုံေပၚမွာထိုင္ေနၿပီး
ေဒၚစံပယ္၏တူမဒါဒါႏွင့္ထက္ယံကေတာ့
မတ္တပ္ရပ္၍သာ ရွိေနၾကေလသည္။
ဦးတင္ေမာင္၏စကားကိုၾကားေတာ့
ေဒၚစံပယ္ေမႊးသည္ ထက္ယံ၏မ်က္ႏွာကို
လွမ္းၾကည့္လိုက္ၿပီး ျပန္ေျဖဖို႔
အရိပ္အေျချပေနေလသည္။
"ဟိုေလ..ကြၽန္ေတာ့္ဖုန္းကေရစိုၿပီး
ပ်က္သြားလို႔ အန္တီစံပယ့္ဖုန္းနဲ႔
ရႈိင္းကို ဖုန္းစက္ၾကည့္ေသးပါတယ္
ဒါေပမဲ့ သူ႔ဖုန္းကဆက္ပိတ္ထားတယ္တဲ့
ကြၽန္ေတာ့္အထင္ေတာ့
သူဖုန္းအားကုန္သြားလို႔ေနမယ္..
ဒါမွမဟုတ္ မိုးေတြတအားသည္းလို႔
လိုင္းမမိတာလည္းျဖစ္ႏိုင္ပါတယ္.."
"ဒါဆိုအခုထိ ခ်စ္ခ်စ္တို႔နဲ႔အဆက္အသြယ္
မရေသးဘူးေပါ့.."
"ဟုတ္ပါတယ္..."
"ဟာ..ဒါဆိုဘယ္လိုလုပ္ၾကမလဲ
သူတို႔ အႏၲရာယ္တစ္ခုခုမ်ား
ႀကဳံေနရၿပီလားမသိဘူး..."
ဦးတင္ေမာင္၏ပုံစံဟာ သူ႔တူမကို
စိုးရိမ္လြန္း၍ ေတာ္ေတာ္ေလးေၾကကြဲေနမွန္း
ေပၚလြင္ေနရာ ေဒၚစံပယ္ေမႊးလည္း
ဘယ္လို ႏွစ္သိမ့္ေပးရမွန္းမသိေတာ့ေပ။
For Me, [8/15/2025 7:16 PM]
အခုက ကိုယ့္သားႏွင့္သက္ဆိုင္ေနေတာ့
ကိုယ့္မွာလည္း တာ၀န္မကင္းမွန္းသိေပမဲ့
ရႈိင္းက လြတ္လြတ္လပ္လပ္သမားမဟုတ္ေပ။
တစ္ဖက္မွာလည္း ေစ့စပ္ထားတဲ့
မိန္းကေလးက ရွိေနျပန္တယ္။
တစ္ခ်ိန္မွာ လက္ထပ္ေပးပါ့မယ္လို႔
စကားေတြကြၽံၿပီးကာမွ ေဖာက္ျဖတ္ဖို႔ၾကေတာ့
ဘယ္လိုလုပ္ၿပီး ျဖစ္ႏိုင္ပါ့မလဲ။
"ဟိုေလ.. သူတို႔လည္းတစ္ေနရာရာမွာ
မိုးခိုေနၾကတာေနမွာပါ..ဒီညေတာ့
ျပန္ေရာက္လာေလာက္ၾကမွာပါ
အရမ္းႀကီးလည္း စိတ္မပူပါနဲ႔ရွင္
ကေလးေတြလည္း သူတို႔အႏၲရာယ္ကို
သူတို႔ သိေလာက္မွာပါ..."
"အန္တီစံပယ္..တကယ္လို႔
ဒီညသူတို႔ျပန္မလာၾကဘူးဆိုရင္ေရာ.."
"ဟဲ့..."
႐ုတ္တရက္ မေျပာသင့္ဆုံးစကားကို
ထေျပာလိုက္သည့္ ဒါဒါအား
ထက္ယံလည္း လွမ္းဟန႔္လိုက္မိသည္။
သို႔ေပမဲ့ ဒီေမးခြန္းကဒီအခ်ိန္မွာ အေမးသင့္ဆုံး
ျဖစ္ေနျပန္ေတာ့ ေဒၚစံပယ္ေမႊးလည္း
ကတိေပးရမည့္အေရး ခ်ိန္ဆေနရတာႏွင့္ပင္
မ်က္ႏွာ ပူေနမိသည္။
ကိုတင္ေမာင္ဆိုတာလည္း ကိုယ္ေတြနဲ႔
တစ္႐ြာတည္းသားေတြ..။
အေျဖမတတ္ပါက ျပႆနာျဖစ္ၿပီး
တစ္ေယာက္နဲ႔တစ္ေယာက္ အမုန္းပြားၾကရင္
လုံး၀အဆင္မေျပပါ။
ထို႔ေၾကာင့္ အျပတ္သားဆုံးအေျဖကို
ေပးမွ ရလိမ့္မယ္။
"တကယ္လို႔ သူတို႔ႏွစ္ေယာက္လုံး
ဒီညျပန္မလာႏိုင္ခဲ့ရင္ ကြၽန္မတို႔ဘက္က
လုပ္သင့္လုပ္ထိုက္တာအားလုံး လုပ္ေပးပါ့မယ္..
ကိုတင္ေမာင္စိတ္မပူပါနဲ႔..ကြၽန္မလည္း
သမီးေမြးထားတဲ့လူပါ..
ခ်စ္ပန္းေဝရဲ႕အရွက္နဲ႔သိကၡာကို
လုံး၀အပြန္းပဲ့ မခံေစရပါဘူး...
ကြၽန္မတို႔ ဒီတစ္ညေစာင့္ၾကည့္ၾကတာေပါ့..."
အမ်ိဳးမ်ိဳး ေဆြးေႏြးၾကၿပီးေနာက္မွာေတာ့
ဦးတင္ေမာင္လည္း အနည္းငယ္
စိတ္ေအးသြားရၿပီး သူ႔အိမ္သို႔
ျပန္သြားေလေတာ့သည္။
ခ်စ္ပန္းေဝေလးသည္ နဂိုကမွစိတ္ေဝဒနာသည္
မိခင္ႀကီးေၾကာင့္ေရာ၊ဦးေလးအိမ္မွာ
ကပ္ေနရသည္ဆိုေသာ အေၾကာင္းျပခ်က္ႏွင့္ပါ
႐ြာထဲက သားရွင္ေတြက သူ႔ကိုဆို
ဟင္ဟင္တက္ေနၾကေလသည္။
ထို႔ေၾကာင့္ ေကာင္ေလးတစ္ေယာက္ႏွင့္
တစ္ညတာ ေပ်ာက္သြားရသည့္အခါ
အထင္ေသးစရာ ပိုျဖစ္လာႏိုင္၍ ဦးတင္ေမာင္သည္
ေဒၚစံပယ္၏စကားေၾကာင့္
စိတ္သက္သာရာ ရသြားမိတာေတာ့
အမွန္ပါပဲ။
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
ညေနကတည္းက ႐ြာသြန္းေနေသာ
မိုးမုန္တိုင္းသည္ အရွိန္ေလ်ာ့နည္းသြားသည္
မရွိပဲ ပို၍အားျပင္းလာရာ
သစ္သားႏွင့္ ေဆာက္ထားေသာ
လကၹက္ရည္ဆိုင္ေလးေတာင္
ယိမ္းထိုးခ်င္ေနေလသည္။
နာရီကိုၾကည့္လိုက္ေတာ့ ဆယ္နာရီထိုးေနေလၿပီ။
မိုးသံေၾကာင့္ အိပ္မရ၍စိတ္ညစ္ရသည္ထက္
အခန္းေထာင့္နားမွာ ဒူးေလးေကြး၍
တရႈံ႕ရႈံ႕ ရႈိက္ငိုေနေသာခ်စ္ပန္းေဝေၾကာင့္
ပိုစိတ္ညစ္ေနရသည္။
အေျခအေနအရပ္ရပ္ေၾကာင့္ သူမ်ားေနရာမွာ
တည္းေနရတာကို မသိရင္ကိုယ္က
ႏွိပ္စက္ေနသလိုႏွင့္ ငိုေနလိုက္တာမ်ား
႐ုပ္ရွင္မင္းသမီးေတြထက္ေတာင္
အငိုသန္ေနေသးတယ္။
မိုးမိထား၍ ဆံပင္ေတြကအခုထိ
မေျခာက္ေသးပဲ ေခါင္းေတြကိုက္ရသည့္ၾကားထဲ
ထိုမိန္းကေလး၏ ငိုသံေၾကာင့္ပါ
ေခါင္းပိုကိုက္လာရသည္။
"ခ်စ္ပန္းေဝ..မင္းဘာလို႔အဲ့ေလာက္ေတာင္
ငိုေနရတာလဲ..ငါမင္းကိုႏွိပ္စက္ေနမိလို႔လား
အခုဒုကၡေရာက္ေနတာ မင္းတစ္ေယာက္တည္း
မဟုတ္ဘူးေနာ္.."
သူက ေလသံမာ၍ဆူလိုက္ေတာ့ နီရဲမို႔အစ္ေနေသာ
မ်က္လုံး၀ိုင္းဝိုင္းေလးေတြႏွင့္
ျပန္ၾကည့္လာသည္ကို ဖေယာင္းတိုင္မီး
အလင္းေရာင္ေၾကာင့္ သူေသခ်ာ
ျမင္ေနရေလသည္။
ေအာက္ႏႈတ္ခမ္းလုံးလုံးေလးကိုလည္း
ကိုက္ထားလိုက္တာမ်ား ျပတ္ထြက္ေတာ့မလား
မွတ္ရတယ္။
"ရွင္ကေယာက္်ားေလးဆိုေတာ့
မိန္းကေလးတစ္ေယာက္ရဲ႕ ခံစားခ်က္ကို
ဘယ္နားလည္ပါ့မလဲ..
ေလးေလးကလည္း ကြၽန္မကို
အရမ္းစိတ္ပူေနေလာက္ၿပီ...
ရွင့္သူငယ္ခ်င္းကေရာ မဆက္သြယ္ဘူးလား"
"အေစာပိုင္းက ဆက္ၾကည့္ေသးတယ္
လိုင္းမမိဘူး..အခုေတာ့ဖုန္းကအားကုန္ၿပီး
စက္ပိတ္သြားၿပီ....."
"အဲ့ဒါဆို ဘယ္လိုဆက္လုပ္ၾကမလဲ
ဒီမွာပဲ တစ္ညလုံးေနရေတာ့မွာေပါ့..အဟင့္.."
႐ြာျပန္ေရာက္တဲ့အခါ ေယာက္်ားတစ္ေယာက္နဲ႔ တစ္ညလုံးအတူေပ်ာက္သြားၿပီးမွ ျပန္လာတဲ့
မိန္းကေလးဆိုၿပီး ပတ္၀န္းက်င္က
ဘယ္လိုျမင္ၾကမလဲဆိုတာပါ
ေတြးရင္းငိုေနမိေပမဲ့
သူ႔ကိုေတာ့ ထုတ္မေျပာခ်င္ေပ။
"မိုးနဲနဲတိတ္တာနဲ႔ ႐ြာျပန္လို႔အဆင္ေျပရင္
ဆိုင္ရွင္ကိုေျပာၿပီး ငါတို႔ျပန္ၾကမွာပဲဥစၥာကို
ဘာေတြ ေတြးပူေနတာလဲကြာ..
ငါတို႔ႏွစ္ေယာက္ကို အထင္လြဲမွာလဲ
ပူမေနနဲ႔ ထက္ယံတို႔ကႀကိဳေရာက္ရင္
ေျပာျပထားလိမ့္မယ္...
"ရွင္မသိဘူးေနာ္..ကြၽန္မဦးေလးက
ေရွး႐ိုးဆန္တယ္..ရွင္နဲ႔ကြၽန္မကိစၥကို
ပတ္၀န္းက်င္က ဟိုဟိုဒီဒီေျပာလာရင္
ဦးေလးက ခံႏိုင္ရည္ရွိမွာမဟုတ္ဘူး..."
"အဲ့ဒါေတြက ျဖစ္လာေသးတာမွမဟုတ္တာ
ဘာလို႔ေတြးၿပီး စိုးရိမ္ေနရတာလဲ..
အခုငါတို႔ကလည္း မုန္တိုင္းမိလို႔ဒီမွာ
ေသာင္တင္ေနတာေလ...ေသခ်ာရွင္းျပရင္
ရမွာပါ.."
"တကယ္လို႔မရရင္ေရာ..ရွင္းျပလို႔မရရင္ေရာ"
ဒီတစ္ခါေတာ့ ရႈိင္းလည္းတိတ္က်သြားေလသည္။
သူ႔ဘ၀မွာ ေတြေဝခဲ့ဖူးတာမ်ိဳးမရွိပဲ။
လုပ္စရာရွိရင္လည္း တုန႔္ဆိုင္းမေနတတ္ခဲ့ေပ။
အၿမဲတမ္း လမ္းေၾကာင္းတစ္ခုတည္းကေနသာ
တစ္သတ္မွတ္တည္း ေလွ်ာက္ေလ့ရွိေပမဲ့
ယခုေတာ့ ေနာက္ထပ္အေတြး၀င္လာရေလသည္။
"ငါမင္းကို တာ၀န္မယူႏိုင္ဘူးခ်စ္ပန္းေဝ
ငါလက္ထပ္ဖို႔လည္း အဆင္သင့္မျဖစ္ေသးဘူး
ငါ့မွာ..ငါ့မွာေစ့စပ္ထားတဲ့မိန္းကေလးလည္း
ရွိႏွင့္ေနၿပီးသား..."
"ေစ့စပ္ထားတဲ့ မိန္းကေလး..."
ခ်စ္ပန္းေဝလည္း ဘာေၾကာင့္မွန္းမသိ
ႏႈတ္ဖ်ားမွာ "ေစ့စပ္ထားတဲ့မိန္းကေလး.."ဆိုေသာ
စကားလုံးကိုသာ အႀကိမ္ႀကိမ္ေရ႐ြတ္ေနမိသည္။
ထိုစကားကို ေျပာေနသည့္အခ်ိန္ ရႈိင္း၏
မ်က္ႏွာကို ၾကည့္လိုက္သည့္အခါ
ျပက္သားမႈႏွင့္ အ႐ိုင္းဆန္မႈကိုသာေတြ႕ရၿပီး
ခ်စ္ခ်စ္၏ စိတ္ခံစားခ်က္ကို
စာနာသနားမႈ လုံး၀ရွိမေနေပ။
"ကြၽန္မကလည္း ရွင့္ကိုတာ၀န္ယူဖို႔
မေျပာပါဘူး..ရွင္နဲ႔ကြၽန္မကဘာဆိုင္တာမွတ္လို႔.."
"ဒါျဖင့္ရင္ ခုဏကဘာလို႔အဲ့စကားကို
ေျပာတာလဲ.."
"ရွင္..ရွင္မိန္းကေလးေတြရဲ႕စိတ္ကို
တကယ္နားမလည္တဲ့လူပဲ..
လူ႔သေဘာသဘာ၀ကိုလည္းနားမလည္ဘူး.."
"ဘာလို႔နားမလည္ရမွာလဲ..မင္းကိုက
အေတြးလြန္ေနတာေလ..ပတ္၀န္းက်င္ဆိုတာ
အခ်ိန္တန္ရင္ ေမ့သြားၾကမွာပဲ
လိုက္ဂ႐ုစိုက္ေနရင္ ႐ူးေတာင္သြားအုံးမယ္.."
"ေအာ္..ရွင္ကတစ္ခ်ိန္မွာျပန္မဲ့လူဆိုေတာ့
ေျပာအားရွိတာေပါ့..ကြၽန္မကဒီေနရာမွာ
တစ္သက္လုံး က်န္ေနခဲ့ရမဲ့လူရွင့္..
စကားကိုၾကည့္ေျပာ..
ရွင့္ညီမျဖစ္မွရွင္သိလိမ့္မယ္"
"မင္းဘာစကားေျပာတာလဲ.."
သူ႔ညီမကိုထိေတာ့ ခ်က္ခ်င္းပဲထရပ္လာၿပီး
ခ်စ္ခ်စ္၏ေဘးနားကို ေရာက္လာေလသည္။
"ေဟ့..မင္းငါ့ညီမကိုဘာမွထည့္ေျပာစရာ
အေၾကာင္းမရွိဘူးေနာ္...
သူကမင္းလို ေယာက္်ားေလးေတြနဲ႔လည္း
လမ္းႀကဳံလိုက္တတ္တဲ့ မိန္းကေလးမဟုတ္ဘူး.."
"ရွင္စကားေျပာတာဆင္ျခင္ေနာ္
ကြၽန္မကို မေဆာ္ကားနဲ႔.."
ခ်စ္ပန္းေဝလည္း သည္းမခံႏိုင္ေတာ့ပဲ
ထရပ္ကာ ရႈိင္း၏ရင္ဘတ္ကို
ပိတ္တြန္းပစ္လိုက္ေတာ့သည္။
ရႈိင္းသည္လည္း ကိုယ္ထိလက္ေရာက္
လုပ္လာသည့္ ခ်စ္ပန္းေဝကို
ေဒါသပိုထြက္လာကာ မ်က္ေထာက္နီႀကီးႏွင့္
ၾကည့္ပစ္လိုက္သည္။
"ဒီမွာခ်စ္ပန္းေဝ...မင့္ကိုေဈးကေန
ငါျပန္ေခၚလာမေပးခဲ့ဘူးဆိုရင္ အခုခ်ိန္မွာ
ဘယ္ေကာင္ဆြဲလို႔ ဆြဲမွန္းမသိပဲ
မင္းဒုကၡေရာက္ေနမွာ..
........
ငါ့ေစတနာကို
မင္းမေစာ္ကားနဲ႔...မင္းဘာသာမင္း
အေတြးလြန္ၿပီး
စိတ္ရႈပ္ေနတာနဲ႔ ငါ့ကိုလာမရမ္းနဲ႔..
..........
ငါဆိုတဲ့ေကာင္က ငါ့ကိုလာထိရင္
သည္းခံေနမဲ့ေကာင္စား မဟုတ္ဘူး...
..........
မင္းမွာ ဦးေႏွာက္ပါရင္ ေယာက္်ားေလးေတြနဲ႔
အတူသြားမဲ့ခရီးကို လိုက္သင့္လား
မလိုက္သင့္ဘူးလားဆိုတာ
အစတည္းကေတြးခဲ့ရမွာ ..အခုမွလာငိုျပမေနနဲ႔
ငါမသနားတတ္ဘူး....တာ၀န္ယူေပးဖို႔ေတာ့
လာမေျပာနဲ႔..စိတ္ကူးထဲမွာေတာင္မရွိဘူး.."
ခ်စ္ခ်စ္ကို ၿခိမ္းေျခာက္အၿပီးမွာေတာ့
အခန္းထဲမွ စိတ္ဆိုး၊မာန္ဆိုးႏွင့္
သူထြက္သြားေလသည္။
ခ်စ္ခ်စ္မွာေတာ့ နံရံကိုသာျပန္မွီထိုင္ခ်လိုက္ၿပီး
အသံထြက္သည္အထိ ရႈိက္၍
ငိုေနမိေတာ့သည္။
သူကခ်စ္ခ်စ္ကို အထင္ေသးပါသတဲ့။
ေယာက္်ားေတြနဲ႔အတူ ခရီးထြက္ဖို႔ဆုံးျဖတ္ရဲတယ္
ဆိုၿပီး ႐ြံရွာသလိုေတာင္ ၾကည့္သြားခဲ့ေသးတယ္။
ခ်စ္ခ်စ္ကေရာ ဘယ္သူ႔ကိုအျပစ္တင္ရမွာလဲ
အေဒၚႀကီးကိုလား။
ဒီလိုျဖစ္ဖို႔ ဖန္တီးလိုက္တဲ့ကံၾကမၼာကိုလား။
သူ႔ညီမေလးကိုထိေတာ့ နာသတဲ့။
တမင္ဖန္တီးလို႔ ျဖစ္လာတာမဟုတ္တဲ့
အေျခအေနမွာ ငါ့ညီမေလးသာဆိုတဲ့
စိတ္မ်ိဳးထားၿပီး ဘာေၾကာင့္
ကိုယ္ခ်င္းမစာေပးႏိုင္ရတာလဲ။
🌺🌺🌺🌺🌺🌺🌺
ခ်စ္ပန္းေဝႏွင့္ စကားမ်ားၿပီးေနာက္
ရႈိင္းလည္း အခန္းေရွ႕မွာထြက္ထိုင္ေနမိသည္မွာ
ဘယ္အခ်ိန္ေရာက္လို႔ ေရာက္မွန္းေတာင္
မသိေတာ့ေပ။
သတိျပန္၀င္လာသည့္ အခ်ိန္မွာေတာ့
ဆိုင္ထဲသို႔ ေရေတြ၀င္လာသည္။
တစ္ဆက္တည္းမွာပဲ ၿခံတံခါးကိုဖြင့္ၿပီး
အေမွာင္ထဲမွ ဓာတ္မီးတစ္လက္ကိုကိုင္ကာ
လူတစ္ေယာက္ ၀င္လာသည္ကို
သတိထားလိုက္မိေလသည္။
"အစ္ကိုက ဒီဆိုင္ရွင္ရဲ႕တူဆိုတာလား.."
"ေအးကြ..ဒီနားကအသုဘအိမ္မွာ
ေစာင့္ေပးေနရင္းနဲ႔ သူတို႔အိမ္ကမိုးယိုလို႔
မေနႏိုင္တာနဲ႔ ျပန္လာတာ..
မင္းတို႔အေၾကာင္းကိုေတာ့ ငါ့ဦးေလးငါ့ကို
လာေျပာသြားပါတယ္...
ဒါနဲ႔ မင္းကမအိပ္ေသးဘူးလား..
တစ္နာရီေတာင္ ထိုးေနၿပီေနာ္.."
"ဟုတ္ကဲ့..ကြၽန္ေတာ္လည္း အိပ္ေတာ့မွာပါ.."
"ေအး..ေအး.."
ရႈိင္းလည္း စိတ္ထဲမွာအနည္းငယ္
အဆင္ေျပလာသလို ခံစားရ၍အခန္းထဲသို႔
ျပန္၀င္လာလိုက္ေတာ့ ၀င္ေပါက္ေဘးနားမွ
နံရံေလးေဘးနားတြင္ ေခြေခြေလး
အိပ္ေမာက်ေနေသာ ေကာင္မေလးကို
ေတြ႕လိုက္ရေလသည္။
"ဒီေကာင္မေလးကေတာ့ ဖ်ာေပၚမွာ
သြားမအိပ္ပဲ ေတြ႕တဲ့ေနရာမွာ အိပ္ေနေတာ့တာပဲ.."
ရႈိင္းလည္း ဆိုင္ရွင္ဦးေလးႀကီးေပးထားသည့္
ေခါင္းဦးႏွစ္လုံးထဲမွ ပိုႏူးညံ့သည့္တစ္ခုကို
ယူၿပီး ေစာင္ကိုပါယူလိုက္သည္။
ၿပီးေနာက္ခ်မ္း၍ေခြၿပီးအိပ္ေနေသာ
ခ်စ္ပန္းေဝ၏ ေဘးနားသို႔ျပန္သြား
ေစာင္ကို အရင္လႊားၿခဳံေပးလိုက္သည္။
ေခါင္းဦးကို ခုေပးဖို႔ၾကေတာ့
သူမ၏ေခါင္းကိုပါ မယူရမည္ျဖစ္၍
ညာလက္ႏွင့္ ေခါင္းေလးကိုအသာမၿပီး
ဘယ္လက္ႏွင့္ ေခါင္းအုံးေလးကို
အျငင္သာဆုံး တြန္းထည့္ေပးလိုက္မိေပမဲ့
သူမ၏ မ်က္လုံးေတြပြင့္လာမည္ဟုေတာ့
မထင္မွတ္ထားခဲ့မိေပ။
"ရွင္ဘာလုပ္တာလဲ..."
မ်က္လုံးႏွစ္လုံးပြင့္ၿပီး ပါးစပ္ေလးဟတာႏွင့္
ရန္ေတြ႕မည့္ဟန္ ျပင္ေတာ့တာပဲ။
ရႈိင္းလည္း သူကိုင္ထားမိေသာ
သူမ၏ဦးေခါင္းကိုေရာ ေခါင္းဦးကိုပါ
လြတ္ေပးလိုက္ၿပီး ခပ္တည္တည္ပဲ
ျပန္ေျဖလိုက္သည္။
"မင္းကလူလိုမွအိပ္မေနတာ အဲ့ေတာ့ငါက
မၾကည့္ရက္လို႔ ကူညီေပးေနတာ.."
"ရွင္ေနာ္..ကြၽန္မကလူလိုမအိပ္လို႔
ဘယ္လိုအိပ္ေနလို႔လဲ.."
"ေျပာျပရမွာလား..ေျပာျပရင္လည္း
မင္းကစိတ္ေကာက္အုံးမယ္.."
"လူကိုလာလာမစြနဲ႔ေနာ္..."
For Me, [8/15/2025 7:16 PM]
သူမေဒါသထြက္သြားတာကို ျမင္ေတာ့
ပါးေစာင္ကို လွ်ာႏွင့္ထိုးၿပီးရယ္ခ်င္စိတ္ကို
ထိန္းလိုက္ရသည္။
မဟုတ္ရင္ ေခြးေပါက္ေလးက ထကိုက္ေတာ့မွာ။
"အိပ္မယ္ဆိုလည္း ဒီမွာေတာ့မအိပ္နဲ႔
ဖ်ာေပၚမွာသြားအိပ္.."
"မအိပ္ခ်င္ပါဘူး..ရွင့္ဘာသာသြားအိပ္..
ကြၽန္မကေတာ့ ဒီေနရာမွာပဲေနမွာ.."
"ေကာင္းၿပီေလ..ဒါဆိုလည္းမင္းသေဘာပဲ.."
ရႈိင္းလည္း ထပ္ၿပီးရန္ပြဲမဆင္ႏႊဲခ်င္ေတာ့၍
ကိုယ့္ဘာသာ ေခါင္းရင္းဘက္က
ဖ်ာေပၚသို႔သြားကာ နံရံကိုမွီ၍
ထိုင္ေနလိုက္သည္။
ေကာင္မေလးကို တစ္ခ်က္တစ္ခ်က္
ခိုးၾကည့္လိုက္မိေတာ့ အိပ္ခ်င္ေနတာကို
ဟန္ေဆာင္ၿပီးထိုင္၍ငိုက္ေနမ်ား
တစ္ကယ္ကို ပုံပ်က္ပန္းပ်က္ပါပဲ။
*ကိုယ္က ေခါင္းမာတယ္မွတ္ေနတာ
ကိုယ့္ထက္ေခါင္းမာတဲ့ လူနဲ႔လာတိုးေနတယ္..*
🌺🌺🌺🌺🌺🌺🌺🌺🌺
ေနာက္တစ္ေန႔မနက္မွာေတာ့ မေန႔ညကလို
မိုးသည္းထန္စြာ မ႐ြာေတာ့ေပမဲ့ မိုးတိမ္
ကင္းစင္မႈမရွိေသးပဲ မိုးဖြဲေလးကေတာ့
ဆက္လက္ က်ဆင္းေနေလသည္။
သစ္ပင္တို႔သည္လည္း စိမ္းစိုေနကာ
ပတ္၀တ္းက်င္တစ္ခုလုံး ေအးျမသစ္လြင္ေနေပမဲ့
ဦးတင္ေမာင္တို႔ တစ္မိသားစုလုံးကေတာ့
ရတက္မေအးႏိုင္ေပ။
ဦးတင္ေမာင္ႏွင့္ ယုယလႈိင္ကေတာ့
ခ်စ္ပန္းေဝေလးကို စိတ္ပူ၍
ေသာကေရာက္ေနျခင္းျဖစ္ေပမဲ့
ေဒၚေဌး၀င္းကေတာ့ ခ်စ္ပန္းေဝႏွင့္အတူ
ေပ်ာက္သြားသူမွာ ဤ႐ြာ၏အခ်မ္းသာဆုံး
သူေဌးမႀကီး ေဒၚစံပယ္၏သားျဖစ္ေန၍
မနာလိုမႈမ်ားႏွင့္ ၀န္တိုေနျခင္းျဖစ္ေလသည္။
ဒီမနက္မွ ေသခ်ာသိလိုက္ရတာဟာ
ေဒၚစံပယ္၏သားသည္ နာမည္ႀကီး
႐ုပ္ရွင္မင္းသားတစ္ေယာက္
ျဖစ္တယ္ဆိုတာပါပဲ။
ခ်စ္ပန္းေဝ၏ ကံဇာတာကိုအံ့ဩေနမိတာေတာ့
အမွန္ပါပဲ။
အျခား႐ြာက အေပအေတေကာင္ေတြနဲ႔ဆိုရင္
လက္ခုပ္လက္ဝါး ထတီးမည္ဟု
ေတြးထားမိတာမွာ အခုေတာ့
ဘယ္နတ္က ထၿပီးမလိုက္သလဲမသိဘူး။
အရမ္းခ်မ္းသာတဲ့ ႏိုင္ငံေက်ာ္
႐ုပ္ရွင္မင္းသားနဲ႔တဲ့ေလ။
"ခ်စ္ပန္းေဝေရ...ငါဗိုက္ဆာလာတယ္ေဟ့
ဘာဟင္းခ်က္လဲ..."
ဘာမွမသိေသးေသာ လႈိင္ျမင့္ဦးကေတာ့
ဘယ္အသုဘအိမ္မွ ျပန္လာသလဲမသိ။
ၿခံထဲသို႔ ၀င္လာသည္ႏွင့္ သူ႔ညီမကို
ေအာ္ေခၚေနေတာ့ေလသည္။
"ေဟ့..ခ်စ္ပန္းေဝ.."
"ေသနာေကာင္...နင့္အေမႀကီးေတာ္ကိုတမေနနဲ႔
ခ်စ္ပန္းေဝမရွိဘူး..လင္ေနာက္လိုက္သြားၿပီ.."
"ဗ်ာ..."
"မေဌး..မင္းဘာေတြေလွ်ာက္ေျပာေနတာလဲ.."
ပါးစပ္စည္းမရွိစြာ ေလွ်ာက္ေျပာေနေသာ
မေဌးကို ဦးတင္ေမာင္၀င္ဟန႔္လိုက္ေပမဲ့
ေဒၚေဌး၀င္းကေတာ့ မဲ့ကာ႐ြဲ႕ကာႏွင့္
အေတာမသတ္ႏိုင္ေပ။
"ညတုန္းကေတာ့ သူတို႔ျပန္လာႏိုးနဲ႔
မဟုတ္ဘူးထင္လို႔ ကြၽန္မတိတ္ေနတာ
အခုေတာ့ မတိတ္ႏိုင္ေတာ့ဘူး..
ဒီမွာလႈိင္ျမင့္ဦး..နင့္ညီမ..အမိုက္မေလ
မစံပယ္ရဲ႕သားနဲ႔ ခိုးရာလိုက္သြားၿပီ..."
"အေမ့..ေပါက္ကရေတြေလွ်ာက္ေျပာမေနနဲ႔
ကြၽန္ေတာ့္ညီမေလးက ရည္းစားေတာင္
ရွိေသးတာမဟုတ္ဘူး..ေဒၚစံပယ္ရဲ႕သားက
ဘယ္တုန္းက ႐ြာကိုေရာက္လာတာလဲ.."
"လြန္ခဲ့တဲ့သုံးရက္ေလာက္ကမွေရာက္လာတာ
အခုေတာ့ နင့္ညီမကိုခိုးသြားၿပီေလ..
မေန႔ညတည္းက ျပန္မလာၾကတာ...
နင္ကအေလလိုက္ေနေတာ့ ဘယ္သိမွာလဲ..."
"မျဖစ္ႏိုင္ဘူး..ခ်စ္ခ်စ္ကဒီေလာက္႐ိုးအတာ
မေန႔တစ္ေန႔ကမွ ႐ြာကိုလာတဲ့ေကာင္နဲ႔
လိုက္ေျပးစရာလား..ကြၽန္ေတာ္မယုံဘူးအေမ.."
"မယုံရင္ ေဒၚစံပယ္တို႔အိမ္ကိုသြားေမးဟယ္.."
"ဟာ!!!..."
"အမယ္ေလး!!!..လႈိင္ျမင့္ဦး
ဘယ္လိုလုပ္လိုက္တာလဲ!!!
ငါ့ဓာတ္ဗူးေတာ့ ကုန္ပါၿပီ..."
လႈိင္းျမင့္ဦးတစ္ေယာက္ အရက္ရွိန္ကလည္း
မျပယ္ေသးရာ ေဒါသတႀကီးႏွင့္
ေဒၚေဌး၀င္း၏ ဓာတ္ဗူးကို
ပိတ္ကန္ထည့္လိုက္ေတာ့သည္။
"ေတြ႕မယ္..လႈိင္ျမင့္ဦးရဲ႕ညီမကိုမွ
လာထိရဲရတယ္လို႔...
လႈိင္ျမင့္ဦးတဲ့...တစ္ဦးပဲရွိတယ္..
ငါ့ညီမကိုထုတ္မေပးလို႔ကေတာ့
အကုန္လုံးကို ေျမလွန္ပစ္မယ္..."
"ဟဲ့..လႈိင္ျမင့္ဦး...ကိုတင္ေမာင္ေရလုပ္ဦး
ရွင့္သား ျပႆနာသြားရွာၿပီနဲ႔တူတယ္.."
"အဲ့ဒါမင္းေၾကာင့္ေလ..မင္းေမႊတဲ့မီး
ေတာက္!!!"
ဦးတင္ေမာင္လည္း သူ႔မိန္းမကိုစိတ္တိုလြန္း၍
ေတာက္ေခါက္ခဲ့ကာ လႈိင္ျမင့္ဦးေနာက္သို႔
ေျပးလိုက္ရေလေတာ့သည္။
"အေမ့..သမီးလည္းလိုက္သြားအုံးမယ္.."
"ေအး..ေအး..ျပႆနာေတြေတာ့
မျဖစ္ေစနဲ႔ေနာ္.."
ေနာက္ဆုံးေတာ့ ေဒၚေဌး၀င္းလည္း
ကိုယ္ေမႊးတဲ့မီးကိုယ္မႏိုင္ပဲ လႈိင္ျမင့္ဦး
သူမ်ားအိမ္မွာ သြားေသာင္းက်န္းမွာကိုေတြးၿပီး
ရင္ပူေနရေတာ့သည္။
ထိုအခ်ိန္မွာပဲ တိုက္တိုက္ဆိုင္ဆိုင္ အိမ္ေရွ႕မွာ
ဆိုင္ကယ္ႏွစ္စီး ထိုးရပ္လာၿပီး
ခ်စ္ပန္းေဝဆင္းလာသည္ကို ေတြ႕လိုက္ရာ
ေဒၚေဌး၀င္းတစ္ေယာက္ အိမ္ထဲမွ
ေျပးထြက္လိုက္ေလေတာ့သည္။
"ေဒၚႀကီး..ဘာလို႔အေမာတေကာ
ေျပးထြက္လာရတာလဲ..."
"ခ်စ္ပန္းေဝ...နင့္အစ္ကိုကိုလိုက္တာစမ္း.."
"ဟမ္..အစ္ကိုႀကီးကဘာျဖစ္လို႔လဲ.."
"ဘာျဖစ္ရမွာလဲ..နင့္ေၾကာင့္ပဲေပါ့
..နင္နဲ႔မစံပယ္ရဲ႕သားကိစၥေၾကာင့္
မစံပယ္တို႔အိမ္မွာ သြားေသာင္းက်န္းေနၿပီ...
နင္အျမန္လိုက္သြားစမ္းပါ.."
ေဒၚႀကီး၏စကားေၾကာင့္ ခ်စ္ပန္းေဝလည္း
ဆိုင္ကယ္ေပၚတြင္ရွိေနေသာရႈိင္းကို
ျပန္ၾကည့္လိုက္မိေလသည္။
"ဆိုင္ကယ္ေပၚကိုတက္..."
ရႈိင္း၏ခြင့္ျပဳခ်က္ရသည္ႏွင့္ ခ်စ္ပန္းေဝလည္း
ဆိုင္ကယ္ေပၚသို႔ တက္လိုက္မိေတာ့သည္။
အန္တီစံပယ္တို႔ အိမ္ေရွ႕သို႔ေရာက္တဲ့အခါမွာေတာ့
ပြဲကေတာ္ေတာ္ ၾကမ္းေနေလၿပီ။
ကိုႀကီးလႈိင္ျမင့္ဦးဟာ အန္တီစံပယ့္ကို
ရန္ရွာေနၿပီး ရႈိင္း၏မန္ေနဂ်ာထက္ယံႏွင့္ပါ
စကားမ်ားေနေလသည္။
အျခားလူေတြကပါ စပ္စုလိုေဇာႏွင့္
For Me, [8/15/2025 7:17 PM]
ဝိုင္းအုံၾကည့္ေနၾက၍ ခ်စ္ပန္းေဝႏွင့္
ရႈိင္းလည္း ၿခံထဲသို႔ေျပး၀င္ၾကရေတာ့သည္။
"ရႈိင္းကခင္ဗ်ားညီမကို ခိုးေျပးတာမဟုတ္ပါဘူးလို႔
ဘယ္ႏွစ္ခါေျပာရမလဲ...
ခင္ဗ်ားမွာ...နားမပါဘူးလား..."
"သူေတာင္းစား..မင္းဘာစကားေျပာတာလဲ
တစ္ညလုံး အတူေပ်ာက္သြားတာကို
တာ၀န္မယူခ်င္တာနဲ႔ ေခြးစကားလာမေျပာနဲ႔ကြ.."
"ကိုႀကီး..ေတာ္ပါေတာ့..."
ထက္ယံႏွင့္ လက္သီးတျပင္ျပင္လုပ္ကာ
အေျခအတင္ျဖစ္ေနေသာ လႈိင္ျမင့္ဦးသည္
ခ်စ္ပန္းေဝ၏ ေခၚသံကိုၾကားလိုက္ေတာ့မွ
အေနာက္သို႔ လွည့္ၾကည့္လာေလသည္။
တစ္ဆက္တည္းမွာပဲ ခ်စ္ပန္းေဝ၏ေဘး၌
ရပ္ေနေသာ ဒီ႐ြာမွာသူတစ္ခါမွမျမင္ဖူးသည့္
အရပ္ရွည္ရွည္ႏွင့္ ေကာင္ေလးကို
စူးရဲစြာ ၾကည့္ပစ္လိုက္သည္။
"ရႈိင္းဆိုတာမင္းလား..."
"ဟုတ္တယ္..."
လက္ေၾကာေတြ၊ေမးေၾကာေတြ တင္းေနေသာ
လႈိင္ျမင့္ဦး၏ ေလသံကေဒါသသံစြတ္ေနသလို
ရႈိင္း၏ေလသံကလည္း မာထန္ေနေလရာ
ျပႆနာစေတာ့မည္ဟု ခ်စ္ပန္းေဝ
ေတြးလိုက္မိစဥ္မွာပဲ...
"သူေတာင္စား..မင္းကမ်ားငါ့ညီမကို..."
"အမယ္ေလး..ငါ့သားေသပါၿပီ..."
ေဒၚစံပယ္ေမႊး၏ စူးစူးရဲရဲေအာ္လိုက္သံႏွင့္အတူ
ရႈိင္း၏ ညာဖက္ပါး႐ိုးသည္လည္း
ညိဳမဲ စြဲသြားေလေတာ့သည္။
...အခန္း(၁၃)ဆက္ရန္***
🌺🌺🌺🌺🌺
(အစ္ကိုႀကီးက ၾကမ္းတယ္ေနာ္...
သူ႔ညီမကိုေတာ့ အေသခ်စ္တာ)
ညီမထိ darၾကည့္🤭
Comments
Post a Comment